ဘုရားရှင်လက်ထက်တော်အခါက အရှင်အာနန္ဒာ တစ်ပါးတည်းဆိတ်ဆိတ်နေပြီး အတွေးတစ်ခုကို စိတ်ကူးမိတယ်။သူတော်ကောင်းများဟာအလွန်တန်ဖိုးရှိလှတယ်။သူတော်ကောင်းပုဂ္ဂိုလ်များနဲ့ တွေ့ရပေါင်းသင်း
ရတာဟာအလွန်အကျိုးများတယ်လို့ ၀မ်းမြောက်ဝမ်းသာစိတ်ကူးနေမိတယ်။ ရသမျှ ကောင်းမူတွေဟာ တစ်ဝက်လောက်ကတော့ သူတော်ကောင်းပုဂ္ဂိုလ်ကို အမှီပြုပြီးတော့ ရတာကြောင့် ကိစ္စကတော့ ပြီးနေတာဘဲ .. ကျန်တစ်ဝက်ကတော့ ကိုယ်တိုင်ကြိုးစားအားထုတ်လို့ ရတယ်လို့ သူ့အတွေး သူ့စိတ်ကူး သူ့ဆုးံဖြတ်ချက်နဲ့ သူကောင်းလှပြီ မှန်လှပြီလို့ ထင်မှတ်နေတယ်။ ဒါနဲ့ဘဲ သူ့စိတ်ကူး သူ့အမြင်ကို မြတ်ဗုဒ္ဓကို အားရပါးရသွားပြီးတော့ လျှောက်ထားတယ်။ " မြတ်စွာဘုရား သူတော်ကောင်းနဲ့ ပေါင်းရတာကတော့ သိပ်အကျိုးများတာဘဲဘုရား ကုသိုလ်တစ်ဝက်ကတော့ ဘာမှ မလုပ်ဘဲနဲ့ တိုးသွားတာပဲ"လို့ အရှင်အာနန္ဒာ က မြတ်စွာဘုရားကိုလျှောက်တော့ မြတ်စွာဘုရားက.... "အာနန္ဒာ ဒီလို မပြောပါနဲ့ ... ဒီလို လုးံဝ မပြောပါနဲ့ ၊ သူတော်ကောင်းပေါင်းရလို့ ရသမျှကုသိုလ်တွေဟာ သူတော်ကောင်းကြောင့်ချဉ်း ရတာဘဲလို့ ၊ တစ်ဝက်မကဘူး အကုန်လုးံသူတော်ကောင်းကြောင့်ဘဲ ရတယ်လို့မှတ်ပါ ။ အာနန္ဒာ .. ငါဘုရားတည်းဟူသော သူတော်ကောင်းကို ပေါင်းကြရလို့ တစ်သံသရာလုးံ တစ်အိုထဲ အိုနေမယ့်သူတွေ တစ်နာတည်းနာနေမယ့်သူတွေ တစ်သေတည်း သေနေရမယ့်သူတွေ ကြည့်စမ်း.. မအိုရတော့ဘူး . မနာရတော့ဘူး မသေရတော့ဘူး . ရဟန္တာတွေဖြစ်လို့ ပရိနိဗ္ဗာန်စံဝင်ကြရပါတယ်။ ဒါ..ငါဘုရားရှင်နဲ့ပေါင်းလို့ ၊ ငါဘုရားနဲ့သာ မပေါင်းရလို့ရှိရင် တစ်ခုမှဖြစ်မှာ မဟုတ်ဘူး ။ ခုတော့ ဗုဒ္ဓမြတ်စွာနဲ့ ပေါင်းရလို့ အိုနာသေရေး ဒုက္ခဘေးမှ လွတ်ပြီးကင်းပြီးတော့ နေကြရ သွားကြရတယ်။ သူတော်ကောင်းနဲ့ပေါင်းရလို့ ကုသိုလ်တွေရသမျှသူတော်ကောင်းကြောင့်ရတာ၊ တစ်ဝက်မကဘူး အကုန်ရတယ်" လို့ ဒီလို ဘုရားရှင်က မိန့်တော်မူခဲ့တယ်။ မြတ်ဗုဒ္ဓဟောတော်မူတော့ မှ အရှင် အာနန္ဒာလည်း ဟုတ်သားဘဲကိုး ဒါသူတော်ကောင်းနဲ့ ပေါင်းရတာ ကုသိုလ်တွေသိပ်ရတာ ဟုတ်ပေသားပဲလို့ ၊ သူ့စိတ်ကူးတွေသူ့အတွေးတွေ လွဲချော်ခဲ့ရတာကို သိမြင်သွားခဲ့ပါတယ်။
အရှင်စန္ဒိမာ (ဓမ္မလရိပ်)
No comments:
Post a Comment