*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****သစ်ပင်အရိပ် ဆွေမျိုးရိပ်နှင့် မိရိပ်ဘရိပ် ဆရာရိပ်ထက် မင်းရိပ်သည်သာ ဆင့်ဆင့်သာ၏။ ထိုမှတစ်ဖြာ မြတ်စွာဟောကြား တရားဆာယာ အရိပ်မှာကား လွန်စွာအေးမြ ချမ်းသာရ၍ မှီကြခိုသူ များဗိုလ်လူတို့ အပူခပ်သိမ်း ပ,ပျောက်ငြိမ်း၏ ။*****

Tuesday, October 19, 2010

လိုအင်ဆန္ဒ ပြည့်ဝစေသော မဟာမုနိဂါထာတော်


မဟာမုနိ၊ မဟာပုညော
မဟာတေဇော၊မဟိဒ္ဓိကော
မယှံဒီပေါ၊မယှံနာထော
မယှံဒေတု၊မဟာဇယော။
ဤဂါထာကိုတစ်နေ့(၉)ကြိမ်ရွတ်ဖတ်ပူဇော်ပါ။

မဟာမုနိအဓိဌာန် ကျင့်စဉ်
၁။ပထမအဆင့်=(ဘဂ၀ါ ) ကိုတစ်နေ့လျှင်ပုတီး(၃)ပါတ်(၃)ရက်စိပ်ပါ။
၂။ဒု-အဆင့်=(မုနိဘဂ၀ါ )ကိုတစ်နေ့လျှင်ပုတီး(၅)ပါတ်(၅)ရက်စိပ်ပါ။
၃။တ-အဆင့်=(မဟာမုနိဘဂ၀ါ )ကိုတစ်နေ့လျှင်ပုတီး(၇)ပါတ်(၇)ရက်စိပ်ပါ။
၎။စ-အဆင့်=ဥုံမုနိ မဟာမုနိ မုနိကိုတစ်နေ့လျှင်ပုတီး(၉)ပါတ်(၉)ရက်စိပ်ပါ။
ဤအဓိဌာန်ကျင့်စဉ်ကို ယုံကြည်စွာကျင့်ကြံပွါးများအားထုတ်ပါက ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နုင့်ပြည့်စုံကာ လိုလားတောင်းတအပ်သော အကျိုးထူး တရားများကို လက်တွေ့ခံစားရပါမည်။


အရှင်စန္ဒိမာ (ဓမ္မလရိပ်)

No comments:

Post a Comment