*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****သစ်ပင်အရိပ် ဆွေမျိုးရိပ်နှင့် မိရိပ်ဘရိပ် ဆရာရိပ်ထက် မင်းရိပ်သည်သာ ဆင့်ဆင့်သာ၏။ ထိုမှတစ်ဖြာ မြတ်စွာဟောကြား တရားဆာယာ အရိပ်မှာကား လွန်စွာအေးမြ ချမ်းသာရ၍ မှီကြခိုသူ များဗိုလ်လူတို့ အပူခပ်သိမ်း ပ,ပျောက်ငြိမ်း၏ ။*****

Tuesday, October 26, 2010

မြင့်မြတ်လှပ လူ့ဘဝ

                                   လူ့ဘ၀ဟူသည်ကား အလွန်တိုတောင်းလှပါသော်လည်း မြင့်မြတ်သော အသိတရားကို ပိုင်ဆိုင်သောကြောင့် အထက်တန်းကျ အမှန်ပင်မြင့်မြတ်လှပါသည်။ ဒါကြောင့် "ကိုယ့်အထက်နုင့်နှိုင်းယှဉ်တဲ့မာန၊ ကိုယ်တန်းတူလူနဲ့နိုင်းယှဉ်တဲ့မာန၊ ကိုယ်အောက်လူနဲ့ နိုင်းယှဉ်တဲ့ မာနဟုဆိုအပ်သော မာနတရားသုးံမျိုးလုးံ ကင်းရှင်းအောင်နေတတ်ထိုင်တတ်ရပါမယ်"။ သို့ရာတွင် လူသားတို့သည် မိမိတို့၏သန္တာန်၌ ကိုယ်စီကိုယ်စီရှိကြသော မြင့်မြတ်သော အသိတရားကို စနစ်တကျထုတ်ဖော်၍ လက်တွေ့နယ်ပယ်တွင် အသုးံချတတ်ဖို့က အလွန်အရေးကြီးပါတယ်။ ထိုသို့အသုးံချတတ်ပါမှ လူသားတို့သည်  အကျင့် စာရိတ္တကောင်းမွန်ခြင်း၊အကုသိုလ်ဒုစရိုက်တရားများကို ကျူးလွန်ခြင်းမှ ရှက်ကြောက်တတ်ခြင်း၊ လူသားအချင်းချင်း မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာ ဟုဆိုအပ်သော ဗြဟ္မစိုရ်တရားများထားရှိနိုင်ခြင်းစသော မြင့်မြတ်သော ကျင့်ဝတ်သိက္ခာများကို ထိန်းသိမ်းစောင့်ရှောက်နိုင်ကြမည်ဖြစ်ပါသည်။ ထိုအခါတွင် လူ့ဘောင်လောကကြီးသည်ကား ငြိမ်းချမ်း ပျော်ရွှင် ချမ်းမြေ့ဖွယ်ကောင်းသော ဓမ္မလရိပ်အောက်မှ နေရာဌာနကြီးတစ်ခုဖြစ်လာပြီး လူ့လောက လူ့ဘ၀သို့ လူသားအဖြစ် ခေတ္တ ခဏ ရောက်ရှိလာရခြင်းသည် အမှန်ပင်အဓိပ္ပါယ်ရှိ၍ မြင့်မြတ်လှပသော လူသားအဖြစ် လေးနက်ပီပြင်မည်ဖြစ်ပါတော့သည်။
အရှင်စန္ဒိမာ(ဓမ္မလရိပ်)

မြတ်ဗုဒ္ဓ၏ ၀ါဆိုဝါကပ်ရာ နေရာဒေသများ


                  
              သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာသိတော်မူ၍ မာရ်ငါးပါးကိုအောင်တော်မူသော မြတ်စွာ ဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ ခုကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့မှာ ၊ဗုဒ္ဓဂယာ မဟာဗောဓိပင်ရင်း၌ ဘုရားအဖြစ်သို့ ရောက်တော်မူပါသည်။ ဘုရားအဖြစ်သို့ရောက်တော်မူခဲ့တဲ့နေ့မှစ၍ မဟာပရိဗ္ဗာန်ပြုသည်ထိ ၄၅ ၀ါကာလ ပါတ်လုးံ လူနတ်ဗြဟ္မာသတ္တ၀ါ အားလုးံအတွက် တရားဒေသနာတော်ကိုဟောကြားတော်မူခဲ့၍ ၀ါတွင်းကာလတွေမှာ သီတင်းသုးံဝါဆိုဝါကပ်တော်မူခဲ့ပါတယ်။ ဒုတိယ၊တတိယ၊စတုတ္ထ၀ါတော်ကို  ရာဇဂြိုဟ် ပြည်၊ဝေဠုဝန်ကျောင်း၊ (၅) ဝါမြောက်ကို ဝေသာလီပြည်၊မဟာဝုန်တောအုပ်၊ကုဋာဂါရသာလာကျောင်းတော်။ (၆) ဝါမြောက်ကို မကုဠတောင်။ (၇) ဝါမြောက်ကို တာဝတိံသာပြည်။ (ဂ) ဝါမြောက်ကိုဘဂ္ဂတိုင်း (၉) ဝါမြောက်ကို ကောသမ္ဗီပြည်၊ ဃောသိတာရုံကျောင်းတော်။(၁၀) ဝါမြောက်ကို ပါလိလေယျကတောအုပ်။ (၁၁) ဝါမြောက်ကို နာဠာပုဏ္ဏားရွာ။ (၁၂) ဝါ မြောက်ကို ဝေရဉ္ဇာပြည်။ (၁၃) ဝါမြောက်ကို စာလိယတောင်။ (၁၄) ဝါမြောက်ကို သာဝတ္တ္တိပြည်၊ ဇေတဝန်ကျောင်း။ (၁၅)ဝါမြောက်ကိုကပ္ပိလဝတ်ပြည်၊ နိဂြောဓာရုံကျောင်း။ (၁၆) ဝါမြောက်ကို အာဠဝီပြည်။ (၁၇) ဝါမြောက်ကို ရာဇဂြိုဟ်ပြည်။ (၁၈-၁၉) ဝါမြောက်ကိုစာလိယတောင်။ (၂၀) ဝါမြောက်ကို ရာဇဂြိုဟ်ပြည်။ (၂၁)ဝါမှ (၄၄)၀ါအထိဇေတဝန်ကျောင်းနှင့် ပုဗ္ဗာရုံကျောင်း၊ သာဝတ္တိပြည်။ (၄၅) ဝါမြောက်ကို ဝေသာလီပြည်၊ ဝေဠုဝရွာမှာ အသီးသီး ဝါဆိုသီတင်းသုံးတော်မူကာ သက်တော် ၈၀ ၀ါတော် ၄၅ ၀ါအရ သက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့် အင်္ဂါနေ့မှာ ကုသိနာရုံပြည် မလ္လာမင်းတို့၏ အင်ကြင်းဥယာဉ်၌ ပရိနိဗ္ဗာန်စံတော်မြန်းတော်မူပါသည်။ 
အ၇ှင် စန္ဒိမာ (ဓမ္မလရိပ်)

