*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****သစ်ပင်အရိပ် ဆွေမျိုးရိပ်နှင့် မိရိပ်ဘရိပ် ဆရာရိပ်ထက် မင်းရိပ်သည်သာ ဆင့်ဆင့်သာ၏။ ထိုမှတစ်ဖြာ မြတ်စွာဟောကြား တရားဆာယာ အရိပ်မှာကား လွန်စွာအေးမြ ချမ်းသာရ၍ မှီကြခိုသူ များဗိုလ်လူတို့ အပူခပ်သိမ်း ပ,ပျောက်ငြိမ်း၏ ။*****

Thursday, November 18, 2010

လိုအပ်မှပြောပါ

ဘာစကားပဲဖြစ်ဖြစ်
လိုအပ်မှပြောတာပဲကောင်းပါတယ်။
လောလောဆယ်ပြောဖို့မလိုအပ်သေးရင်
တစ်စက္ကန့်လေးပဲဖြစ်ဖြစ် ၊ တစ်မိနစ်
လေးပဲဖြစ်ဖြစ်အချိန်ဆိုင်းထားလိုက်ပါ ။
နောက်တစ်နာရီမှပြောသင့်တဲ့စကား
နောက်တစ်နာရီမှပြောပါ။ သတိရတုန်း
ဆိုပြီးချက်ချင်းမပြောလိုက်ပါနဲ့ ။
နောက်တစ်ရက်မှပြောသင့်တဲ့စကား
နောက်တစ်ရက်မှပြောပါ။ မေ့သွားမှာစိုးလို့ဆိုပြီးဒီနေ့မပြောလိုက်ပါနဲ့။
ကိုယ့်အတွက်လည်းဘာမှအကျိုးမရှိ
သူ့အတွက်လည်း ထိခိုက်နစ်နာစေမယ့်
စကားမျိုးဆိုရင်မှန်နေတောင်မှလုံးမပြောပါနဲ့။
လုပ်ကြံပြီးပြောဖို့ကတော့ စိတ်ကူးထဲတောင်မထည့်ပါနဲ့။
အရှင်စန္ဒိမာ(ဓမ္မလရိပ်)

No comments:

Post a Comment