*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****သစ်ပင်အရိပ် ဆွေမျိုးရိပ်နှင့် မိရိပ်ဘရိပ် ဆရာရိပ်ထက် မင်းရိပ်သည်သာ ဆင့်ဆင့်သာ၏။ ထိုမှတစ်ဖြာ မြတ်စွာဟောကြား တရားဆာယာ အရိပ်မှာကား လွန်စွာအေးမြ ချမ်းသာရ၍ မှီကြခိုသူ များဗိုလ်လူတို့ အပူခပ်သိမ်း ပ,ပျောက်ငြိမ်း၏ ။*****

Friday, December 17, 2010

သင်္ဂဟ( ချီးမြှောက်ထောက်ပံ့ရေး) တရားလေးပါး

                  မိဘ နုင့်သားသမီး၊ ဆရာနုင့်တပည့် ၊မိတ်ဆွေအသင်းအပင်း လူသားအချင်းချင်း ပေါင်းသင်းဆက်ဆံကြရာဝယ် သင်္ဂဟ လို့ခေါ်တဲ့ချီးမြှောက်ထောက်ပံ့ရေးတရား အလွန်လိုအပ်ပါတယ်။ ဒီတရားဟာ အချင်းချင်း စည်းလုးံညီညွတ်မူ၊ ချစ်ခင်မူ၊ ငြိမ်းချမ်းမူကို အမှန်ပင် ဖြစ်စေတတ်ပါတယ်။
 သင်္ဂဟ (ချီးမြှောက်ထောက်ပံ့မူ)တရားလေးပါးကား  
(၁) ဒါန - ထောက်ပံ့ပေးကမ်းမူ
      လူအချင်းချင်း ပေါင်းသင်းဆက်ဆံသောအခါ  ထောက်ပံ့ပေးကမ်းခြင်းဖြင့် ချီးမြှောက်ထိုက်သူကို ထောက်ပံ့ပေးကမ်းမူဖြင့်သာ ပေါင်းသင်းရမည်။
(၂) ဝေယျာဝေစ္စ- ချစ်ခင်မြတ်နိုးဖွယ်ရာ ချိုသာသောစကား ဆိုမူ
          ပေးကမ်းမူကိုအလိုမရှိ ချစ်မြတ်နိုးဖွယ်ရာ ချိုချိုသာသာ ပြောဆို ဆက်ဆံမူကိုသာ အလိုရှိသောသူအား ချိုချိုသာသာ ပြောဆိုမူဖြင့်သာ ပေါင်းသင်းရမည်။
(၃) အတ္ထစရိယ- ကြီးပွါးတိုးတက်ကြောင်းကို သွန်သင်ညွန်ကြားမူ
          ပေးကမ်းမူစသည်ကို အလိုမရှိ ၊ မိမိဘ၀၏ ကြီးပွါးတိုးတက်ရေးကို လိုလားသော သူအား  ကြီးပွါးတိုးတက်ကြောင်းကို သွန်သင်ညွန်ပြ ပေးကမ်းမူဖြင့်သာပေါင်းရမည်။
(၄) သမာနတ္ထတာ- နေထိုင်စားသောက်ရာဝယ် မိမိနုင့် ထပ်တူပြုမူ
                    ပေးကမ်းမူစသည်ကို အလိုမရှိ၊ နေထိုင်စားသောက်မူ စသည်တို့တွင် ခွဲခြားမူမပြုဘဲ မိမိနုင့်တန်းတူပြုမူကိုသာအလိုရှိသောသူအား မိမိနုင့် ထပ်တူပြုမူနုင့်သာ ပေါင်းသင်းရမည်။ 
 ထို သင်္ဂဟ (ချီးမြှောက်ထောက်ပံ့ရေး) တရားတို့ကို ပြုအပ်၏ ဟု ပညာရှိတို့ မှတ်ယူကုန်သောကြောင့် ကြီးမြတ်သည် ဖြစ်သို့ရောက်ကုန်၏။ ချီးမွမ်းလည်း ချီးမွမ်းထိုက်ကုန်၏ ထို့ကြောင့် ဓမ္မလရိပ်ဝယ် အလည်ရောက်ရှိလာသော ဓမ္မမိတ်ဆွေများ  ဤတရားလေးပါးကို သိရှိရခြင်းဖြင့်  လူ့လောက၀ယ် နေတတ်ထိုင်တတ် ပေါင်းသင်းတတ်ကြပါစေကြောင်း .......... မေတ္တာဖြင့် ..
 အရှင် စန္ဒိမာ (ဓမ္မလရိပ်)


     
                 


No comments:

Post a Comment