ဗုဒ္ဓဘာသာဝင်များ အတွက် မြတ်ဗုဒ္ဓ၀င်အကျဉ်း


(၁) လူအမည်=သိဒ္ဓတ္ထ
(၂) ဘုရားဘွဲ့= ဂေါတမ
(၃) မိဘ အမည်= သုဒ္ဓေါဒန မင်းနုင့် မာယာဒေ၀ီမိဖုရား
(၄) ကြင်ယာတော်= ယသော်ဓရာ(ဘဒ္ဒကဉ္ဖနာ)
(၅) ရင်သွေးတော်=ရာဟုလာ
(၆) ယောက်ဖတော်=ဒေ၀ဒတ်
(၇) မိထွေးတော်=ဂေါတမီ
(၈) နေပြည်တော်=ကပိလ၀တ်ပြည်(သက္ကတိုင်း၊မဇ္ဈိမဒေသ)
(၉) ဖွါးရာဒေသ= လုမ္ဗိနီဥယာဉ် (ကပိလ၀တ်နုင့် ဒေ၀ဒဟအကြား)
(၁၀) နန်းစံနုစ်= ၁၃ နုစ်ကြာ (၁၆ နုစ်မှ ၂၉ နုစ်ထိ)
(၁၁) နိမိတ်ကြီးလေးပါး = သူအို ၊သူနာ၊ သူသေ၊ ရဟန်း
(၁၂) ဗျာဒိတ်ခံယူသောဘ၀= သုမေဓာရသေ့ဘဝ
(၁၃) ဗျာဒိတ်ခံယူသောနေ့= ကဆုန်လပြည့်နေ့
(၁၄) ဗျာဒိတ်ပေးသောဘုရား= ဒီပင်္ကရာမြတ်စွာဘုရား 
(၁၅) ပါရမီဖြည့်ဘက်=သုမိတ္တာအမျိုးသမီး(ယသော်ဓရာအလောင်း)
(၁၆) ပါရမီဖြည့်ရာကာလ= လေးသင်္ချေနုင့်ကမ္ဘာတစ်သိန်း (သုမေဓာဘ၀မှ ဝေသန္တရာဘ၀ထိ)
(၁ရ) ပါရမီဖြည့်ခြင်းရည်ရွယ်ချက်=သတ္တ၀ါအများအကျိုးဆောင်ရွက်ရန်
(၁၈) ဒုက္ကစရိယာကျင့်သောရသောနုစ်= ၆ နုစ်
(၁၉) ဒုက္ကစရိယာကျငသ့်သည့်နေရာ=ဥရုဝေဠတော
(၂၀) ဘုရားဖြစ်ချိန်သက်တော်=၃၅ နုစ်
(၂၁) ဘုရားပွင့်ရာသက်တမ်း= ၁၀၀ တန်း
(၂၂) အလုပ်အကျွေး= ပဉ္စ၀ဂ္ဂီငါးဦး(ဒုက္ကစရိယာကျင့်ခိုက်)
(၂၃) တရားဦးဟောသည့်နေရာ=ဗာရာဏသီ အနီးမိဂဒါဝုန်တော
(၂၄) ပထမဆုးံသောသာဝက=ပဉ္စ၀ဂ္ဂီငါးဦး
(၂၅) နောက်ဆုးံကျွတ်သောသာဝက= သုဘဒ္ဒပရိဗိုဇ်
(၂၆) လင်္ကျာရံအဂ္ဂသာဝက= အရှင်သာရိပုတ္တရာ
(၂၇) လက်ဝံရံအဂ္ဂသာဝက= အ၇ှင်မောဂ္ဂလာန်
(၂၈) အဆုးံအမသာသနာ= ပရိယတ္တိ၊ပဋိပတ္တိ၊ပဋိဝေဓ
(၂၉) ကျင့်စဉ်သိက္ခာ=သီလ၊သမာဓိ၊ပညာ
(၃၀) ချမှတ်သောလမ်းစဉ်= မဇ္ဈိမ ပဋိပဒါ(မဂ္ဂင်လမ်းစဉ်)
(၃၁) သန္ဓေယူသောနေ့=မဟာသက္ကရာဇ်- ၆၇ (၀ါဆိုလပြည့် ၊ကြာသပတေးနေ့)
(၃၂) ဖွါးမြင်သောနေ့= မဟာသက္ကရာဇ်-၆၈ (ကဆုန်လပြည့်၊ သောကြာနေ့)
(၃၃) တောထွက်သောနေ့=မဟာသက္ကရာဇ်  ၉၇ (၀ါဆိုလပြည့်၊ တနင်္လာနေ့)
(၃၄) ဘုရားဖြစ်သောနေ့= မဟာသက္ကရာဇ် ၁၀၃(ကဆုန်လပြည့် ၊ဗုဒ္ဓဟူးနေ့)
(၃၅) ဓမ္မစကြာဟောသောနေ့= မဟာသက္ကရာဇ် ၁၀၃(၀ါဆိုလပြည့်၊စနေနေ့)
(၃၆) ပရိနိဗ္ဗာန်စံသောနေ့= မဟာသက္ကရာဇ် ၁၄၈( ကဆုန်လပြည့်၊အင်္ဂါနေ့)
(၃ရ) တေဇောဓါတ်လောင်သောနေ့= မဟာသက္ကရာဇ် ၁၄၈(ကဆုန်လဆုတ် ၁၂ ၊တနင်္လာနေ့)
 တို့ကို မြတ်ဗုဒ္ဓနုင့်ပါတ်သက်၍ ဗုဒ္ဓဘာသာဝင်သူတော်စင် ဓမ္မမိတ်ဆွေများ အမူမဲ့  အမှတ်မဲ့ မထားဘဲ သေချာစွာသိထားသင့်သော အကြောင်းအရာများဖြစ်ပါကြောင်း ဓမ္မလရိပ် မှ နိုးဆော်အပ်ပါသည်။
အရှင်စန္ဒိမာ (ဓမ္မလရိပ်)



