*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****သစ်ပင်အရိပ် ဆွေမျိုးရိပ်နှင့် မိရိပ်ဘရိပ် ဆရာရိပ်ထက် မင်းရိပ်သည်သာ ဆင့်ဆင့်သာ၏။ ထိုမှတစ်ဖြာ မြတ်စွာဟောကြား တရားဆာယာ အရိပ်မှာကား လွန်စွာအေးမြ ချမ်းသာရ၍ မှီကြခိုသူ များဗိုလ်လူတို့ အပူခပ်သိမ်း ပ,ပျောက်ငြိမ်း၏ ။*****

Tuesday, November 16, 2010

*စေတနာ*




          

 "ကံ" တရားကို မြတ်စွာဘုရားရှင်က  စေတနာ (Volition) ဟု ဟောတော်မူခဲ့ပါတယ်။  စေတနာဟူသည်မှာကား  ပါဠိ ဝေါဟာရသာဖြစ်ပြီး  ၄င်း၏ အဓိပ္ပါယ်မှာ  စေ့ဆော်ခြင်း တိုက်တွန်းခြင်းပင် ဖြစ်ပါသည်။ စေတနာဟူသည် သဗ္ဗစိတ္တသာဓာရဏ စေတသိက်ဖြစ်၍ စိတ်အားလုးံနုင့်ဆက်ဆံသည်။ မနုစ်သက်ဖွယ်ရာ  ငရဲတိရိစ္ဆာန်စသော ဘ၀ဆိုးကို ဖြစ်စေတတ်သော အကုသိုလ်စိတ်နုင့်လည်း ဆက်ဆံသည်။ နုစ်သက်ကြည်နုးဖွယ် စိတ်ဝင်စားဖွယ်ကောင်းသော ကောင်းသောဘ၀ပုံရိပ်များစွာကို ဖြစ်စေတတ်သော ကုသိုလ်တရားတို့နုင့်လည်း ဆက်ဆံလေသည်။  လောဘ ဒေါသ မောဟစသော အကုသိုလ်တရားတို့နုင့် ယှဉ်တွဲသောစေတနာ "ကံ" သည် ငရဲတိရိစ္ဆာန် ပြိတ္တာ အသူရကာယ် တည်းဟူသော  မကောင်းသောဘုံဘ၀သို့ရောက်စေတတ်သည် ။ အလောဘ အဒေါသ အမောဟ စသော ကုသိုလ်တရားတို့နုင့်ယှဉ်သော  စေတနာကံသည်  လူနတ် ဗြဟ္မာ တည်းဟူသော မြင့်မြတ်သော သုဂတိ ဘ၀များသို့ ရောက်စေတတ်ပါသည် ဆိုတဲ့ အကြောင်းကို သိရှိရခြင်းဖြင့်  စေတနာတည်းဟူသော ကံ တရား၏ အကျိုးပေးပုံချင်းမတူသည်ကို  တရားသဘောဖြင့်   မြင့်နိုင်ပါစေကြောင်း ဓမ္မလရိပ်မှ တိုက်တွန်းဆန္ဒပြုလိုက်ပါတယ်။
အရှင်စန္ဒိမာ (ဓမ္မလရိပ်)

No comments:

Post a Comment