*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****သစ်ပင်အရိပ် ဆွေမျိုးရိပ်နှင့် မိရိပ်ဘရိပ် ဆရာရိပ်ထက် မင်းရိပ်သည်သာ ဆင့်ဆင့်သာ၏။ ထိုမှတစ်ဖြာ မြတ်စွာဟောကြား တရားဆာယာ အရိပ်မှာကား လွန်စွာအေးမြ ချမ်းသာရ၍ မှီကြခိုသူ များဗိုလ်လူတို့ အပူခပ်သိမ်း ပ,ပျောက်ငြိမ်း၏ ။*****

Sunday, May 5, 2013

ဒါနထက်သာ မြတ်မေတ္တာ

"တစ်နေ့သုးံခါ၊ အိုးတစ်ရာဖြင့်၊ ချက်ကာထမင်း၊ ကျွေးမွေးခြင်းထက် ၊ မယွင်း စင်စစ်၊ နို့တစ်ညှစ်စာ၊ ကြိမ်သုးံခါမျှ၊ မေတ္တာပွားများ၊ ကျိုးကြီးမားသည် ၊ ဘုရား မြတ်စွာ  မိန့်ခွန်းတည်း။"
မြတ်စွာဘုရားရှင်က   လူတစ်ယောက်ဟာ နံနက် တစ်ကြိမ် ထမင်း အိုးကြီးတစ်ရာချက်ပြီး ကျွေးမွေး လှူဒါန်းတယ်။ နေ့လည် တစ်ကြိမ် ထမင်း အိုးကြီးတစ်ရာချက်ပြီး ကျွေးမွေးလှူဒါန်းတယ်။ ညနေ တစ်ကြိမ် ထမင်း အိုးကြီးတစ်ရာချက်ပြီး ကျွေးမွေး လှူဒါန်းတယ်။
      လူတစ်ယောက်ကတော့ နံနက် တစ်ကြိမ် နို့တစ်ညှစ်စာ မေတ္တာပွါးတယ်။ နေ့လည် တစ်ကြိမ် နို့တစ်ညှစ်စာ မေတ္တာပွါးတယ်။ ညနေ တစ်ကြိမ် နို့တစ်ညှစ်စာ မေတ္တာပွါးတယ်။
အဲဒီ ထမင်းအိုးကြီး တစ်ရာ ချက်ပြီးသုးံကြိမ်လှူတဲ့ အလှူဒါနထက် နို့တစ်ညှစ်စာ မေတ္တာသုးံကြိမ် ပွါးတာက  ပိုပြီးကျေးဇူးများတယ်လို့ မိန့်ဆိုထားပါတယ်။ 
တစ်ချို့တစ်ချို့သော သူတွေကတော့ မေတ္တာရဲ့ အကျိုးကျေးဇူးတွေကို မယုံကြည်ချင်ကြဘူးဆိုလို့ရှိရင် ခဏခဏ လက်တွေ့ကျကျ မေတ္တာပို့ အမျှဝေကြည့်ပါ ။ သိသာပါလိမ့်မယ်။ 
    ထို့ကြောင့်  မေတ္တာဘာဝနာကို  မှန်ကန်တဲ့ စိတ်ထားနဲ့ ယုံယုံကြည်ကြည် ထိထိမိမိသာ  ပုံမှန်ပွါးများမယ် ဆိုရင်  သိပ်ပြီးတော့ အပြုသဘောဆောင်တဲ့  အလားအလာ ကောင်းတွေကို တွေ့မြင် ခံစားရမှာ ဖြစ်ပါတယ်။

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ၊
အလှူ မှန်သမျှတွင်  တရားအလှူသည် အမြတ်ဆုးံ ၊
Dhamma- gift excels all other gifts.

                         အရှင် စန္ဒိမာ(ဓမ္မလရိပ်) 

