*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****သစ်ပင်အရိပ် ဆွေမျိုးရိပ်နှင့် မိရိပ်ဘရိပ် ဆရာရိပ်ထက် မင်းရိပ်သည်သာ ဆင့်ဆင့်သာ၏။ ထိုမှတစ်ဖြာ မြတ်စွာဟောကြား တရားဆာယာ အရိပ်မှာကား လွန်စွာအေးမြ ချမ်းသာရ၍ မှီကြခိုသူ များဗိုလ်လူတို့ အပူခပ်သိမ်း ပ,ပျောက်ငြိမ်း၏ ။*****

Monday, October 18, 2010

စောမြတ်ဟောကြား ရန်နိုင်အား

အက္ကောဓေန ဇိနေကောဓံ၊ အသာဓု သာဓုနာဇိနေ။
ဇိနေကဒရိယံ ဒါနေန၊ သစ္စေနာလိက ၀ါဒိနံ။
 ဒေါသအမျက်ကြီးသောသူကို အမျက်မထွက် မေတ္တာဖက်၍ အနိုင်ယူရာ၏။
 သူတော်မဟုတ် သူယုတ်မာကို သူတော်တရားလက်ကိုင်ထားခြင်းဖြင့် အနိုင်ယူရာ၏။
မပေးကမ်းလို ၀န်တိုသူကို ၀န်တိုမူကင်း ပေးကမ်းရက်ရောခြင်းဖြင့် အနိုင်ယူရာ၏။
မုသားပြောဆို လိမ်လည်သူကို ဖြောင့်မတ်မှန်စွာ သစ္စာစကားဖြင့် အနိုင်ယူရာ၏။

အရှင်စန္ဒိမာ (ဓမ္မလရိပ်)

No comments:

Post a Comment