*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****သစ်ပင်အရိပ် ဆွေမျိုးရိပ်နှင့် မိရိပ်ဘရိပ် ဆရာရိပ်ထက် မင်းရိပ်သည်သာ ဆင့်ဆင့်သာ၏။ ထိုမှတစ်ဖြာ မြတ်စွာဟောကြား တရားဆာယာ အရိပ်မှာကား လွန်စွာအေးမြ ချမ်းသာရ၍ မှီကြခိုသူ များဗိုလ်လူတို့ အပူခပ်သိမ်း ပ,ပျောက်ငြိမ်း၏ ။*****

Wednesday, October 20, 2010

သံဝေဂဉာဏ် ရင့်သန်စေရန် သတိပေးတရားတော်




               ဓမ္မမိတ်ဆွေ သူတော်စင်များရယူထားသော ခန္ဒာကိုယ်သည်ကား တစ်နေ၀င် တစ်နေထွက်ဆိုသလို အို၊နာ၊သေ ဘက်သို့တရွ့ရွေ့ပင် ပြောင်းရွေ့နေလျက်ရှိပါသောကြောင့် နောင်တမလွန်လောက၌ အားကိုးအားထားရာ ဖြစ်သော အနုဂါမိက ဥစ္စာထုပ်ကို မြုပ်နှံထားယူကြဖို့ သံဝေဂဉာဏ်ရင့်သန်စေရန် သတိတရားလေးပေးပါရစေ။  မိမိတို့ရယူထားတဲ့ လူ့ဘ၀ တစ်ခု၏ အစ အလယ်အဆုးံ သုးံပါးလုးံဖြစ်စဉ်တို့ကို နေ့စဉ်နေ့တိုင်းပြန်လှန်သုးံသပ်၍ ကြည့်ခဲ့ပါလျှင် လူ့ဘ၀သည်ကား အဘယ်တရားနုင့်စတင် ဖြစ်ပေါ်၍ လာခဲ့ပါသလဲ ? အဘယ်တရားတွေနဲ့ စတင်ကြီးပွါး၍လာခဲ့ပါသလဲ ? အဘယ်တရားနုင့် အဆုးံသတ်ကြမှာလဲ? ဒီလိုမေးခွန်းသုးံခုပေါ်ထွန်း၍လာပါလိမ့်မယ်။ 
           (၁) အဘယ်တရားတွေနဲ့စတင်ဖြစ်ပေါ်၍ လာပါသလဲဆိုတော့ အမိဝမ်းတွင်း၌ ပဋိသန္ဓေ နေရခြင်းဆိုတဲ့ ဇာတိ တရားနုင့် စတင်ဖြစ်ပေါ်၍လာပါတယ်။  အမိဝမ်းတွင်း အစာဟောင်းပေါ်တွင် ဆောင့်ကြောင့်ထိုင် အစာသစ်အိမ်ကို ခေါင်းပေါ်မှာရွက် ဒူးနုစ်ဘက်တို၏ကြား ဦးခေါင်းကိုထားလျှက် ကြောဘက်သို့မျက်နုာကို ပြုပြီး သစ်ငုတ်တိုပေါ်တွင်ထိုင်နေသော မျောက်အိုမကဲ့သို့ အမေလုပ်သူက မနေတတ်ရင် မတတ်သလို အထဲက ကလေး  ဟာဆင်းရဲတတ်ပါတယ်။ ဒီလို ဆင်းရဲ့စွာပဋိသန္ဓေနေရ သည့်အတွက်ကြောင့် မြတ်ဗုဒ္ဓက ဇာတိပိ ဒုက္ခော လို့ ဟောတော်မူခဲ့ပါတယ်။ ဒါဖြင့် လူ့ဘ၀က လူ့ခန္ဓာဖြစ်ပေါ်လာရဖြင်းဟာ ဒုက္ခ တရားတွေ နုင့် စတင်ဖြစ်ပေါ်လာရတယ်ဆိုတာ ထင်ရှားလှပါပြီ။  
(၂) လူ့ဘ၀သည်ကား အဘယ်တရားတွေနုင့် ကြီးပွါးနေသလဲဆိုရင် ဒီခန္ဓာကိုယ်ကြီးကို ကိုးဆယ့် ခြောက်ပါးသော ရောဂါဝေဒနာတွေ အမြဲမပြတ်နိုပ်စက်ခြင်းဟုဆိုအပ်သော ဗျာဓိဒုက္ခ ဆိုတဲ့ နာခြင်း တရား  တွေနုင့် လူသားတိုင်းဟာ တွေ့ကြုံခံစား၍ ကြီးထွားနေကြပါတယ်။  ပြီးတော့ ... ချစ်သောသူနုင့် ကွေ့ကွင်းရခြင်းဆိုတဲ့ ပိယေဟိ ၀ိပ္ပယောဂဒုက္ခ။ ..မုန်းသောသူနုင့် ပေါင်းသင်းနေထိုင်ရခြင်းဆိုတဲ့ အပ္ပိယေဟိ သမ္ပယောဂ ဒုက္ခ။ ..