*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****သစ်ပင်အရိပ် ဆွေမျိုးရိပ်နှင့် မိရိပ်ဘရိပ် ဆရာရိပ်ထက် မင်းရိပ်သည်သာ ဆင့်ဆင့်သာ၏။ ထိုမှတစ်ဖြာ မြတ်စွာဟောကြား တရားဆာယာ အရိပ်မှာကား လွန်စွာအေးမြ ချမ်းသာရ၍ မှီကြခိုသူ များဗိုလ်လူတို့ အပူခပ်သိမ်း ပ,ပျောက်ငြိမ်း၏ ။*****

Monday, October 25, 2010

သစ္စာလေးပါးသိတော်မူရာ ဗုဒ္ဓဂယာ

                    ဗုဒ္ဓဂယာ မြေမြတ်မဟာသည်ကား ဘုရားအဆူဆူတို့ပွင့်တော်မူရာ မြေမြတ် မဟာဖြစ်ပါ၍ သံဝေဇနိယလေးဌာနတွင် ပါဝင်ပြီးဘုရားတိုင်းတို့၏ မစွန့်အပ်သော အ၀ိဇဟိတ ဌာနထူးလည်းဖြစ်ပါသည်။ ယခင်ပွင့်တော်မူကြကုန်ပြီးသော ဘုရားအဆူဆူတို့ ဤနေရာမှာ ပွင့်တော်မူကြသလို နောင်ပွင့်  တော်မူကြဦးမည့် ဘုရားအဆူဆူတို့သည်လည်း ဤနေရာမှာပင်ပွင့်တော်မူကြပါလိမ့်မည်။               မူဆလင်   တို့အတွက် မက္ကာ၊ ခရစ်ယာန်တို့အတွက် ဂျေရုဆလင်၊ ဆစ်(ခ်)တို့အတွက် ရွှေကျောင်းတော်၊ ဟိန္ဒုတို့အတွက် ဗာရာဏသီသည် ယင်းဘာသာဝင်တို့၏ အသက်နုင့် ထပ်တူ အရေးပါသကဲ့သို့ ဗုဒ္ဓဂယာသည်လည်း ဗုဒ္ဓဘာသာဝင်အားလုးံတို့အတွက် အထူးမွန်မြတ် အရေးပါလှပါသည်။   ဗုဒ္ဓဂယာသည် ဂယာမြို့နုင့် ()မိုင် အကွာတွင် (၁၂-ကီလိုမီတာတွင်)  တည်ရှိ၍ ဂယာမြို့တော်သည် ခရိုင်မြို့ကြီးဖြစ်ကာ  အိန္ဒိယနိုင်ငံ၊ ဗီဟာပြည်နယ်အတွင်း၌ တည်ရှိပါကြောင်းနှင့် ဗုဒ္ဓဘာသာတို့အတွက် ဗုဒ္ဓဂယာသည်ကား တစ်ကမ္ဘာလုးံ၌ အမြတ်ဆုးံမြေ (The most sacred holy place) မဇ္ဈိမချက်ချာ၊ ဘူမိနတ်သန် အောင်မြေဖြစ်ပါသည်။ ယခုအခါ ဖူးမြင်တွေ့နေရသော မဟာဗောဓိစေတီတော်မှာ ဉာဏ်တော်အမြင့် ၁၇၀- ပေရှိကာ ကျောက်သားချဉ်းဖြင့်သာ တည်ထားသော အလွန်လက်ရာမြောက်လှသည့် အသောကမင်းကြီး၏ကောင်းမူတော်ဖြစ်ကာ ဗုဒ္ဓဂယာရှိမဟာဗောဓိပင်မှာ မြတ်ဗုဒ္ဓအလောင်းတော် သိဒ္ဓိတ္ထမင်းသားမွေးဖွါးစဉ်ကအတူ ပေါက်ဖွါးခဲ့သော ဖွါးဖက်တော်ဖြစ်၍ မဟာပရိဘောဂစေတီတော် တစ်ဆူဖြစ်ပါသည်။ ယခုအခါတွင် ဤမဟာဗောဓိပင်သည် ဗုဒ္ဓဘာသာဝင်နိုင်ငံများမှ ဘုရားဖူးတို့၏ ပူဇော်မှုအထူးကိုခံယူ၍ သက်တမ်းအရှည်ပူဇော်နိုင်အောင် မြတ်ဗုဒ္ဓနုင့်ထပ်တူတပ်မျှ ပြုစုစောင့်ေ၇ှာက်နေကြပါသည်။ မြတ်ဗုဒ္ဓမိန့်တော်မူခဲ့သည်မှာလည်း တိဌန္တေနိဗ္ဗုတေစာပိ၊ သမေစိတ္တေ သမံဖလံ၊ စေတောပဏိဓိဟေတူဟိ၊ သတ္တာဂစ္ဆန္တိသုဂတိံသက်တော်ထင်ရှား၊ မြတ်ဘုရားနုင့်၊ရုပ်ပွါးစေတီ၊ အလီလီကို၊ တူညီစိတ်ထား၊ ပူဇော်ငြားက၊ အလားတူမျှ ကောင်းကျိုးရ၏- (သက်တော်ထင်ရှားရှိတောမူပြီးသော မြတ်စွာဘုရားအားဖူးမြော်ပူဇော်ခြင်း၌ဖြစ်စေ၊ ပရိနိဗ္ဗာန်ပြု တော်မူပြီး၍ မြတ်စွာဘုရား၏ ကိုယ်စားတော်ရုပ်ပွါးတော်၊ ဆင်းတုတော်များ၌ဖြစ်စေ ၊ ဓါတ်တော်မွေတော်များကို ဌာပနာစေတီတော်၌ဖြစ်စေ ကြည်ညိုမြတ်နိုးသော စိတ်စေတနာ သဒ္ဓါတရားတူညီလျှင် တူသော အကျိုးကျေးဇူးကိုရမည် ယင်းကုသိုလ်တရားကြောင့်ပင် နတ်ပြည် နတ်ရွာသို့ ရောက်မည် ) လို့ဟောကြားတော်မူခဲ့ပါတယ်။    မြတ်ဗုဒ္ဓအလောင်းတော်သည် လေးသင်္ချေနုင့် ကမ္ဘာတစ်သိန်းတိုင် ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူခဲ့သည်မှာ ()လောကကြီးကောင်းစားရေးအတွက် ()ဆွေမျိုးများကောင်းကျိုးအတွက် ()ဘုရားဖြစ်ရန်အတွက်ဆိုပြီး စရိယသုးံပါးကို ကျင့်ကြံ အားထုတ်တဲ့နေရာမှာ မိမိကိုယ်ကျိုးအတွက်ကို နောက်ဆုးံထားကျင့်ကြံအားထုတ်ခဲ့သည်ကို ကမ္ဘာသူ ကမ္ဘာသားအားလုးံ စံနမူနာယူသင့်လှပါသည်။ နောက်ဆုးံဘ၀တွင်လည်း ထိုစဉ်က ဥရုဝေလခေါ် (ယခုအခါဒေသခံများက ဒုံဟာဆီရိခေါ်) ဤနေရာတစ်ဝိုက်၌ ခြောက်နုစ်ပတ်လုးံ ဒုက္ကစရိယာ ကျင့်တော်မူပြီးနောက်ဆုးံ မဟာသက္ကရာဇ် (၁၀၃)ခု၊ ဘီစီ (၅၈၉) ခု ကဆုန်လပြည့်နေ့ညတွင် မဟာဗောဓိညောင်ပင် အောက်တွင် မာရ်ငါးပါးကို အောင်မြင်တော်မူကာ ဉာဏ်တော်()ပါးလုးံကို အစဉ်အတိုင်းရရှိတော်မူပြီး၍ ဘုရားအဖြစ်သို့ရောက်ရှိတော်မူခဲ့ပါသည်။        မြတ်စွာဘုရား ပရိနိဗ္ဗာန်မပြုမီ  အာနန္ဒာ မထေ၇်မြတ်အားမှာကြားတော်မူခဲ့သည်မှာလည်း ချစ်သားအာနန္ဒာ .. ငါဘုရားကိုယ်တော်မြတ် မရှိတော့ပေမယ့် ငါဘုရား၇ှင် ကိုယ်တော်မြတ် ဗောဓိဉာဏ်ကိုရသွားတဲ့နေရာကို သွားပြီးတော့ဖူးမြော်ကြတဲ့။ သဒ္ဓါတရားရှိကြတဲ့ အမျိုးကောင်းသား ၊အမျိုးကောင်းသမီး အပေါင်းသူတော်ကောင်းတွေဟာ ငါဘုရားကွယ်ပြီးနောက်ပိုင်းမှာ ဗောဓိဉာဏ်ကို ရသွားတဲ့နေရာကို သွားပြီးတော့ ဖူးမြော်ကြည်ညိုကြမယ်ဆိုရင် ငါဘုရားရှင်ကိုယ်တော်မြတ်ကို ဖူးရသလိုဘဲ ကုသိုလ်တရားတွေ တိုးပွါးနိုင်တယ်ဆိုပြီးတော့  မဟာဗောဓိ (ဗုဒ္ဓဂယာ) ကို ဒုတိယ သံဝေဇနိယဌာနကို ညွန်ပြတော်မူခဲ့ပါတယ်ဆိုတဲ့အကြောင်းကို ဓမ္မလရိပ်သို့ အလည်ရောက်ရှိလာကြသော ဓမ္မမိတ်ဆွေများ စာဖတ်ခြင်းဖြင့် နုလုးံအိမ်မှာ ကုသိုလ်ရပါစေခြင်း အကျိုးငှါ ကုသိုလ်ရလိုသော ဇောစိတ်ဆန္ဒဖြင့် ရေးသားတင်ပြလိုက်ပါသည်။
အရှင်စန္ဒိမာ (ဓမ္မလရိပ်)

No comments:

Post a Comment