*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****သစ်ပင်အရိပ် ဆွေမျိုးရိပ်နှင့် မိရိပ်ဘရိပ် ဆရာရိပ်ထက် မင်းရိပ်သည်သာ ဆင့်ဆင့်သာ၏။ ထိုမှတစ်ဖြာ မြတ်စွာဟောကြား တရားဆာယာ အရိပ်မှာကား လွန်စွာအေးမြ ချမ်းသာရ၍ မှီကြခိုသူ များဗိုလ်လူတို့ အပူခပ်သိမ်း ပ,ပျောက်ငြိမ်း၏ ။*****

Thursday, November 18, 2010

လိုအပ်မှပြောပါ

ဘာစကားပဲဖြစ်ဖြစ်
လိုအပ်မှပြောတာပဲကောင်းပါတယ်။
လောလောဆယ်ပြောဖို့မလိုအပ်သေးရင်
တစ်စက္ကန့်လေးပဲဖြစ်ဖြစ် ၊ တစ်မိနစ်
လေးပဲဖြစ်ဖြစ်အချိန်ဆိုင်းထားလိုက်ပါ ။
နောက်တစ်နာရီမှပြောသင့်တဲ့စကား
နောက်တစ်နာရီမှပြောပါ။ သတိရတုန်း
ဆိုပြီးချက်ချင်းမပြောလိုက်ပါနဲ့ ။
နောက်တစ်ရက်မှပြောသင့်တဲ့စကား
နောက်တစ်ရက်မှပြောပါ။ မေ့သွားမှာစိုးလို့ဆိုပြီးဒီနေ့မပြောလိုက်ပါနဲ့။
ကိုယ့်အတွက်လည်းဘာမှအကျိုးမရှိ
သူ့အတွက်လည်း ထိခိုက်နစ်နာစေမယ့်
စကားမျိုးဆိုရင်မှန်နေတောင်မှလုံးမပြောပါနဲ့။
လုပ်ကြံပြီးပြောဖို့ကတော့ စိတ်ကူးထဲတောင်မထည့်ပါနဲ့။
အရှင်စန္ဒိမာ(ဓမ္မလရိပ်)

Tuesday, November 16, 2010

*စေတနာ*




          

 "ကံ" တရားကို မြတ်စွာဘုရားရှင်က  စေတနာ (Volition) ဟု ဟောတော်မူခဲ့ပါတယ်။  စေတနာဟူသည်မှာကား  ပါဠိ ဝေါဟာရသာဖြစ်ပြီး  ၄င်း၏ အဓိပ္ပါယ်မှာ  စေ့ဆော်ခြင်း တိုက်တွန်းခြင်းပင် ဖြစ်ပါသည်။ စေတနာဟူသည် သဗ္ဗစိတ္တသာဓာရဏ စေတသိက်ဖြစ်၍ စိတ်အားလုးံနုင့်ဆက်ဆံသည်။ မနုစ်သက်ဖွယ်ရာ  ငရဲတိရိစ္ဆာန်စသော ဘ၀ဆိုးကို ဖြစ်စေတတ်သော အကုသိုလ်စိတ်နုင့်လည်း ဆက်ဆံသည်။ နုစ်သက်ကြည်နုးဖွယ် စိတ်ဝင်စားဖွယ်ကောင်းသော ကောင်းသောဘ၀ပုံရိပ်များစွာကို ဖြစ်စေတတ်သော ကုသိုလ်တရားတို့နုင့်လည်း ဆက်ဆံလေသည်။  လောဘ ဒေါသ မောဟစသော အကုသိုလ်တရားတို့နုင့် ယှဉ်တွဲသောစေတနာ "ကံ" သည် ငရဲတိရိစ္ဆာန် ပြိတ္တာ အသူရကာယ် တည်းဟူသော  မကောင်းသောဘုံဘ၀သို့ရောက်စေတတ်သည် ။ အလောဘ အဒေါသ အမောဟ စသော ကုသိုလ်တရားတို့နုင့်ယှဉ်သော  စေတနာကံသည်  လူနတ် ဗြဟ္မာ တည်းဟူသော မြင့်မြတ်သော သုဂတိ ဘ၀များသို့ ရောက်စေတတ်ပါသည် ဆိုတဲ့ အကြောင်းကို သိရှိရခြင်းဖြင့်  စေတနာတည်းဟူသော ကံ တရား၏ အကျိုးပေးပုံချင်းမတူသည်ကို  တရားသဘောဖြင့်   မြင့်နိုင်ပါစေကြောင်း ဓမ္မလရိပ်မှ တိုက်တွန်းဆန္ဒပြုလိုက်ပါတယ်။
အရှင်စန္ဒိမာ (ဓမ္မလရိပ်)