Monday, October 25, 2010

သစ္စာလေးပါးသိတော်မူရာ ဗုဒ္ဓဂယာ

                    ဗုဒ္ဓဂယာ မြေမြတ်မဟာသည်ကား ဘုရားအဆူဆူတို့ပွင့်တော်မူရာ မြေမြတ် မဟာဖြစ်ပါ၍ သံဝေဇနိယလေးဌာနတွင် ပါဝင်ပြီးဘုရားတိုင်းတို့၏ မစွန့်အပ်သော အ၀ိဇဟိတ ဌာနထူးလည်းဖြစ်ပါသည်။ ယခင်ပွင့်တော်မူကြကုန်ပြီးသော ဘုရားအဆူဆူတို့ ဤနေရာမှာ ပွင့်တော်မူကြသလို နောင်ပွင့်  တော်မူကြဦးမည့် ဘုရားအဆူဆူတို့သည်လည်း ဤနေရာမှာပင်ပွင့်တော်မူကြပါလိမ့်မည်။               မူဆလင်   တို့အတွက် မက္ကာ၊ ခရစ်ယာန်တို့အတွက် ဂျေရုဆလင်၊ ဆစ်(ခ်)တို့အတွက် ရွှေကျောင်းတော်၊ ဟိန္ဒုတို့အတွက် ဗာရာဏသီသည် ယင်းဘာသာဝင်တို့၏ အသက်နုင့် ထပ်တူ အရေးပါသကဲ့သို့ ဗုဒ္ဓဂယာသည်လည်း ဗုဒ္ဓဘာသာဝင်အားလုးံတို့အတွက် အထူးမွန်မြတ် အရေးပါလှပါသည်။   ဗုဒ္ဓဂယာသည် ဂယာမြို့နုင့် ()မိုင် အကွာတွင် (၁၂-ကီလိုမီတာတွင်)  တည်ရှိ၍ ဂယာမြို့တော်သည် ခရိုင်မြို့ကြီးဖြစ်ကာ  အိန္ဒိယနိုင်ငံ၊ ဗီဟာပြည်နယ်အတွင်း၌ တည်ရှိပါကြောင်းနှင့် ဗုဒ္ဓဘာသာတို့အတွက် ဗုဒ္ဓဂယာသည်ကား တစ်ကမ္ဘာလုးံ၌ အမြတ်ဆုးံမြေ (The most sacred holy place) မဇ္ဈိမချက်ချာ၊ ဘူမိနတ်သန် အောင်မြေဖြစ်ပါသည်။ ယခုအခါ ဖူးမြင်တွေ့နေရသော မဟာဗောဓိစေတီတော်မှာ ဉာဏ်တော်အမြင့် ၁၇၀- ပေရှိကာ ကျောက်သားချဉ်းဖြင့်သာ တည်ထားသော အလွန်လက်ရာမြောက်လှသည့် အသောကမင်းကြီး၏ကောင်းမူတော်ဖြစ်ကာ ဗုဒ္ဓဂယာရှိမဟာဗောဓိပင်မှာ မြတ်ဗုဒ္ဓအလောင်းတော် သိဒ္ဓိတ္ထမင်းသားမွေးဖွါးစဉ်ကအတူ ပေါက်ဖွါးခဲ့သော ဖွါးဖက်တော်ဖြစ်၍ မဟာပရိဘောဂစေတီတော် တစ်ဆူဖြစ်ပါသည်။ ယခုအခါတွင် ဤမဟာဗောဓိပင်သည် ဗုဒ္ဓဘာသာဝင်နိုင်ငံများမှ ဘုရားဖူးတို့၏ ပူဇော်မှုအထူးကိုခံယူ၍ သက်တမ်းအရှည်ပူဇော်နိုင်အောင် မြတ်ဗုဒ္ဓနုင့်ထပ်တူတပ်မျှ ပြုစုစောင့်ေ၇ှာက်နေကြပါသည်။ မြတ်ဗုဒ္ဓမိန့်တော်မူခဲ့သည်မှာလည်း တိဌန္တေနိဗ္ဗုတေစာပိ၊ သမေစိတ္တေ သမံဖလံ၊ စေတောပဏိဓိဟေတူဟိ၊ သတ္တာဂစ္ဆန္တိသုဂတိံသက်တော်ထင်ရှား၊ မြတ်ဘုရားနုင့်၊ရုပ်ပွါးစေတီ၊ အလီလီကို၊ တူညီစိတ်ထား၊ ပူဇော်ငြားက၊ အလားတူမျှ ကောင်းကျိုးရ၏- (သက်တော်ထင်ရှားရှိတောမူပြီးသော မြတ်စွာဘုရားအားဖူးမြော်ပူဇော်ခြင်း၌ဖြစ်စေ၊ ပရိနိဗ္ဗာန်ပြု တော်မူပြီး၍ မြတ်စွာဘုရား၏ ကိုယ်စားတော်ရုပ်ပွါးတော်၊ ဆင်းတုတော်များ၌ဖြစ်စေ ၊ ဓါတ်တော်မွေတော်များကို ဌာပနာစေတီတော်၌ဖြစ်စေ ကြည်ညိုမြတ်နိုးသော စိတ်စေတနာ သဒ္ဓါတရားတူညီလျှင် တူသော အကျိုးကျေးဇူးကိုရမည် ယင်းကုသိုလ်တရားကြောင့်ပင် နတ်ပြည် နတ်ရွာသို့ ရောက်မည် ) လို့ဟောကြားတော်မူခဲ့ပါတယ်။    မြတ်ဗုဒ္ဓအလောင်းတော်သည် လေးသင်္ချေနုင့် ကမ္ဘာတစ်သိန်းတိုင် ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူခဲ့သည်မှာ ()လောကကြီးကောင်းစားရေးအတွက် ()ဆွေမျိုးများကောင်းကျိုးအတွက် ()ဘုရားဖြစ်ရန်အတွက်ဆိုပြီး စရိယသုးံပါးကို ကျင့်ကြံ အားထုတ်တဲ့နေရာမှာ မိမိကိုယ်ကျိုးအတွက်ကို နောက်ဆုးံထားကျင့်ကြံအားထုတ်ခဲ့သည်ကို ကမ္ဘာသူ ကမ္ဘာသားအားလုးံ စံနမူနာယူသင့်လှပါသည်။ နောက်ဆုးံဘ၀တွင်လည်း ထိုစဉ်က ဥရုဝေလခေါ် (ယခုအခါဒေသခံများက ဒုံဟာဆီရိခေါ်) ဤနေရာတစ်ဝိုက်၌ ခြောက်နုစ်ပတ်လုးံ ဒုက္ကစရိယာ ကျင့်တော်မူပြီးနောက်ဆုးံ မဟာသက္ကရာဇ် (၁၀၃)ခု၊ ဘီစီ (၅၈၉) ခု ကဆုန်လပြည့်နေ့ညတွင် မဟာဗောဓိညောင်ပင် အောက်တွင် မာရ်ငါးပါးကို အောင်မြင်တော်မူကာ ဉာဏ်တော်()ပါးလုးံကို အစဉ်အတိုင်းရရှိတော်မူပြီး၍ ဘုရားအဖြစ်သို့ရောက်ရှိတော်မူခဲ့ပါသည်။        မြတ်စွာဘုရား ပရိနိဗ္ဗာန်မပြုမီ  အာနန္ဒာ မထေ၇်မြတ်အားမှာကြားတော်မူခဲ့သည်မှာလည်း ချစ်သားအာနန္ဒာ .. ငါဘုရားကိုယ်တော်မြတ် မရှိတော့ပေမယ့် ငါဘုရား၇ှင် ကိုယ်တော်မြတ် ဗောဓိဉာဏ်ကိုရသွားတဲ့နေရာကို သွားပြီးတော့ဖူးမြော်ကြတဲ့။ သဒ္ဓါတရားရှိကြတဲ့ အမျိုးကောင်းသား ၊အမျိုးကောင်းသမီး အပေါင်းသူတော်ကောင်းတွေဟာ ငါဘုရားကွယ်ပြီးနောက်ပိုင်းမှာ ဗောဓိဉာဏ်ကို ရသွားတဲ့နေရာကို သွားပြီးတော့ ဖူးမြော်ကြည်ညိုကြမယ်ဆိုရင် ငါဘုရားရှင်ကိုယ်တော်မြတ်ကို ဖူးရသလိုဘဲ ကုသိုလ်တရားတွေ တိုးပွါးနိုင်တယ်ဆိုပြီးတော့  မဟာဗောဓိ (ဗုဒ္ဓဂယာ) ကို ဒုတိယ သံဝေဇနိယဌာနကို ညွန်ပြတော်မူခဲ့ပါတယ်ဆိုတဲ့အကြောင်းကို ဓမ္မလရိပ်သို့ အလည်ရောက်ရှိလာကြသော ဓမ္မမိတ်ဆွေများ စာဖတ်ခြင်းဖြင့် နုလုးံအိမ်မှာ ကုသိုလ်ရပါစေခြင်း အကျိုးငှါ ကုသိုလ်ရလိုသော ဇောစိတ်ဆန္ဒဖြင့် ရေးသားတင်ပြလိုက်ပါသည်။
အရှင်စန္ဒိမာ (ဓမ္မလရိပ်)