လောက လူသားတိုင်းနေ့စဉ်နေ့တိုင်း စားဝတ်နေရေးအတွက် ရှာကြံနေရခြင်းဆိုတဲ့ ဒုက္ခ။..ရလာသမျှသော ပစ္စည်းဥစ္စာတွေကို ရန်သူမျိုးငါးပါးမှ လွတ်အောင် စောင့်ရှောက်ခြင်းဆိုတဲ့ ဒုက္ခ။ .........သားသမီး ဆွေမျိုး ညီအစ်ကို မောင်နုမတို့ သေကြေပျက်စီးသည့်အတွက်ကြောင့် စိုးရိမ်မကင်း ဖြစ်ရခြင်းဆိုတဲ့ ဒုက္ခ။.... အကြောင်းအမျိုးမျိုးတွေကြောင့် ငိုကြွေးရခြင်းဆိုတဲ့  ပရိဒေ၀ဒုက္ခ။.... ကိုယ်စိတ် နုစ်ပါး ဆင်းရဲ့ခြင်းဆိုတဲ့ ကာယိကဒုက္ခ၊ စေတသိကဒုက္ခ။ .. စိတ်နုလုးံ မချမ်းမသာဖြစ်ခြင်းဆိုတဲ့  ဒေါမနဿဒုက္ခ။ ..... ပြင်းစွာပူပင်ရခြင်းဆိုတဲ့ ဥပါယာသဒုက္ခ။   ..ယခု ပြဆိုအပ်သော ဒုက္ခအမျိုးမျုးတွေနဲ့လည်း တွေ့ဆုံရပါမယ်။  တွေ့လည်းတွေ့ဆုံရပါမယ်။  ဒီလို ဒုက္ခတရားများဖြင့်  စတင်ကြီးထွား၍လာရသည့်အတွက်ကြောင့် မြတ်ဗုဒ္ဓက .. ဗျာဓိပိ ဒုက္ခော လို့ဟောကြားတော် မူခဲ့ပါတယ်။ ဒါဖြင့် လူ့ဘ၀က နာခြင်းဒုက္ခတရားတွေနုင့် ကြီးထွားနေရတာ သေချာထင်၇ှားပါတယ်။  
                   (၃) နောက်ဆုးံတစ်ခုဖြစ်တဲ့ လူ့ဘ၀က အဘယ်တရားတွေနုင့် အဆုးံသတ်မှာလဲဆိုတော့ သေခြင်းတရားနဲ့ဘဲ အဆုးံသတ်ရပါမယ်။  သေခြင်းတရားဟာ  ချမ်းသာသလား ဆင်းရဲသလားဆိုတော့ မြတ်ဗုဒ္ဓက မရဏမ္ပိ ဒုက္ခံ သေခြင်းတရားဆိုတာ ဒုက္ခတရားပါတဲ့ ။  ၃၁ ဘုံမှာကျင်လည် နေကြရတဲ့ သတ္တ၀ါတွေ ရုပ်နာမ်မကင်းတဲ့ဇာတိတရား ရလာခဲ့ကြပါလျှင်  မရဏဆိုတဲ့ သေခြင်းအကြောင်း တရားလေးပါးက ဘယ်သူမှ ပြေးမလွတ်နိုင်ကြပါဘူး ။  တစ်ပါးပါးဖြင့်တော့ သေကြရမှာဘဲ ။....
 တစ်ချို့ တစ်ချို့သော ပုဂ္ဂိုလ်တွေ သက်တမ်းကုန်လို့ သေမယ်။ 
တစ်ချို့ တစ်ချို့သော ပုဂ္ဂိုလ်တွေ ကံကုန်လို့ သေမယ်။ 
တစ်ချို့ တစ်ချို့သော ပုဂ္ဂိုလ်တွေ သက်တမ်းရော ကံပါ နုစ်ခုလုးံကုန်လို့ သေမယ်။ 
တစ်ချို့ တစ်ချို့သော ပုဂ္ဂိုလ်တွေ လျပ်တစ်ပြက်သတ်ဖြတ်တတ်သောကံကြောင့် သေမယ်။
ဒီအကြောင်းတရား လေးပါးမှ ရှောင်လွဲနိုင်သူကား လောကမှာမရှိပါဘူး ။ ဒါကြောင့် လူ့ဘ၀ရဲ့ အစ ၊ အလယ် ၊အဆုးံ ၃ ပါးစလုးံ အသေချာဉာဏ်ယှဉ်ပြီး ဓမ္မမျက်စိနုင့်  ကြည့်မယ်ဆိုရင် ဒုက္ခတရားတွေနဲ့သာ အဆုးံသတ်မယ့် လူ့ဘ၀ထဲက သံဝေဂဉာဏ်တွေ ၇အောင်ယူပြီး .. ဒါနတည်းဟူသော ကုသိုလ်အနုစ်၊ သီလတည်းဟူသော ကုသိုလ်အနုစ်၊ ဘာဝနာတည်းဟူသော ကုသိုလ်အနုစ်တွေကို ညှစ်ထုပ်ပြီး   သံဝေဂဉာဏ် ရင့်သန်စေရန် ဓမ္မမိတ်ဆွေသူတော်စင်များ  ယူတတ်ရပါမယ်။ ။ ။
 သာဓု သာဓု သာဓု.....

အရှင်စန္ဒိမာ (ဓမ္မလရိပ်)

No comments:

Post a Comment