*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****သစ်ပင်အရိပ် ဆွေမျိုးရိပ်နှင့် မိရိပ်ဘရိပ် ဆရာရိပ်ထက် မင်းရိပ်သည်သာ ဆင့်ဆင့်သာ၏။ ထိုမှတစ်ဖြာ မြတ်စွာဟောကြား တရားဆာယာ အရိပ်မှာကား လွန်စွာအေးမြ ချမ်းသာရ၍ မှီကြခိုသူ များဗိုလ်လူတို့ အပူခပ်သိမ်း ပ,ပျောက်ငြိမ်း၏ ။*****

Tuesday, October 26, 2010

မြင့်မြတ်လှပ လူ့ဘဝ

                                   လူ့ဘ၀ဟူသည်ကား အလွန်တိုတောင်းလှပါသော်လည်း မြင့်မြတ်သော အသိတရားကို ပိုင်ဆိုင်သောကြောင့် အထက်တန်းကျ အမှန်ပင်မြင့်မြတ်လှပါသည်။ ဒါကြောင့် "ကိုယ့်အထက်နုင့်နှိုင်းယှဉ်တဲ့မာန၊ ကိုယ်တန်းတူလူနဲ့နိုင်းယှဉ်တဲ့မာန၊ ကိုယ်အောက်လူနဲ့ နိုင်းယှဉ်တဲ့ မာနဟုဆိုအပ်သော မာနတရားသုးံမျိုးလုးံ ကင်းရှင်းအောင်နေတတ်ထိုင်တတ်ရပါမယ်"။ သို့ရာတွင် လူသားတို့သည် မိမိတို့၏သန္တာန်၌ ကိုယ်စီကိုယ်စီရှိကြသော မြင့်မြတ်သော အသိတရားကို စနစ်တကျထုတ်ဖော်၍ လက်တွေ့နယ်ပယ်တွင် အသုးံချတတ်ဖို့က အလွန်အရေးကြီးပါတယ်။ ထိုသို့အသုးံချတတ်ပါမှ လူသားတို့သည်  အကျင့် စာရိတ္တကောင်းမွန်ခြင်း၊အကုသိုလ်ဒုစရိုက်တရားများကို ကျူးလွန်ခြင်းမှ ရှက်ကြောက်တတ်ခြင်း၊ လူသားအချင်းချင်း မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာ ဟုဆိုအပ်သော ဗြဟ္မစိုရ်တရားများထားရှိနိုင်ခြင်းစသော မြင့်မြတ်သော ကျင့်ဝတ်သိက္ခာများကို ထိန်းသိမ်းစောင့်ရှောက်နိုင်ကြမည်ဖြစ်ပါသည်။ ထိုအခါတွင် လူ့ဘောင်လောကကြီးသည်ကား ငြိမ်းချမ်း ပျော်ရွှင် ချမ်းမြေ့ဖွယ်ကောင်းသော ဓမ္မလရိပ်အောက်မှ နေရာဌာနကြီးတစ်ခုဖြစ်လာပြီး လူ့လောက လူ့ဘ၀သို့ လူသားအဖြစ် ခေတ္တ ခဏ ရောက်ရှိလာရခြင်းသည် အမှန်ပင်အဓိပ္ပါယ်ရှိ၍ မြင့်မြတ်လှပသော လူသားအဖြစ် လေးနက်ပီပြင်မည်ဖြစ်ပါတော့သည်။
အရှင်စန္ဒိမာ(ဓမ္မလရိပ်)

No comments:

Post a Comment