Saturday, October 23, 2010

လိုအင်ဆန္ဒတွေ ပြည့်စုံကြပါစေ

                 လူသားတိုင်းလူသားတိုင်း အလိုရှိသမျှ ပြည့်စုံစေနိုင်ကာ စီးပွါးချမ်းသာ အောင်မြင် ကျော်ကြားခြင်းစသည်တို့ကို ပြည့်စုံရန်အတွက် အခြေခံ အကြောင်းရင်းဖြစ်သောကြောင့်  ပတိရူပစသော လေးပါးကို လိုအင်ဆန္ဒပြည့်စုံ စေတတ်သော (သမ္ပတ္တိ)တရားဟုခေါ်ကြပါတယ်။   ၎င်းလေးပါးနှင့် ပြည့်စုံသူသည် အချိန်တိုအတွင်းမှာပင် စီးပွါးရေး ၊လူမူရေး ဘာသာရေးစသည်တို့၌ အောင်မြင်ကျော်ကြား၍ တန်ဖိုးရှိသော လူတော်လူတော်လူကောင်းတစ်ယောက် ဖြစ်မှာသေချာလှပါသည်။            လိုအင်ဆန္ဒတွေ ပြည့်စုံစေတတ်တဲ့ သမ္ပတ္တိ တရားလေးပါးကတော့  
(၁) ပတိရူပဒေသ၀ါသ - စီးပွါးရေး၊ ဘာသာရေး စသည်တို့၌ အောင်မြင်တိုးတက်ကြီးပွါးနိုင်သော အရပ်ဒေသ၌ အခြေချနေထိုင်ရခြင်း။
Living in a Place which is favourable  for the attainment of properity and merit.
(၂)သပ္ပုရိသူပနိဿယ- ဘုရားအစရှိသော သူတော်ကောင်းများနုင့် ပညာရှိမိတ်ဆွေကောင်း အပေါင်း ဖော်များရှိရခြင်း။
Association with wise and noble person.
(၃) အတ္တသမ္မာပဏိဓိ - မိမိကိုယ်ကို လူတော်လူကောင်းဖြစ်အောင် ဆည်းပူးခဲ့သော ကောင်းသော လုပ်ဆောင်  မူများရှိရခြင်း။
Living an honest life and striving for self improvement.
(၄)ပုဗ္ဗေစ ကတပုညတာ-ေ၇ှးပိုင်းကာလ ရှေးရှေးဘ၀ ဖြည့်ကျင့်ဆည်းပူးခဲ့သော ကောင်းသော လုပ်ဆောင်မူများရှိရခြင်း။
Having accumulated good deeds done seriously.
၎င်းပြည့်စုံစေတတ်သော(သမ္ပတ္တိ)တရားလေးပါးတို့တွင် နောက်ဆုးံဖြစ်သော ပုဗ္ဗေစကတပုညတာ နုင့်ပြည့်စုံ ပါမှ ပတိရူပဒေသ၀ါသအရပ်၌ နေထိုင်ခွင့်ရရှိနိုင်သည်။သူတော်ကောင်းနုင့် မိတ်ဆွေကောင်း အပေါင်းသင်းရရှိနိုင်သည်။ မိတ်ကောင်းဆွေကောင်းရှိပါမှ  လောက၌ကြီးပွါးတိုးတက်ချမ်းသာဖို့ အခွင့်အလမ်းရှိသလို ပညာရှိ မိတ်ဆွေကောင်းနုင့် ပေါင်းသင်းပြီး နေထိုင်ရခြင်းကြောင့်လည်း  ကြီးပွါးချမ်းသာရေး နည်းစနစ်ရရှိသူမျိုးဖြစ်မှလည်း မိမိကိုယ်ကို လူတော်ကောင်းဖြစ်အောင် ပြုပြင်ထိန်းသိမ်းနိုင်သည်။
           သို့ဖြစ်၍ လောကီ လောကုတ္တရာနုစ်ဖြာသော ကြီးပွါးတိုးတက်ရေး၌ ဘက်စုံအောင်မြင်သူ တစ်ယောက်ဖြစ်ရန် အခြေခံအကြောင်းရင်းဖြစ်သော  ကောင်းမူလုပ်ငန်းများကို မိမိတို့ စွမ်းနိုင်သမျှ ကြိုးအားထုတ်ကြမည်ဆိုပါကလူသားတိုင်းအလိုရှိသမျှ လိုအင်ဆန္ဒတွေ ဧကန်မုချ ပြည့်စုံလာပါလိမ့်မည်။ 

အရှင်စန္ဒိမာ (ဓမ္မလရိပ်)



Thursday, October 21, 2010

နုတ်ဆက်ခဲ့ပါတယ် မဂဓရယ်

               နွေရာသီ ဥသြငှက်ကလေး၏ တေးသီသံကို ကျွန်ုပ်ကြားနေရ၏။  အိန္ဒိယ နိုင်ငံရဲ့ နေရောင်ခြေသည် အလွန်ပူပြင်းလျှက် လေသည်ဖြေးညှင်းသာစွာ တက္ကသိုလ်ပရိဝုဏ်တစ်လျှောက် ပိတောက်ဝါများ ၀င့်ဝါလျှက် တခန့်ရပ်နားအဖြစ် တိုက်ပွဲကား ပြီးလေပြီ။ ပထမခြေလှမ်းအဖြစ် ရုန်းကန်မူကား ပြီးဆုးံသွားပြီ။ အကျွန်ုပ်သည် ကိုယ့်ရပ်ရွာ ကိုယ့်ဒေသနုင့် ဝေးရာ တိုင်းတစ်ပါး သံသရာဝေဟင်ပေါ်တွင် မဂဓတက္ကသိုလ်ဆိုတဲ့ အမြန်ယာဉ် တစ်စီးပေါ်တွင် အချိန်အကန့်သတ်နဲ့ လိုက်ပါ စီးနင်းရတဲ့သူပါ။ ရာသီစက်ဝန်းကလေး ချားရဟတ်လို လည်ပတ်နေကာ အကျွန်ုပ်ရဲ့ ပညာတော်သင်ခရီး (၂) နုစ်တာ ပြီးမြောက်လို့ M.A. final  Exam; ပြီးဆုးံ သွားခဲ့ပါပြီ။  ၁၂ -လရာသီ လတွေ ရက်တွေကို လက်ချိုးရေတွက်ပြီး လွမ်းနေတမ်းတနေရတာတွေကို အဆုးံသတ်ကာ အိမ်တော်ပြန်ခရီး မကြာမီ စတင်တော့မည်။  နုတ်ဆက်ခဲ့ပါတယ် *..... မဂဓရယ်.....*  
 *** I feel sometime and sometime in my mind. The calendar days are moving slowly to reach the success of my life.***
 Final နောက်ဆုးံနေ့ 18, 5,2010. 
 အရှင်စန္ဒိမာ(ဓမ္မလရိပ်)

စောင့်ထိန်းသီလ မြတ်ဓမ္မ (၂)

