*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****သစ်ပင်အရိပ် ဆွေမျိုးရိပ်နှင့် မိရိပ်ဘရိပ် ဆရာရိပ်ထက် မင်းရိပ်သည်သာ ဆင့်ဆင့်သာ၏။ ထိုမှတစ်ဖြာ မြတ်စွာဟောကြား တရားဆာယာ အရိပ်မှာကား လွန်စွာအေးမြ ချမ်းသာရ၍ မှီကြခိုသူ များဗိုလ်လူတို့ အပူခပ်သိမ်း ပ,ပျောက်ငြိမ်း၏ ။*****

Friday, December 17, 2010

သင်္ဂဟ( ချီးမြှောက်ထောက်ပံ့ရေး) တရားလေးပါး

                  မိဘ နုင့်သားသမီး၊ ဆရာနုင့်တပည့် ၊မိတ်ဆွေအသင်းအပင်း လူသားအချင်းချင်း ပေါင်းသင်းဆက်ဆံကြရာဝယ် သင်္ဂဟ လို့ခေါ်တဲ့ချီးမြှောက်ထောက်ပံ့ရေးတရား အလွန်လိုအပ်ပါတယ်။ ဒီတရားဟာ အချင်းချင်း စည်းလုးံညီညွတ်မူ၊ ချစ်ခင်မူ၊ ငြိမ်းချမ်းမူကို အမှန်ပင် ဖြစ်စေတတ်ပါတယ်။
 သင်္ဂဟ (ချီးမြှောက်ထောက်ပံ့မူ)တရားလေးပါးကား  
(၁) ဒါန - ထောက်ပံ့ပေးကမ်းမူ
      လူအချင်းချင်း ပေါင်းသင်းဆက်ဆံသောအခါ  ထောက်ပံ့ပေးကမ်းခြင်းဖြင့် ချီးမြှောက်ထိုက်သူကို ထောက်ပံ့ပေးကမ်းမူဖြင့်သာ ပေါင်းသင်းရမည်။
(၂) ဝေယျာဝေစ္စ- ချစ်ခင်မြတ်နိုးဖွယ်ရာ ချိုသာသောစကား ဆိုမူ
          ပေးကမ်းမူကိုအလိုမရှိ ချစ်မြတ်နိုးဖွယ်ရာ ချိုချိုသာသာ ပြောဆို ဆက်ဆံမူကိုသာ အလိုရှိသောသူအား ချိုချိုသာသာ ပြောဆိုမူဖြင့်သာ ပေါင်းသင်းရမည်။
(၃) အတ္ထစရိယ- ကြီးပွါးတိုးတက်ကြောင်းကို သွန်သင်ညွန်ကြားမူ
          ပေးကမ်းမူစသည်ကို အလိုမရှိ ၊ မိမိဘ၀၏ ကြီးပွါးတိုးတက်ရေးကို လိုလားသော သူအား  ကြီးပွါးတိုးတက်ကြောင်းကို သွန်သင်ညွန်ပြ ပေးကမ်းမူဖြင့်သာပေါင်းရမည်။
(၄) သမာနတ္ထတာ- နေထိုင်စားသောက်ရာဝယ် မိမိနုင့် ထပ်တူပြုမူ
                    ပေးကမ်းမူစသည်ကို အလိုမရှိ၊ နေထိုင်စားသောက်မူ စသည်တို့တွင် ခွဲခြားမူမပြုဘဲ မိမိနုင့်တန်းတူပြုမူကိုသာအလိုရှိသောသူအား မိမိနုင့် ထပ်တူပြုမူနုင့်သာ ပေါင်းသင်းရမည်။ 
 ထို သင်္ဂဟ (ချီးမြှောက်ထောက်ပံ့ရေး) တရားတို့ကို ပြုအပ်၏ ဟု ပညာရှိတို့ မှတ်ယူကုန်သောကြောင့် ကြီးမြတ်သည် ဖြစ်သို့ရောက်ကုန်၏။ ချီးမွမ်းလည်း ချီးမွမ်းထိုက်ကုန်၏ ထို့ကြောင့် ဓမ္မလရိပ်ဝယ် အလည်ရောက်ရှိလာသော ဓမ္မမိတ်ဆွေများ  ဤတရားလေးပါးကို သိရှိရခြင်းဖြင့်  လူ့လောက၀ယ် နေတတ်ထိုင်တတ် ပေါင်းသင်းတတ်ကြပါစေကြောင်း .......... မေတ္တာဖြင့် ..
 အရှင် စန္ဒိမာ (ဓမ္မလရိပ်)


     
                 


Is there only one Buddha?