Sunday, April 14, 2013

မွေးနေ့အတွက် စကားလက်ဆောင်


     “လူဘယ်ကစဟူသော မေးခွန်းကို ပညာရှင်များက အောက်ပါကဲ့သို့ အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ဆိုခဲ့ကြပါတယ်။ တစ်ချို့က မျောက်က ဆင်းသက်လာကြတယ် တစ်ချို့က ဗြာဟ္မာက ဆင်းသက်လာကြတယ်၊ တစ်ချို့က ကမ္ဘာမြေကြီးကဘွင်းခနဲ့ ပေါ်ထွက်လာကြတယ် စသဖြင့် အမျိုးမျိုး သုးံသပ် ဖွင့်ဆိုခဲ့ကြပါတယ်
တဖန် လူတစ်ယောက် သို့မဟုတ်  သတ္တ၀ါတစ်ဦး ဖြစ်လာဖို့အတွက် ပဋိသနေÎ နေခြင်း အမျိုးမျိုးရှိကြပြန်လေရာ .. ယနေ့မျက်မှောက်ခေတ် လူသားတွေကတော့ မိဘနှစ်ပါး၏ အကြောင်းဆုံ ကံအဟုန်ကြောင့် ဤကမ္ဘာမြေကြီးပေါ်မှာ လူသားဟူ၍ ဖြစ်ပေါ်လာရခြင်းပင် ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်  ကာမာဝစရ ကုသိုလ်ကံအဟုန်ကြောင့်  ကာမဘုံသား လူအဖြစ်ကို ရလာကြသည် မဟုတ်ပါလော။
မာတာ မိခင်ကျေးဇူးရှင်က  လူသား အဖြစ် မွေးဖွားသန့်စင် ပေးလိုက်သောနေ့ကို  မွေးနေ့ဟူ၍ သတ်မှတ်ခေါ်ဆိုကြပြီး၊ လူသားတစ်ယောက် ကမ္ဘာမြေကြီးမှာ ခြေချခွင့်ရသော ထိုနေ့သည်  မင်္ဂလာရှိသော နေ့ရက်လည်း ဖြစ်ပါတယ်။ ထိုကဲ့သို့ လူသားတစ်ယောက်အဖြစ်  ရပ်တည်ခွင့်ပေးလိုက်သော မင်္ဂလာရှိသော မွေးနေ့အချိန်ခါ သမယမှာ မင်္ဂလာရှိသော စကား မင်္ဂလာရှိသော အတွေး၊ မင်္ဂလာရှိသော အလုပ် များကို လုပ်ပါမှ  မင်္ဂလာရှိသော လူတစ်ဦး ဖြစ်လာပါမည်။
မင်္ဂလာ ဟူသည် မကောင်းသော အကုသိုလ် အညစ်အကြေးကို ပယ်ဖျောက်ပြီး ကောင်းသော ကုသိုလ်တရားများကို တိုးပွါးစေပါတယ်။ ထို့ကြောင့် အလွန်တရာမှ တိုတောင်းလှသော လူ့ဘ၀ ခဏတာ ပုထုဇဉ်လောကမှာ  ယခင်က မှားမိခဲ့သော အမှားများ၊ အကုသိုလ် အညစ်အကြေးများ  နောင်တစ်ခါ မဖြစ်ရအောင် ယခင်က ပြုလုပ်ခဲ့သော  ကုသိုလ်တရားများ ပိုပြီးတိုးပွါးလာအောင် မပြုလုပ်ဖြစ်သေးသော ကုသိုလ်တရားများကို  ပြုလုပ်ဖြစ်အောင် စသဖြင့်  သမ္မပ္ပဒါန်တရားကို လက်ကိုင်ထားရပါမည်။
ဘယ်ဘာသာ ဘယ်လူမျိုးပဲဖြစ်ဖြစ်  မွေးနေ့မှာ ပြန်လည် စဉ်းစားသင့်တာက
()  မိမိအတွက်ရော  သူတစ်ပါး အတွက်ပါ တစ်နှစ်တာ အတွင်း ဘာတွေလုပ်ပေးနိုင်ခဲ့လဲ
()  မိမိကို မွေးဖွားသန့်စင်ပေးလိုက်သော  မိဘနှစ်ပါးကို ဘာတွေကျေးဇူးပြုဖူးပြီလဲ
() မိမိ အပေါ်မှာ  ပညာသင်ပေးသော ဆရာများ အပေါ်မှာ ဘာတွေကျေးဇူးပြုဖူးပြီလဲ
() မိမိတို့၏ ဘာသာတရားများတည်တံ့၊ ခိုင်မြဲရေးအတွက် ဘာတွေလုပ်ပေးနိုင်ပြီလဲ  စသဖြင့်  ပြန်လည် စဉ်းစား သင့်ကြပါတယ်။
အသက် တစ်နှစ်ကြီးလာသည်နှင့်အမျှ လောက အကျိုးကို  တစ်နှစ်တိုး၍ ထမ်းဆောင်နိုင်ခဲ့ပြီဟု ကြွေးကြော်နိုင်သူက တကယ့်လူဖြစ်ပြီး မိမိအတွက်ရော သူတစ်ပါး အတွက်ပါ ဘာမှ လုပ်မပေးနိုင်သူက  လူ့အမိုက်သာ ဖြစ်ပါတော့မည်။
လေကမှာ မြတ်စွာဘုရား ပွင့်ထွန်းပေါ်ပေါက်လာရခြင်းဟာ  လူသားကောင်းကျိုးချမ်းသာ အတွက် လောက၏ ကောင်းကျိုးချမ်းသာ အတွက် ဖြစ်စေခဲ့သလို စာရေးသူ စာရူသူတို့  လူသားတစ်ယောက် အဖြစ်  လူ့လောကမှာ နေရခြင်းသည်လည်း လောကလူသားများ၏ ကောင်းကျိုးချမ်းသာ အတွက်သာ ဖြစ်သင့်ပါတယ်လို့တိုက်တွန်းဆန္ဒပြုရင်း...