       မြတ်ဗုဒ္ဓသာသနာတော်၌ (၈) ပါးသီလ စောင့်ထိန်းရသောနေ့များကို (ဥပေါသထ ဒိဝသ) ဥပုသ်နေ့များဟု ခေါ်ဆိုသတ်မှတ်ကြပါသည်။  လဆန်း(၈)ရက် ၊လဆန်း (၁၅)ရက် လပြည်နေ့ ၊ လဆုတ်(၈)ရက် ၊ လဆုပ် (၁၄)ရက် သို့မဟုတ် (၁၅)ရက် လကွယ်နေ့များသည် ဥပုသ်နေ့များဖြစ်ကြပါသည်။ ၎င်းနေ့များတွင်လူပုဂ္ဂိုလ် ဒါယကာ ဒါယိကာမများအတွက် အင်္ဂါရှစ်ပါးရှိသော ဥပုသ်သီလ(ရှစ်ပါးသီလ)ကို ကိုယ် ၊နုတ် ဖြုစင်အောင် စောင့်ထိန်းဖြင်းကို ဥပုသ်စောင့်ခြင်းဟုခေါ်ပါသည်။  ရှစ်ပါးသီလ ဆိုသည်မှာကား အရိယာပုဂ္ဂိုလ်များကို အတုယူ၍ အောက်ပါသိက္ခာပုဒ်များကို စောင့်ထိန်းခြင်းပင်ဖြစ်ပါသည်။
(၁) ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
Abstaining from killing any living being.
သူ့အသက် သတ်ခြင်းမှ ရှောင်ကြည်ခြင်း။
(၂)အဒိန္နဒါနာ ဝေရမဏိ  သိက္ခာပဒံ သမာဒိယာမိ။
Abstaining from stealing.
ပိုင်ရှင်မပေးသော ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြည်ခြင်း။
 (၃)အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
Abstaining from indulging in sexual conduct.
မမြတ်သောမေထုန် အကျင့်မှ ရှောင်ကြည်ခြင်း။
(၄)မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။ 
Abstaining from telling lies.
မမှန်သောစကားကို ပြောဆိုခြင်းမှ ရှောင်ကြည်ခြင်း။
(၅)သုရာမေရယ မဇ္ဇပမာဒဌာနာ ဝေရမဏိ သိက္ခာပဒံသမာဒိယာမိ။
Abstaining from taking intoxicating drinks and drugs.
 မူးယစ်မေ့လျော်စေတတ်သော သေရည်သေရက် မူးယစ်ဆေးဝါးများကို သုးံစွဲခြင်းမှေ၇ှာင်ကြည်ခြင်း။
(၆)၀ိကာလဘောဇနာ ဝေရမဏိ သက္ခာပဒံသမာဒိယာမိ။
Abstaining from taking food after mid-day.
နေ့လွဲညစာ စားခြင်းမှ ရှောင်ကြည်ခြင်း။
(၇) နစ္စ ဂီတ ၀ါဒိတ ၀ိသူက ဒဿန မာလာဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန ၀ိဘူသနဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
Abstaining from dancing, singing, playing musical instruments, seeing show, wearing flowers and using perfume.
 ကခြင်း တီးခြင်း တီးမှုတ်ခြင်းတို့ကို ကြည့်ရူနားထောင်ခြင်းနုင့် ပန်း၊ နံသာ၊ အမွေးအထုံ ပန်ဆင်လိမ်းကျံ တန်ဆာဆင်ခြင်းမှ ရှောင်ကြည်ခြင်း။
(၈)ဥစ္စာသယန မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
Abstaining from using high and luxurious bed and seats.
မြင့်သောနေရာ မြတ်သောနေရာကို အသုးံပြုခြင်းမှ ရှောင်ကြည်ခြင်း ......တို့ဖြစ်ပြီး
                မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကလည်း "သီလံနာမ သဗ္ဗသမ္ပတ္တီနံ ပတိဌာတိ" သီလဆိုတာ စည်းစိမ်ဥစ္စာ ပြည့်စုံခြင်း၏ မှီရာပါပဲ။ "ပရိသုဒ္ဓ သီလံနာမ ဆသု ဒေ၀လောကေသု ယတ္ထိစ္ဆန္တိ တတ္ထ နိဗ္ဗတ္တန္တိ"။ သီလစင်ကြည်သောပုဂ္ဂိုလ်တွေဟာ နတ်ပြည်ခြောက်ထပ်တို့၌ ဖြစ်လိုတဲ့ ဆန္ဒရှိတဲ့ နတ်ပြည်မှာ ဖြစ်ကြရပါတယ်လို့ ဟောကြားတော် မူခဲ့ပါတယ်။ ဒါကြောင့် အလို ဆန္ဒမှန်သမျှ ပြီးပြည့်စုံချင်တဲ့သူတိုင်းဟာ ကိုယ်ကျင့်သီလဖြစ်တဲ့ မြင့်မြတ်သော (၈)ပါးသီလကို ဖြည့်ကျင့် နိုင်ကြပါစေလို့ ................. ဓမ္မလရိပ်မှ ကုသိုလ်စိတ်ထားဖြင့် တိုက်တွန်း နိုးဆော်အပ်ပါတယ်။
သာဓု သာဓု သာဓု.....
အရှင်စန္ဒိမာ (ဓမ္မလရိပ်)


Wednesday, October 20, 2010

စောင့်ထိန်းသီလ မြတ်ဓမ္မ (၁)

            သီလ ဆိုတဲ့ အဓိပ္ပါယ်က "သီလတီတိ သီလံ။ ကာယ၀စီကမ္မာနိ သမ္မာဒဟတိ သမ္မာဌပေတီတိ အတ္ထော" ကိုယ် ၊  နုတ်၊ ပါးကို အပြစ်မဖြစ်အောင် အကုသိုလ်မဖြစ်အောင် ကောင်းစွာထားတတ်သောကြောင့် သီလလို့ခေါ်ပါတယ်။  အဲဒီတော့  သီလဆိုတဲ့တရားဟာ ဘယ်သူတွေနဲ့ သက်ဆိုင်ပါသလဲလို့ မေးလို့ ရှိရင် ခန္ဓာရတဲ့ ပုဂ္ဂိုလ်တိုင်းနုင့်သက်ဆိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ခန္ဓာရတဲ့ ပုဂ္ဂိုလ်တွေဟာ တစ်နေ့ကျရင် မလွဲမသွေသေရမှာဖြစ်လို့ပါ ။  ဒီကိုယ်ကျင့် သီလတရားကို ပုဂ္ဂိုလ်မရွေး ကျင့်သုးံနိုင်လို့ရှိရင်  ကျင့်သုးံတဲ့ သူတွေ အားလုးံဟာ ကိုယ်၊ နုတ် နုင့်ပါတ်သက်တဲ့ မကောင်းသော ဒုစရိုက်တွေ ငြိမ်းအေးတဲ့ အတွက်ကြောင့်  အေးချမ်းသာယာတဲ့တရားဟာ သီလ တရားတော်ပါဘဲ ။ ကမ္ဘာမှာ လူသားတိုင်း အတွက် လုးံဝ ရှောင်ကြည် သင့်သည့် အချက်ငါးချက်ကတော့ ပဉ္စသီလ (ငါးပါးသီလ)လို့ခေါ်တဲ့ ...
(၁) ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
 Abstain from  killing any living being.
သူတစ်ပါး၏ အသက်ကိုသတ် ဖြတ်ခြင်းမှ ရှောင်ကြည်ပါ၏။
ဆောင်။ ။ သူ့အသက်လည်း မသတ်ဘဲအမြဲ ရှောင်ကြည်မည်။
(၂)အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
 Abstain from stealing.
သူတစ်ပါးပစ္စည်းကို ခိုးယူခြင်းမှ ရှောင်ကြည်ပါ၏။
ဆောင်။ ။သူ့ဥစ္စာလည်း မခိုးဘဲ အမြဲရှောင်ကြည်မည်။
(၃)ကာမေသု မိစ္ဆစာရာဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
Abstain from committing sexual misconduct.
သူ့အိမ်ထောင်ကိုပြစ်မှားခြင်းမှ ရှောင်ကြည်ပါ၏။
  ဆောင်။ ။ သူ့အိမ်ထောင်လည်း မပြစ်မှားဘဲ အမြဲရှောင်ကြည်မည်။
(၄) မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
Abstain from telling lies.
မမှန်သောစကားကို ပြောဆိုခြင်းမှ ရှောင်ကြည်ပါ၏။
ဆောင်။ ။မမုန်သောစကားလည်း မဆိုဘဲ အမြဲရှောင်ကြည်မည်။
(၅)သုရာမေရယ မဇ္ဇပမာဒဌာနာ ဝေရမဏိ သိက္ခာပဒံသမာဒိယာမိ။
Abstain from taking intoxicating drinks and drugs.
သေအရက်ကိုသောက်ခြင်းမှရှောင် ကြည်ပါ၏။
ဆောင်။ ။ သေအရက်လည်း မသောက်ဘဲ အမြဲရှောင်ကြည်မယ်။ 
 ဤ သီလဆိုတဲ့ ကိုယ်ကျင့်တရားကို ရပ် ရွာ မြို့ ပြည်ထောင်စု ကမ္ဘာတစ်ခုလုးံ အားလုးံလက်ခံကျင့် သုးံထားကြမယ် ဆိုရင် ကိုယ်နုင့်ပါတ်သက်တဲ့ လွန်ကျူးမူ ကာယဒုစရိုက် ၊ နုတ်နုင့်ပါတ်သက်တဲ့လွန်ကျူးမူ ၀စီဒုစရိုက်မဖြစ်တဲ့အပြင်  ယနေ့နေထိုင်ကြတဲ့ကမ္ဘာကြီးဟာ အလွန်နေချင်စဖွယ် ဓမ္မလရိပ်အောက်မှ ငြိမ်းချမ်းရိပ်မြှံ၊ သုခဘုံကြီးတစ်ခု ဖြစ်လာမှာ သေချာပါတယ်။  ဤငါးပါးအား မလိုက်နာ မကျင့်သုးံ  ပြောင်းပြန်အားဖြင့်သာ တွေးကြည့်မယ်ဆိုပါက ကမ္ဘာကြီးဟာ ငရဲဘုံသဖွယ် ပူလောင်ပြင်းလာမှာ သေချာပါတယ်။
အရှင်စန္ဒိမာ (ဓမ္မလရိပ်)

