*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****သစ်ပင်အရိပ် ဆွေမျိုးရိပ်နှင့် မိရိပ်ဘရိပ် ဆရာရိပ်ထက် မင်းရိပ်သည်သာ ဆင့်ဆင့်သာ၏။ ထိုမှတစ်ဖြာ မြတ်စွာဟောကြား တရားဆာယာ အရိပ်မှာကား လွန်စွာအေးမြ ချမ်းသာရ၍ မှီကြခိုသူ များဗိုလ်လူတို့ အပူခပ်သိမ်း ပ,ပျောက်ငြိမ်း၏ ။*****

Saturday, October 23, 2010

လိုအင်ဆန္ဒတွေ ပြည့်စုံကြပါစေ

                 လူသားတိုင်းလူသားတိုင်း အလိုရှိသမျှ ပြည့်စုံစေနိုင်ကာ စီးပွါးချမ်းသာ အောင်မြင် ကျော်ကြားခြင်းစသည်တို့ကို ပြည့်စုံရန်အတွက် အခြေခံ အကြောင်းရင်းဖြစ်သောကြောင့်  ပတိရူပစသော လေးပါးကို လိုအင်ဆန္ဒပြည့်စုံ စေတတ်သော (သမ္ပတ္တိ)တရားဟုခေါ်ကြပါတယ်။   ၎င်းလေးပါးနှင့် ပြည့်စုံသူသည် အချိန်တိုအတွင်းမှာပင် စီးပွါးရေး ၊လူမူရေး ဘာသာရေးစသည်တို့၌ အောင်မြင်ကျော်ကြား၍ တန်ဖိုးရှိသော လူတော်လူတော်လူကောင်းတစ်ယောက် ဖြစ်မှာသေချာလှပါသည်။            လိုအင်ဆန္ဒတွေ ပြည့်စုံစေတတ်တဲ့ သမ္ပတ္တိ တရားလေးပါးကတော့  
(၁) ပတိရူပဒေသ၀ါသ - စီးပွါးရေး၊ ဘာသာရေး စသည်တို့၌ အောင်မြင်တိုးတက်ကြီးပွါးနိုင်သော အရပ်ဒေသ၌ အခြေချနေထိုင်ရခြင်း။
Living in a Place which is favourable  for the attainment of properity and merit.
(၂)သပ္ပုရိသူပနိဿယ- ဘုရားအစရှိသော သူတော်ကောင်းများနုင့် ပညာရှိမိတ်ဆွေကောင်း အပေါင်း ဖော်များရှိရခြင်း။
Association with wise and noble person.
(၃) အတ္တသမ္မာပဏိဓိ - မိမိကိုယ်ကို လူတော်လူကောင်းဖြစ်အောင် ဆည်းပူးခဲ့သော ကောင်းသော လုပ်ဆောင်  မူများရှိရခြင်း။
Living an honest life and striving for self improvement.
(၄)ပုဗ္ဗေစ ကတပုညတာ-ေ၇ှးပိုင်းကာလ ရှေးရှေးဘ၀ ဖြည့်ကျင့်ဆည်းပူးခဲ့သော ကောင်းသော လုပ်ဆောင်မူများရှိရခြင်း။
Having accumulated good deeds done seriously.
၎င်းပြည့်စုံစေတတ်သော(သမ္ပတ္တိ)တရားလေးပါးတို့တွင် နောက်ဆုးံဖြစ်သော ပုဗ္ဗေစကတပုညတာ နုင့်ပြည့်စုံ ပါမှ ပတိရူပဒေသ၀ါသအရပ်၌ နေထိုင်ခွင့်ရရှိနိုင်သည်။သူတော်ကောင်းနုင့် မိတ်ဆွေကောင်း အပေါင်းသင်းရရှိနိုင်သည်။ မိတ်ကောင်းဆွေကောင်းရှိပါမှ  လောက၌ကြီးပွါးတိုးတက်ချမ်းသာဖို့ အခွင့်အလမ်းရှိသလို ပညာရှိ မိတ်ဆွေကောင်းနုင့် ပေါင်းသင်းပြီး နေထိုင်ရခြင်းကြောင့်လည်း  ကြီးပွါးချမ်းသာရေး နည်းစနစ်ရရှိသူမျိုးဖြစ်မှလည်း မိမိကိုယ်ကို လူတော်ကောင်းဖြစ်အောင် ပြုပြင်ထိန်းသိမ်းနိုင်သည်။
           သို့ဖြစ်၍ လောကီ လောကုတ္တရာနုစ်ဖြာသော ကြီးပွါးတိုးတက်ရေး၌ ဘက်စုံအောင်မြင်သူ တစ်ယောက်ဖြစ်ရန် အခြေခံအကြောင်းရင်းဖြစ်သော  ကောင်းမူလုပ်ငန်းများကို မိမိတို့ စွမ်းနိုင်သမျှ ကြိုးအားထုတ်ကြမည်ဆိုပါကလူသားတိုင်းအလိုရှိသမျှ လိုအင်ဆန္ဒတွေ ဧကန်မုချ ပြည့်စုံလာပါလိမ့်မည်။ 

အရှင်စန္ဒိမာ (ဓမ္မလရိပ်)



No comments:

Post a Comment