14, 4, 2013. It turns to 32 !!! Today , I have received many lovely wishes for my birthday so thank you very much for your birthday wish via face book, text message, phone and viber. You all make my birthday complete. Thank you all for loving and care, you all make my day .

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ၊
အလှူ မှန်သမျှတွင်  တရားအလှူသည် အမြတ်ဆုးံ ၊
Dhamma- gift excels all other gifts.

                         အရှင် စန္ဒိမာ(ဓမ္မလရိပ်) 

Monday, March 25, 2013

အသွင်တူမှ အိမ်သူဖြစ်မယ်


လူရယ်လို့ဖြစ်လာလို့ရှိရင် လောက သဘာဝအရ ထိမ်းမြားမင်္ဂလာဆိုတာကို အချိန်တန်ရင် ပြုလုပ်ကြရပါတယ် ။ မြတ်စွာဘုရား လက်ထက်တော်အခါက  အမျိုးသားနဲ့ အမျိုးသမီး လက်ထပ်ထိမ်းမြားရေး၊ သားရေး ၊ သမီးရေး ၊လူမှူရေးနှင့်ပါတ်သက်၍ မြတ်စွာဘုရားရှင်၏ လမ်းညွန်သြ၀ါဒတရားတော်များ၊ ဗုဒ္ဓဘာသာ ဥပါသကာ၊ ဥပါသိကာမ မိဘများ၏ သွန်သင်ချက်များသည် ဗုဒ္ဓဘာသာ ယဉ်ကျေးမူအရ ထိမ်းမြားမင်္ဂလာပွဲ ဆင်နွဲ့ကြသူများအတွက် အင်မတန်မှ အတုယူ စံနမူနာများပင် ဖြစ်ပါတယ်။ ။
မိဘများ လိုက်နာရမည့် ကျင့်ဝတ်ငါးပါးကို ဟောကြားတော်မူရာ၌ “မကောင်းမြစ်တာ၊ ကောင်းရာညွန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ၀တ်ငါးအင် ၊ ဖခင်မယ်တို့တာ” ဟူ၍ ထိမ်မြားမင်္ဂလာပြုလုပ်ပေးရမယ်ဟု ညွန်ပြတော်မူခဲ့ပါတယ် ။ ။
မိဘတွေဘက်က သား သမီးကို ထိမ်းမြားခြင်းဆိုတဲ့ ဤနေရာမှာ  အလေးအနက် ထားလျှက် “ပကတိရူပေန ဒါနေန သံယောဇန္တိ”  မိမိတို့၏ မျိုးရိုးစဉ်လာ၊ ကိုးကွယ်သည့်ဘာသာ၊ရုပ်ဆင်း အင်္ဂါ၊ ကျုယ်ကျင့်သီလ စသည်တို့ဖြင့်  သင့်လျှော်လျောက်ပတ်သည့် အမျိုးသား အမျိုးသမီးများနှင့် ထိမ်းမြားပေးရမည်ဟု ထပ်ဆင့်ညွန်ပြတော်မူခဲ့ပါတယ်။
ဘ၀တစ်သက်လုးံ အိမ်ထောင်ဘက်အဖြစ် တစ်ဦးနှင့်တစ်ဦး ရွေးချယ်ကြရာ၌ ..
(၁) သမသီလ၊ အကျင့်စရိုက်=သီလချင်းတူညီရမယ်။
(၂) သမစာဂ၊ အလှူအတန်းရက်ရောမူ=စေတနာချင်း၊၀ါသနာချင်းတူညီရမယ်။
(၃) သမသဒ္ဓါ၊ ကံကံ၏အကျိုးကိုယုံကြည်မူ=ရတနာသုးံပါးတို့အပေါ် ယုံကြည်မူချင်းတူညီရမယ်။
(၄) သမပညာ၊ အသိဥာဏ်=ကိုးကွယ်ယုံကြည်မူ ဘာသာအယူဝါဒချင်းလည်းတူညီရမယ်။