သံဝေဂဉာဏ် ရင့်သန်စေရန် သတိပေးတရားတော်




               ဓမ္မမိတ်ဆွေ သူတော်စင်များရယူထားသော ခန္ဒာကိုယ်သည်ကား တစ်နေ၀င် တစ်နေထွက်ဆိုသလို အို၊နာ၊သေ ဘက်သို့တရွ့ရွေ့ပင် ပြောင်းရွေ့နေလျက်ရှိပါသောကြောင့် နောင်တမလွန်လောက၌ အားကိုးအားထားရာ ဖြစ်သော အနုဂါမိက ဥစ္စာထုပ်ကို မြုပ်နှံထားယူကြဖို့ သံဝေဂဉာဏ်ရင့်သန်စေရန် သတိတရားလေးပေးပါရစေ။  မိမိတို့ရယူထားတဲ့ လူ့ဘ၀ တစ်ခု၏ အစ အလယ်အဆုးံ သုးံပါးလုးံဖြစ်စဉ်တို့ကို နေ့စဉ်နေ့တိုင်းပြန်လှန်သုးံသပ်၍ ကြည့်ခဲ့ပါလျှင် လူ့ဘ၀သည်ကား အဘယ်တရားနုင့်စတင် ဖြစ်ပေါ်၍ လာခဲ့ပါသလဲ ? အဘယ်တရားတွေနဲ့ စတင်ကြီးပွါး၍လာခဲ့ပါသလဲ ? အဘယ်တရားနုင့် အဆုးံသတ်ကြမှာလဲ? ဒီလိုမေးခွန်းသုးံခုပေါ်ထွန်း၍လာပါလိမ့်မယ်။ 
           (၁) အဘယ်တရားတွေနဲ့စတင်ဖြစ်ပေါ်၍ လာပါသလဲဆိုတော့ အမိဝမ်းတွင်း၌ ပဋိသန္ဓေ နေရခြင်းဆိုတဲ့ ဇာတိ တရားနုင့် စတင်ဖြစ်ပေါ်၍လာပါတယ်။  အမိဝမ်းတွင်း အစာဟောင်းပေါ်တွင် ဆောင့်ကြောင့်ထိုင် အစာသစ်အိမ်ကို ခေါင်းပေါ်မှာရွက် ဒူးနုစ်ဘက်တို၏ကြား ဦးခေါင်းကိုထားလျှက် ကြောဘက်သို့မျက်နုာကို ပြုပြီး သစ်ငုတ်တိုပေါ်တွင်ထိုင်နေသော မျောက်အိုမကဲ့သို့ အမေလုပ်သူက မနေတတ်ရင် မတတ်သလို အထဲက ကလေး  ဟာဆင်းရဲတတ်ပါတယ်။ ဒီလို ဆင်းရဲ့စွာပဋိသန္ဓေနေရ သည့်အတွက်ကြောင့် မြတ်ဗုဒ္ဓက ဇာတိပိ ဒုက္ခော လို့ ဟောတော်မူခဲ့ပါတယ်။ ဒါဖြင့် လူ့ဘ၀က လူ့ခန္ဓာဖြစ်ပေါ်လာရဖြင်းဟာ ဒုက္ခ တရားတွေ နုင့် စတင်ဖြစ်ပေါ်လာရတယ်ဆိုတာ ထင်ရှားလှပါပြီ။  
(၂) လူ့ဘ၀သည်ကား အဘယ်တရားတွေနုင့် ကြီးပွါးနေသလဲဆိုရင် ဒီခန္ဓာကိုယ်ကြီးကို ကိုးဆယ့် ခြောက်ပါးသော ရောဂါဝေဒနာတွေ အမြဲမပြတ်နိုပ်စက်ခြင်းဟုဆိုအပ်သော ဗျာဓိဒုက္ခ ဆိုတဲ့ နာခြင်း တရား  တွေနုင့် လူသားတိုင်းဟာ တွေ့ကြုံခံစား၍ ကြီးထွားနေကြပါတယ်။  ပြီးတော့ ... ချစ်သောသူနုင့် ကွေ့ကွင်းရခြင်းဆိုတဲ့ ပိယေဟိ ၀ိပ္ပယောဂဒုက္ခ။ ..မုန်းသောသူနုင့် ပေါင်းသင်းနေထိုင်ရခြင်းဆိုတဲ့ အပ္ပိယေဟိ သမ္ပယောဂ ဒုက္ခ။ ..လောက လူသားတိုင်းနေ့စဉ်နေ့တိုင်း စားဝတ်နေရေးအတွက် ရှာကြံနေရခြင်းဆိုတဲ့ ဒုက္ခ။..ရလာသမျှသော ပစ္စည်းဥစ္စာတွေကို ရန်သူမျိုးငါးပါးမှ လွတ်အောင် စောင့်ရှောက်ခြင်းဆိုတဲ့ ဒုက္ခ။ .........သားသမီး ဆွေမျိုး ညီအစ်ကို မောင်နုမတို့ သေကြေပျက်စီးသည့်အတွက်ကြောင့် စိုးရိမ်မကင်း ဖြစ်ရခြင်းဆိုတဲ့ ဒုက္ခ။.... အကြောင်းအမျိုးမျိုးတွေကြောင့် ငိုကြွေးရခြင်းဆိုတဲ့  ပရိဒေ၀ဒုက္ခ။.... ကိုယ်စိတ် နုစ်ပါး ဆင်းရဲ့ခြင်းဆိုတဲ့ ကာယိကဒုက္ခ၊ စေတသိကဒုက္ခ။ .. စိတ်နုလုးံ မချမ်းမသာဖြစ်ခြင်းဆိုတဲ့  ဒေါမနဿဒုက္ခ။ ..... ပြင်းစွာပူပင်ရခြင်းဆိုတဲ့ ဥပါယာသဒုက္ခ။   ..ယခု ပြဆိုအပ်သော ဒုက္ခအမျိုးမျုးတွေနဲ့လည်း တွေ့ဆုံရပါမယ်။  တွေ့လည်းတွေ့ဆုံရပါမယ်။  ဒီလို ဒုက္ခတရားများဖြင့်  စတင်ကြီးထွား၍လာရသည့်အတွက်ကြောင့် မြတ်ဗုဒ္ဓက .. ဗျာဓိပိ ဒုက္ခော လို့ဟောကြားတော် မူခဲ့ပါတယ်။ ဒါဖြင့် လူ့ဘ၀က နာခြင်းဒုက္ခတရားတွေနုင့် ကြီးထွားနေရတာ သေချာထင်၇ှားပါတယ်။  
                   (၃) နောက်ဆုးံတစ်ခုဖြစ်တဲ့ လူ့ဘ၀က အဘယ်တရားတွေနုင့် အဆုးံသတ်မှာလဲဆိုတော့ သေခြင်းတရားနဲ့ဘဲ အဆုးံသတ်ရပါမယ်။  သေခြင်းတရားဟာ  ချမ်းသာသလား ဆင်းရဲသလားဆိုတော့ မြတ်ဗုဒ္ဓက မရဏမ္ပိ ဒုက္ခံ သေခြင်းတရားဆိုတာ ဒုက္ခတရားပါတဲ့ ။  ၃၁ ဘုံမှာကျင်လည် နေကြရတဲ့ သတ္တ၀ါတွေ ရုပ်နာမ်မကင်းတဲ့ဇာတိတရား ရလာခဲ့ကြပါလျှင်  မရဏဆိုတဲ့ သေခြင်းအကြောင်း တရားလေးပါးက ဘယ်သူမှ ပြေးမလွတ်နိုင်ကြပါဘူး ။  တစ်ပါးပါးဖြင့်တော့ သေကြရမှာဘဲ ။....
 တစ်ချို့ တစ်ချို့သော ပုဂ္ဂိုလ်တွေ သက်တမ်းကုန်လို့ သေမယ်။ 
တစ်ချို့ တစ်ချို့သော ပုဂ္ဂိုလ်တွေ ကံကုန်လို့ သေမယ်။ 
တစ်ချို့ တစ်ချို့သော ပုဂ္ဂိုလ်တွေ သက်တမ်းရော ကံပါ နုစ်ခုလုးံကုန်လို့ သေမယ်။ 
တစ်ချို့ တစ်ချို့သော ပုဂ္ဂိုလ်တွေ လျပ်တစ်ပြက်သတ်ဖြတ်တတ်သောကံကြောင့် သေမယ်။
ဒီအကြောင်းတရား လေးပါးမှ ရှောင်လွဲနိုင်သူကား လောကမှာမရှိပါဘူး ။ ဒါကြောင့် လူ့ဘ၀ရဲ့ အစ ၊ အလယ် ၊အဆုးံ ၃ ပါးစလုးံ အသေချာဉာဏ်ယှဉ်ပြီး ဓမ္မမျက်စိနုင့်  ကြည့်မယ်ဆိုရင် ဒုက္ခတရားတွေနဲ့သာ အဆုးံသတ်မယ့် လူ့ဘ၀ထဲက သံဝေဂဉာဏ်တွေ ၇အောင်ယူပြီး .. ဒါနတည်းဟူသော ကုသိုလ်အနုစ်၊ သီလတည်းဟူသော ကုသိုလ်အနုစ်၊ ဘာဝနာတည်းဟူသော ကုသိုလ်အနုစ်တွေကို ညှစ်ထုပ်ပြီး   သံဝေဂဉာဏ် ရင့်သန်စေရန် ဓမ္မမိတ်ဆွေသူတော်စင်များ  ယူတတ်ရပါမယ်။ ။ ။
 သာဓု သာဓု သာဓု.....