According to the text there are three classes of Buddha, namely, Samma sam Buddha (the Supreme Buddha), Pacceka Buddha (the Solitary Buddha), and Anu-Buddha or Arahat disciple (the disciple pf the Supreme Buddha.) A supreme Buddha is the Buddha who discovers the law by himself and possesses unexcelled qualities of teacher, that make him the greatest moral teacher in the world. A supreme Buddha only arises in the time when the Dhamma is completely forgotten by men. Aeons and aenos elapse between each appearance of a supreme Buddha. Siddhatta Gotama is the Supreme Buddha of our time.
             A Solitary Buddha, too, discovers the law by himself in the time when people are ignorant of the Dhamma, but he has no qualities of a teacher. Though he may not make them acquire right understanding deep enough to help them to attain Nibana. Yhus a solitary Buddha has no disciples but there may be several solitary Buddhas living together, each one having discovered the law by himself.
             An Anu-Buddha or Arahta disciple is one who attains enlightenment by following the precepts of a supreme Buddha. Some arahats are great teachers who may help others reach Nibana, but they have to learn the Dhamma from the Supreme Buddha before they can teach others.
Written by  Ashin Sandi (Dhammalayeik)

Monday, December 13, 2010

လောကဓံ တရားရှစ်ပါး

 ဖုဌဿ လောက ဓမ္မေဟိ  စိတ္တံယဿ နကမ္ပတိ။  လောကဓံ တရား ရှစ်ပါးနုင့်တွေ့ကြုံရင်ဆိုင်ရ၍ ဘ၀၏ အတက်အကျ  ကောင်းခြင်း ဆိုးခြင်းများ နုင့်ပါတ်သက်၍ မတုန်မလှုပ် ရပ်တည် နေနိုင်ခြင်းသည် ကောင်းမြတ်သော မင်္ဂလာတစ်ပါးဖြစ်ပါသည်။
To Stand steadfastly with an unshaken mind when one is confronted with the ups and downs of life associated with the eight worldly conditions is a noble blessing.
ဒီလောကဓံ တရား ရှစ်ပါးဆိုတာကတော့
(၁) လာဘ  ... ပစ္စည်းဥစ္စာရခြင်း
 (၂) အလာဘ.. ပစ္စည်း ဥစ္စာမရခြင်း
(၃) ယသ ...     အခြွေအရံပေါများခြင်း
(၄)အယသ .  .အခြွေအရံမရှိခြင်း
(၅)နိန္ဒာ...        အကဲ့အရဲ့ခံခြင်း
(၆) ပသံသာ..  အချီးမွမ်းခံရခြင်း
(၇) သုခံ..        ချမ်းသာခြင်း
(၈) ဒုက္ခံ .......  ဆင်းရဲခြင်း ။
 The eight worldly condition are;
(1) Labha ....= Gain
(2)Alabha.....= Loss
(3)Yassa..,,,,.= Fame
(4) Ayassa....= Dishonour
(5) Ninda......= Blame
(6) Pasansa...= Praise
(7) Sukha......= Well being
(8) Dukkha...= Misery.
ဒီလောကဓံတရား ရှစ်ပါးနုင့် ကြုံတွေတဲ့အခါ ဘယ်တော့မှ စိတ်ကို မတုန်ပါစေနုင့်.။ ။ ။ ဘ၀ကို  ရိုးရိုးသားသား အေးအေးဆေးဆေး နုင့်သာ နေတတ်ထိုင်တတ်ဖို့သာ အဓိက အရေးကြီးပါတယ်။
 အရှင်စန္ဒိမာ (ဓမ္မလရိပ်)..

BUDDHA

 What  is the meaning of the word " Buddha"?
             The word  " Buddha" is not a personal name; it is a title given to the discoverer of the law of Truth  known as the Buddha-Dhamma.  His real name is Siddhattha Gotama, a Sakya Prince  of Nepal. He made this discovery at the age  of thirty five on the full moon day of May about the year  589 B.C. "Buddha" means the fully Awakened or Enlightened one.
 written by  Ashinsandi ( Dhammalayeik)

