လောကမှာ မိဘဆိုတာ သားသမီးတို့အတွက်စွန့်လွှတ်သူ။ ဆရာဆိုတာ တပည့်တို့အတွက်စွန့်လွှတ်သူ။ ပစ္စည်းလေးပါး ဒကာ ဒကာမဆိုတာ သာသနာ အတွက် စွန်လွှတ် သူများဖြစ်ကြပါတယ်။ စွန့်လွှတ်သူဆိုတာ စွန့်လွှတ်သူလို စိတ်ထားမျိုးရှိရမယ်။ ကိုယ့်ကိုလူသိဖို့မလိုဘူး ။ ကိုယ်လွှတ်တဲ့စွန် တက်နေတာကိုကြည့်ပြီး ၀မ်းမြောက်တတ်ရမယ် ဆိုတဲ့အကြောင်းနဲ့ ဒကာ ဒကာမများက ရှင်ရဟန်းဆိုတဲ့ စွန်တွေကို ပစ္စည်းလေးပါးဆိုတဲ့ ကြိုးနဲ့ လွှတ်တင်နေကြသလို ဆရာဖြစ်တဲ့ရှင်ရဟန်းများက ဒကာဒကာမများကို ဓမ္မဆိုတဲ့ ကြိုးနဲ့လွှတ်တင် ပေးကြရပါမယ်။ လွှတ်လည်း လွှတ်ပေးနေကြတယ်။ သဒ္ဓါတရားခိုင်မြဲပြီ သရဏဂုံမြဲပြီ သီလမြဲပြီ စသည်ဖြင့် အဆင့်ဆင့်တက်နေတာကို ကြည့်ပြီး ၀မ်းမြောက်ကြရပါတယ်ဆိုတဲ့အကြောင်းနဲ့ လောကမှာတော့ တက်လူကျလူ ဆိုတာ အသက်အရွယ် ငယ်သူနဲ့ ကြီးသူ တို့ကို ခွဲခြားခေါ်ကြတယ်။ ဓမ္မနယ်ပယ်မှာတော့ အကုသိုလ်ဒုစရိုက်ထူပြောသူများဟာ ကျလူဖြစ်ပြီး ကုသိုလ်သုစရိုက် များပြားသူများဟာ တက်လူ ဖြစ်တယ်လို့ ဘုရားရှင် သတ်မှတ် တော်မူခဲ့ပါတယ်။ လောကီကုသိုလ်တွေထဲမှာ ခန္ဓာရဲ့အရှိကို သတိကပ် ပြီး ရူမှတ်ပွါးများတဲ့ ၀ိပဿနာ ကုသိုလ်ဟာ အမြင့်ဆုးံဖြစ်တယ်။ ဒါကြောင့် အသက်အရွယ်ဘယ် လောက်ဘဲကြီးနေနေ ခန္ဓာရှိကို သတိကပ် သိမှတ်နေသူများဟာ အသက်ရူလို့ ရနေသေးသမျှ တက်လူများဖြစ်ကြပါတယ်။ ဒါကြောင့် ရရှိလာတဲ့ဘ၀နဲ့ခန္ဓာကို တက်လူများအဖြစ်နဲ့ နိဂုးံချုပ်နိုင်ကြပါစေလို့ ဓမ္မလရိပ်မှ တိုက်တွန်းလိုက်ပါတယ်။
အရှင်စန္ဒိမာ (ဓမ္မလရိပ်)
No comments:
Post a Comment