အရှင်စန္ဒိမာ (ဓမ္မလရိပ်)

Tuesday, October 19, 2010

လိုအင်ဆန္ဒ ပြည့်ဝစေသော မဟာမုနိဂါထာတော်


မဟာမုနိ၊ မဟာပုညော
မဟာတေဇော၊မဟိဒ္ဓိကော
မယှံဒီပေါ၊မယှံနာထော
မယှံဒေတု၊မဟာဇယော။
ဤဂါထာကိုတစ်နေ့(၉)ကြိမ်ရွတ်ဖတ်ပူဇော်ပါ။

မဟာမုနိအဓိဌာန် ကျင့်စဉ်
၁။ပထမအဆင့်=(ဘဂ၀ါ ) ကိုတစ်နေ့လျှင်ပုတီး(၃)ပါတ်(၃)ရက်စိပ်ပါ။
၂။ဒု-အဆင့်=(မုနိဘဂ၀ါ )ကိုတစ်နေ့လျှင်ပုတီး(၅)ပါတ်(၅)ရက်စိပ်ပါ။
၃။တ-အဆင့်=(မဟာမုနိဘဂ၀ါ )ကိုတစ်နေ့လျှင်ပုတီး(၇)ပါတ်(၇)ရက်စိပ်ပါ။
၎။စ-အဆင့်=ဥုံမုနိ မဟာမုနိ မုနိကိုတစ်နေ့လျှင်ပုတီး(၉)ပါတ်(၉)ရက်စိပ်ပါ။
ဤအဓိဌာန်ကျင့်စဉ်ကို ယုံကြည်စွာကျင့်ကြံပွါးများအားထုတ်ပါက ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နုင့်ပြည့်စုံကာ လိုလားတောင်းတအပ်သော အကျိုးထူး တရားများကို လက်တွေ့ခံစားရပါမည်။


အရှင်စန္ဒိမာ (ဓမ္မလရိပ်)

ရဟန်းသံဃာကို ဖူးမြော်ရခြင်းအကျိုး



           ၃၈ ဖြာ မင်္ဂလာတွင် တစ်ပါးအပါအ၀င်ဖြစ်သော သမဏာနဉ္စ ဒဿန  မင်္ဂလာဆိုတာ ကိုယ်စိတ်နုစ်ပါး ငြိမ်းချမ်းစင်ကြယ်ပြီးသော အရိယာပုဂ္ဂိုလ်ကိုဖြစ်စေ၊ ကိလေသာအားလုးံမှ ကင်းဝေးစေကြောင်း အကျင့်မြတ်ကို ဖြည့်ကျင့်ကြိုးပမ်းနေသော ရဟန်းသံဃာတော်များကိုဖြစ်စေ အခါအခွင့်သင့်တိုင်း ဖူးမြော် ရခြင်းမင်္ဂလာကို ခေါ်ပါတယ်။ " To see noble persons who have purified or are trying to purify their minds from all defilement produces tranquility and wholesome attitude in one's mind. So it is  a noble blessing". ဗုဒ္ဓဘုရားရှင် လက်ထက်တော်အခါက အရှင်သာရိပုတ္တရာသည်ရာဇဂြိုဟ် ပြည်၏ အနီးဥပတိဿမည်သော ရွာ၌ ရုပသာရီ အမည်ရှိသော ပုဏ္ဏေးမ၏ သားဖြစ်၏ငယ်နာမည်ကား  ဥပတိဿ အမည်တွင်၏။   အရှင်မောဂ္ဂလာန်သည်လည်း  ရာဇဂြိုဟ် ပြည်၏ အနီး ကောလိတရွာ၌ မောဂ္ဂလိ ပုဏ္ဏေးမ၏ သားဖြစ်လျက် ငယ်နာမည် ကောလိတ အမည်တွင်၏သူတို့နုစ်ဦးသည် ရွာနီးချင်းဖြစ်၍ ရင်နီးခင်မင်ကြသည့် ငယ်သူငယ်ချင်များ ဖြစ်ကြ၏။  တစ်နေ့တွင် သူငယ်ချင်း နုစ်ဦးတို့သည် တောင်ထိပ်ပွဲသဘင်သို့ သွားရောက်ကြည့်ရူရာမှ နုစ်ဦးစလုးံပင် သံဝေဂဥာဏ်ရကာ  သံသရာမှလွတ်မြောက်ရေးအတွက် ဆရာ၇ှာပြီးရဟန်းပြုမှ သင့်မည်ဟု ပြောဆိုတိုင်ပင် လေ၏။ များမကြာမီ သိဉ္စည်းဆရာကြီးနုင့်တွေ့ကာ အခြံအရံငါးရာနုင့်အတူ ရဟန်းပြုကြ၏။နုစ်ရက် သုးံရက်နှုင့်ပင် ဆရာကြီး၏ အယူဝါဒကို တတ်မြောက်ကြ၏။ သံသရာမှ အမှန်လွတ်မြောက်ကြောင်း တရားစစ်တရားမှန် မဟုတ်မှန်းသိကြ၍ သံသရာမှ အမှန်လွတ်မြောက်ကြောင်း သင်ပြပေးနိုင်မည့် ဆရာရှာရန် အရင်တွေ့ရှိသူမှ ကျန်တစ်ဦးအား ပြန်ပြောကြစတမ်းဟုကတိ က၀တ်ထားကာ ဆရာကောင်းကို ရှာရန်ထွက်ကြ၏။ ထိုအခါ  ဥပတိဿ သည် ပဉ္စ၀ဂ္ဂီ ငါးဦးမှ တစ်ပါးဖြစ်သော ရဟန္တာ အရှင် အဿဇိ နုင့် ရာဇပြိုဟ်တွင် တွေ့ရှိဖူးမြော်ရပြီး" ယေဓမ္မာ ဟေတုပ္ပဘ၀ါ" အစချီသော ဂါထာကို ကြားနာရ၍ သောတာပတ္တိဖိုလ်၌တည်၍ သောတာပန် အရိယာ ဖြစ်လေသည်။  ကောလိတ ပရိဗိုဇ် သည်လည်း ဥပတိဿထံမှ ထိုဂါထာတော်ကို တစ်ဆင့်ကြားနာရ၍ သောတာပန်အရိယာ ဖြစ်ပြန်လေ၏။ ထို့နောက် မြတ်ဗုဒ္ဓထံတော်သို့ ရောက်ရှိကာ တပည့်ပရိဗိုဇ် ပရိသတ်နုင့်အတူ "ဧဟိဘိက္ခု "ရဟန်းဖြစ်ကြလေသည်။ အဂ္ဂသာဝက ပါရမီ ဥာဏ်၏ အလွန် ကြီးကျယ်မြင့်မြတ်သောကြောင့် အရှင်မဟာမောဂ္ဂလာန်မှာ ရဟန်းဖြစ်ပြီး (၇) ရက်မြောက်နေ့နုင့် အရှင်သာရိပုတ္တရာမှာ ရဟန်းဖြစ်ပြီး (၁၅) ရက်ကြာတွင် ရဟန္တာ ဖြစ်တော်မူကြသည်။ ဤမထေရ်မြတ်နုစ်ပါး တို့    (၄၄) ၀ါကာလပတ်လုးံ ဟောကြားတော် မူအပ်သောတရားတော်တို့မှာ ပိဋကတ်တော်၌ အထူးများလှ၏ ။ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၊ မဟာနိဒ္ဒေသ ပါဠိတော်၊ စူဠနိဒ္ဒေသ ပါဠိတော်တို့မှာ အရှင်သာရိပုတ္တရာ ဟောကြားတော်မူခဲ့သော ဓမ္မရတနာတို့ပင်ဖြစ်သည်။  ထေရဂါထာတို့သည်  အဂ္ဂသာဝက အရှင်မြတ် နုစ်ပါးတို့၏ တရားဒေသနာတော်များဖြစ်လေရာ မျက်မှောက်သာသနာတော်တွင် များစွာ အဖိုး ထိုက်တန်သော တရားရတနာ အိုးကြီးပင် ဖြစ်ပါသည်။  ဤသည်မှာ အကျင့် သီလနုင့်ပြည့်စုံသော ရဟန်းသံဃာကို ဖူးမြော်ရခြင်း၏ ကောင်းမြတ်သော အကျိုး တရားများပင် ဖြစ်ပါသည်။
 အရှင် စန္ဒိမာ (ဓမ္မလရိပ်) 