Friday, November 5, 2010

စွန့်လွှတ်သူတို့ ပျော်ပွဲ

                                              လောကမှာ မိဘဆိုတာ သားသမီးတို့အတွက်စွန့်လွှတ်သူ။ ဆရာဆိုတာ တပည့်တို့အတွက်စွန့်လွှတ်သူ။ ပစ္စည်းလေးပါး ဒကာ ဒကာမဆိုတာ သာသနာ အတွက် စွန်လွှတ် သူများဖြစ်ကြပါတယ်။ စွန့်လွှတ်သူဆိုတာ စွန့်လွှတ်သူလို စိတ်ထားမျိုးရှိရမယ်။ ကိုယ့်ကိုလူသိဖို့မလိုဘူး ။ ကိုယ်လွှတ်တဲ့စွန် တက်နေတာကိုကြည့်ပြီး ၀မ်းမြောက်တတ်ရမယ် ဆိုတဲ့အကြောင်းနဲ့ ဒကာ ဒကာမများက ရှင်ရဟန်းဆိုတဲ့ စွန်တွေကို ပစ္စည်းလေးပါးဆိုတဲ့ ကြိုးနဲ့ လွှတ်တင်နေကြသလို ဆရာဖြစ်တဲ့ရှင်ရဟန်းများက  ဒကာဒကာမများကို ဓမ္မဆိုတဲ့ ကြိုးနဲ့လွှတ်တင် ပေးကြရပါမယ်။ လွှတ်လည်း လွှတ်ပေးနေကြတယ်။ သဒ္ဓါတရားခိုင်မြဲပြီ သရဏဂုံမြဲပြီ သီလမြဲပြီ စသည်ဖြင့် အဆင့်ဆင့်တက်နေတာကို ကြည့်ပြီး ၀မ်းမြောက်ကြရပါတယ်ဆိုတဲ့အကြောင်းနဲ့  လောကမှာတော့  တက်လူကျလူ ဆိုတာ အသက်အရွယ် ငယ်သူနဲ့ ကြီးသူ တို့ကို ခွဲခြားခေါ်ကြတယ်။ ဓမ္မနယ်ပယ်မှာတော့ အကုသိုလ်ဒုစရိုက်ထူပြောသူများဟာ ကျလူဖြစ်ပြီး  ကုသိုလ်သုစရိုက် များပြားသူများဟာ တက်လူ ဖြစ်တယ်လို့  ဘုရားရှင် သတ်မှတ် တော်မူခဲ့ပါတယ်။  လောကီကုသိုလ်တွေထဲမှာ ခန္ဓာရဲ့အရှိကို သတိကပ် ပြီး ရူမှတ်ပွါးများတဲ့ ၀ိပဿနာ ကုသိုလ်ဟာ အမြင့်ဆုးံဖြစ်တယ်။  ဒါကြောင့် အသက်အရွယ်ဘယ်   လောက်ဘဲကြီးနေနေ  ခန္ဓာရှိကို သတိကပ် သိမှတ်နေသူများဟာ အသက်ရူလို့ ရနေသေးသမျှ တက်လူများဖြစ်ကြပါတယ်။  ဒါကြောင့်  ရရှိလာတဲ့ဘ၀နဲ့ခန္ဓာကို  တက်လူများအဖြစ်နဲ့ နိဂုးံချုပ်နိုင်ကြပါစေလို့  ဓမ္မလရိပ်မှ တိုက်တွန်းလိုက်ပါတယ်။

 အရှင်စန္ဒိမာ (ဓမ္မလရိပ်)

Thursday, November 4, 2010

တန်ဖိုးရှိတဲ့စကားတွေ (၄)

 မိဘကို ရိုသေလေးစားတယ်ဆိုတာ အဝေးကနေပြီး ရိုသေနေလို့ပြီးတာမဟုတ်ဘူး။
 မိဘ ရှိရာကို အနည်းဆုးံ တစ်နုစ်တစ်ခါ အရောက်သွားပြီး ပူဇော် ကန်တော့ရတယ်။

တန်ဖိုးရှိတဲ့စကားတွေ (၃)

ကိုယ်မလိုချင်တာ သူများကိုလုးံဝ မပေးပါနှင့်။
ကိုယ်လိုချင်တာ သူများကို အကုန်ပေးပါ။
ကိုယ်ပေးထားတဲ့အတိုင်း  ကိုယ်ပြန်ရလိမ့်မယ်။ 
                ( တောရ ဆရာတော်ကြီး)

တန်ဖိုးရှိတဲ့စကားတွေ (၂)

မကောင်းတာ (၁၀၀)ကိုမလိုချင်နဲ့၊ အကောင်းတစ်ခုကို ရအောင်ယူပါ။ ပညာသင်တယ်ဆိုတာ အရှိကို အသိက နိုင်အောင်လို့ သင်ရတာ၊ အရှိကို အသိကမနိုင်ရင်  အရှိနိုပ်စက်တာကိုခံရမယ်။

တန်ဖိုးရှိတဲ့စကားတွေ (၁)

သေချင်တဲ့ကျား တောပြောင်းဆိုတာရှိသလို တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုတာလည်းရှိတယ် ။
သွားပါများ ခရီးရောက်ဆိုတာရှိသလို ခရီးသာသွားရွာစဉ် မမှတ်မိ ဆိုတာလည်းရှိတယ်။
အရေးအကြီးဆုးံက.......လူ့အရည်အချင်းဆိုတာ သူကောင်းဖြစ်အောင် ခရီးရောက်အောင်ဆင်ခြင် လုပ်နိုင် 
စွမ်းဘဲ။