Thursday, December 2, 2010

ပညာရှိ သူတော်ကောင်းနုင့် ပေါင်းသင်းရကျိုး

               ဘုရားရှင်လက်ထက်တော်အခါက  အရှင်အာနန္ဒာ တစ်ပါးတည်းဆိတ်ဆိတ်နေပြီး အတွေးတစ်ခုကို စိတ်ကူးမိတယ်။သူတော်ကောင်းများဟာအလွန်တန်ဖိုးရှိလှတယ်။သူတော်ကောင်းပုဂ္ဂိုလ်များနဲ့ တွေ့ရပေါင်းသင်း
ရတာဟာအလွန်အကျိုးများတယ်လို့ ၀မ်းမြောက်ဝမ်းသာစိတ်ကူးနေမိတယ်။  ရသမျှ ကောင်းမူတွေဟာ တစ်ဝက်လောက်ကတော့ သူတော်ကောင်းပုဂ္ဂိုလ်ကို အမှီပြုပြီးတော့ ရတာကြောင့် ကိစ္စကတော့  ပြီးနေတာဘဲ .. ကျန်တစ်ဝက်ကတော့ ကိုယ်တိုင်ကြိုးစားအားထုတ်လို့ ရတယ်လို့ သူ့အတွေး သူ့စိတ်ကူး သူ့ဆုးံဖြတ်ချက်နဲ့ သူကောင်းလှပြီ မှန်လှပြီလို့ ထင်မှတ်နေတယ်။ ဒါနဲ့ဘဲ သူ့စိတ်ကူး သူ့အမြင်ကို မြတ်ဗုဒ္ဓကို အားရပါးရသွားပြီးတော့  လျှောက်ထားတယ်။ " မြတ်စွာဘုရား သူတော်ကောင်းနဲ့ ပေါင်းရတာကတော့ သိပ်အကျိုးများတာဘဲဘုရား  ကုသိုလ်တစ်ဝက်ကတော့ ဘာမှ မလုပ်ဘဲနဲ့ တိုးသွားတာပဲ"လို့ အရှင်အာနန္ဒာ က မြတ်စွာဘုရားကိုလျှောက်တော့   မြတ်စွာဘုရားက.... "အာနန္ဒာ  ဒီလို မပြောပါနဲ့ ... ဒီလို လုးံဝ မပြောပါနဲ့ ၊ သူတော်ကောင်းပေါင်းရလို့  ရသမျှကုသိုလ်တွေဟာ သူတော်ကောင်းကြောင့်ချဉ်း ရတာဘဲလို့ ၊ တစ်ဝက်မကဘူး  အကုန်လုးံသူတော်ကောင်းကြောင့်ဘဲ  ရတယ်လို့မှတ်ပါ ။  အာနန္ဒာ .. ငါဘုရားတည်းဟူသော သူတော်ကောင်းကို ပေါင်းကြရလို့ တစ်သံသရာလုးံ တစ်အိုထဲ အိုနေမယ့်သူတွေ  တစ်နာတည်းနာနေမယ့်သူတွေ တစ်သေတည်း သေနေရမယ့်သူတွေ ကြည့်စမ်း.. မအိုရတော့ဘူး . မနာရတော့ဘူး မသေရတော့ဘူး .  ရဟန္တာတွေဖြစ်လို့ ပရိနိဗ္ဗာန်စံဝင်ကြရပါတယ်။  ဒါ..ငါဘုရားရှင်နဲ့ပေါင်းလို့ ၊ ငါဘုရားနဲ့သာ မပေါင်းရလို့ရှိရင် တစ်ခုမှဖြစ်မှာ မဟုတ်ဘူး ။ ခုတော့ ဗုဒ္ဓမြတ်စွာနဲ့ ပေါင်းရလို့ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ပြီးကင်းပြီးတော့ နေကြရ သွားကြရတယ်။ သူတော်ကောင်းနဲ့ပေါင်းရလို့ ကုသိုလ်တွေရသမျှသူတော်ကောင်းကြောင့်ရတာ၊ တစ်ဝက်မကဘူး အကုန်ရတယ်" လို့ ဒီလို ဘုရားရှင်က မိန့်တော်မူခဲ့တယ်။ မြတ်ဗုဒ္ဓဟောတော်မူတော့ မှ အရှင် အာနန္ဒာလည်း ဟုတ်သားဘဲကိုး ဒါသူတော်ကောင်းနဲ့ ပေါင်းရတာ ကုသိုလ်တွေသိပ်ရတာ ဟုတ်ပေသားပဲလို့ ၊ သူ့စိတ်ကူးတွေသူ့အတွေးတွေ လွဲချော်ခဲ့ရတာကို သိမြင်သွားခဲ့ပါတယ်။ 
အရှင်စန္ဒိမာ (ဓမ္မလရိပ်)