Monday, October 18, 2010

Everything is Open

    When we study the life and the teachings of the Buddha we can see that every thing is open to everybody. There are no secret doctrines. The events which occured through out His whole life where like an open book without any hidden and mystical incidents. In the eye of Buddha ,what many people regard as " supernatural powers" are in face quite nature,only ordinary man cannot understand them. If all component things are subject to the nature law of change, how can we call them supernatural power? Even the Buddha 's birth, enlightenment and death took place in normal circumstances. He lived as a normal religious teacher.

အရှင် စန္ဒိမာ (ဓမ္မလရိပ်)

အောင်မြင်စေကြောင်း နည်းလမ်းကောင်း

(၁) Construction= တည်ဆောက်ခြင်း
(၂) Competence= အစွမ်းအစရှိခြင်း
(၃) Courage= သတ္တိရှိခြင်း
(၄) Couumnication=ဆက်သွယ်မူရှိခြင်း
(၅) Charm= ဆွဲဆောင်မူရှိခြင်း
(၆) Compassion= စာနာရိုင်းပင်းတတ်ခြင်း
(၇) Confidence= ယုံကြည်မူရှိခြင်း
(၈) Control= ထိန်းချုပ်ခြင်း
(၉) Commitment= ကတိတည်ခြင်း
(၁၀) Contentment= ရောင့်ရဲမူရှိခြင်း

 အရှင် စန္ဒိမာ (ဓမ္မလရိပ်)

စောမြတ်ဟောကြား ရန်နိုင်အား

အက္ကောဓေန ဇိနေကောဓံ၊ အသာဓု သာဓုနာဇိနေ။
ဇိနေကဒရိယံ ဒါနေန၊ သစ္စေနာလိက ၀ါဒိနံ။
 ဒေါသအမျက်ကြီးသောသူကို အမျက်မထွက် မေတ္တာဖက်၍ အနိုင်ယူရာ၏။
 သူတော်မဟုတ် သူယုတ်မာကို သူတော်တရားလက်ကိုင်ထားခြင်းဖြင့် အနိုင်ယူရာ၏။
မပေးကမ်းလို ၀န်တိုသူကို ၀န်တိုမူကင်း ပေးကမ်းရက်ရောခြင်းဖြင့် အနိုင်ယူရာ၏။
မုသားပြောဆို လိမ်လည်သူကို ဖြောင့်မတ်မှန်စွာ သစ္စာစကားဖြင့် အနိုင်ယူရာ၏။

အရှင်စန္ဒိမာ (ဓမ္မလရိပ်)

သိမှတ်ဖွယ်ရာ ဓမ္မပဒ ၂၂၁ ဂါထာ

ကောဓံ ဇဟေ ၀ိပ္ပဇဟေယျ မာနံ၊ သံယောဇနံ သမ္မမတိက္ကမေယျ။
တံ နာမရူပသ္မိံ မသဇ္ဇမာနံ၊ အကိဉ္ခနံ နာနုပတန္တိ ဒုက္ခာ။  (ဓမ္မပဒ- ၂၂၁)
ဒေါသ တရားကိုစွန့်ရာ၏။ မာနတရားကိုစွန့်ရာ၏။ သံယောဇဉ်တရားကို လွန်မြောက်ရာ၏။
နာမ်ရုပ်၌ ငါ၏စိတ် ငါ၏ကိုယ် ဟူ၍ မငြိမတွယ်မကြောင့်ကြ သော သူထံသို့ ဆင်းရဲဒုက္ခဟူသမျှတို့သည် ဘယ်သောအခါမှ ရောက်ရှိလာမည်မဟုတ်ပါ။
 
 အရှင် စန္ဒိမာ (ဓမ္မလရိပ်)

ဘုရားရှင်တို့၏ အဆုးံအမတော် အနုစ်ချုပ်

ဂင်္ဂါဝါဠုသဲစုမကပွင့်တော်မူကြကုန်သော ဘုရားရှင်တို့၏ အဆုးံအမတော်သည်ကား အနုစ်ချုပ်အားဖြင့် လောကီနယ်ပယ်အတွက် နားအလည်ဆုးံဝေါဟာရနဲ့  ရေးသားတင်ပြရမယ်ဆိုပါက ..
သဗ္ဗပါပဿ အကရဏံ၊ ကုသလ ဿူပ သမ္ပဒါ။ သစိတ္တ ပရိယောဒါပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ။ (ဓမ္မပဒ..၁၈၃)
( ၁)ယုံကြည်ထိုက်သြူဖစ်အောင်( မကောင်းမူကင်းပြီး) ရိုးသားရမယ်။
(၂)အားကိုးထိုက်သူဖြစ်အောင် (ကောင်းမူဆောင်ပြီး) ကြိုးစားရမယ်။
(၃)လေးစားထိုက်သူဖြစ်အောင် (ကိုယ်ကျိုးမငဲ့ကွက်ဘဲ) စင်ကြည်စေရမယ်။
ဆောင်။  မကောင်းမူရှောင်၊ ကောင်းမူဆောင်၊  ဖြူအောင်စိတ်ကိုထား။

To refrain from all evil, 
To do what is good. 
To purify the mind,
This is the teaching of all Buddhas. 
 အရှင် စန္ဒိမာ (ဓမ္မလရိပ်)

စကား ၄ ခွန်း

(၁) ကျန်းမာအောင်နေပါ။
(၂) ချမ်းသာအောင်နေပါ။
(၃) ကုသိုလ်ရအောင်နေပါ။
(၄) တရားရအောင်နေပါ။

အရှင် စန္ဒိမာ (ဓမ္မလရိပ်)