ထိုကဲ့သို့သော အိမ်ထောင်ဘက်တို့ လက်ချင်းဆက်ကြပါမူ  ယခုဘ၀၌လည်း အိမ်ထောင်ရေး သာယာ ချမ်းမြေ့ကြပြီး နောင်ဘ၀ အဆက်ဆက်မှာလည်းပဲ မကွဲမကွာ လက်တွဲမဖြုတ်ကြဘဲ ပါရမီရှင် အိမ်ထောင်ရှင်များ အမှန်ပင်ဖြစ်ကြပေမည်ဟု မြတ်စွာဘုရားရှင်က အတိအလင်း ဟောကြားတော်မူခဲ့ပါတယ်။
 အသွင်တူမှ  အိမ်သူဖြစ်နိုင်သည်ဟူသော  မြန်မာစကားပုံအတိုင်း အိမ်ထောင်ဘက်ချင်း အသွင်တူစေရန် အရေးကြီးလှသဖြင့်  အသွင်တူသည့် အိမ်ထောင်ဘက်လေးမျိုးမှာ …..
(၁) အကျင့်သီလကင်းမဲ့၍ လွဲမှားသော မိစ္ဆာအယူရှိသည့် အမျိုးသားနှင့်  အမျိုးသမီးထိမ်းမြားမှူ။
(၂)အကျင့်သီလနှင့်ပြည့်စုံ၍ မှန်ကန်သော ဘာသာအယူဝါဒတူ သမ္မာဒိဌိအယူမှန်ရှိသော အမျိုးသားနှုင့်  အမျိုးသမီးတို့ထိမ်းမြားမှူ။
(၃) အကျင့်သီလ ကင်းမဲ့၍ လွဲမှားသော မိစ္ဆာအယူရှိသည့် အမျိုးသားနှင့်  အကျင့်သီလနှင့်ပြည့်စုံ၍ မှန်ကန်သော သမ္မာဒိဌိ အယူရှိသူအမျိုးသမီးတို့ ထိမ်းမြားမှူ၊
(၄)အကျင့်သီလနှင့် မှန်ကန်သော သမ္မာဒိဌိ အယူရှိသော အမျိုးသားနှင့်  အကျင့်သီလကင်းမဲ့၍ လွဲမှားသော မိစ္ဆာဒိဌိအယူရှိသည့် အမျိုးသမီးတို့ ထိမ်းမြားမှူဟု.. ထိမ်းမြားမူလေးမျိုးရှိပါတယ်။
ထိုလေးမျိုးတို့တွင် နံပါတ်(၂)ဖြစ်တဲ့  အသွင်တူချင်းအိမ်ထောင်ဘက်ပြုခြင်းဟာ ကောင်းမြတ်ပြီး မင်္ဂလာရှိပါတယ်။
“အိမ်ထောင်မှူ၊ ဘုရားတည်၊ ဆေးမင်ရည်စုပ်ထိုး၊ ဤသုးံချက် မပိုင်လျှင် နောင်ပြင်နိုင် ခက်သည့်အမျိုး” ဟူသော  ပညာရှိများအဆိုအရ .. နောင်သောအခါဝယ် ပြုပြင်ပြောင်းလဲရန် ခဲရမ်းလှပြီး သံသရာ တစ်လျှောက်လုးံ နစ်မွန်းနိုင်သော  လုပ်ငန်းမျိုးဖြစ်သဖြင့်  ကိုးကွယ်ယုံကြည်မူကွဲပြားသောသူတို့နှင့် လုးံဝ ထိမ်းမြားမှူ မပြုလုပ်ရန် အထူးသတိထား ဆင်ခြင်ရပါမယ်။
အသွင်မတူပါက တစ်သက်လုးံ အိမ်ထောင်ဘက် အဖြစ် ရွေးချယ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။  အမျိုးသားရော ၊ အမျိုးသမီးပါ နှစ်ဦးစလုးံ … သဒ္ဓါတူ၊ ပညာတူ၊ သီလတူ၊ အသက်မွေးစင်ကြည်မူ တူညီကြပါမူ ဤဘ၀တွင်လည်း သာယာမူပြည့်ဝ၊ ပျော်ရွှင်မူထာဝရ ရရှိနိုင်သော အိမ်ထောင်ရှင်များ  အမှန်ပင် ဖြစ်ကြပြီး နောင်ဘ၀ သံသရာ၌လည်း  နတ်ပြည်လောကသို့ ဧကန်မုချ ရောက်ကြပါလိမ့်မယ်။  

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ၊
အလှူ မှန်သမျှတွင်  တရားအလှူသည် အမြတ်ဆုးံ ၊
Dhamma- gift excels all other gifts.

                         အရှင် စန္ဒိမာ(ဓမ္မလရိပ်)