*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****သစ်ပင်အရိပ် ဆွေမျိုးရိပ်နှင့် မိရိပ်ဘရိပ် ဆရာရိပ်ထက် မင်းရိပ်သည်သာ ဆင့်ဆင့်သာ၏။ ထိုမှတစ်ဖြာ မြတ်စွာဟောကြား တရားဆာယာ အရိပ်မှာကား လွန်စွာအေးမြ ချမ်းသာရ၍ မှီကြခိုသူ များဗိုလ်လူတို့ အပူခပ်သိမ်း ပ,ပျောက်ငြိမ်း၏ ။*****

Tuesday, October 26, 2010

မြတ်ဗုဒ္ဓ၏ ၀ါဆိုဝါကပ်ရာ နေရာဒေသများ


                  
              သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာသိတော်မူ၍ မာရ်ငါးပါးကိုအောင်တော်မူသော မြတ်စွာ ဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ ခုကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့မှာ ၊ဗုဒ္ဓဂယာ မဟာဗောဓိပင်ရင်း၌ ဘုရားအဖြစ်သို့ ရောက်တော်မူပါသည်။ ဘုရားအဖြစ်သို့ရောက်တော်မူခဲ့တဲ့နေ့မှစ၍ မဟာပရိဗ္ဗာန်ပြုသည်ထိ ၄၅ ၀ါကာလ ပါတ်လုးံ လူနတ်ဗြဟ္မာသတ္တ၀ါ အားလုးံအတွက် တရားဒေသနာတော်ကိုဟောကြားတော်မူခဲ့၍ ၀ါတွင်းကာလတွေမှာ သီတင်းသုးံဝါဆိုဝါကပ်တော်မူခဲ့ပါတယ်။ ဒုတိယ၊တတိယ၊စတုတ္ထ၀ါတော်ကို  ရာဇဂြိုဟ် ပြည်၊ဝေဠုဝန်ကျောင်း၊ (၅) ဝါမြောက်ကို ဝေသာလီပြည်၊မဟာဝုန်တောအုပ်၊ကုဋာဂါရသာလာကျောင်းတော်။ (၆) ဝါမြောက်ကို မကုဠတောင်။ (၇) ဝါမြောက်ကို တာဝတိံသာပြည်။ (ဂ) ဝါမြောက်ကိုဘဂ္ဂတိုင်း (၉) ဝါမြောက်ကို ကောသမ္ဗီပြည်၊ ဃောသိတာရုံကျောင်းတော်။(၁၀) ဝါမြောက်ကို ပါလိလေယျကတောအုပ်။ (၁၁) ဝါမြောက်ကို နာဠာပုဏ္ဏားရွာ။ (၁၂) ဝါ မြောက်ကို ဝေရဉ္ဇာပြည်။ (၁၃) ဝါမြောက်ကို စာလိယတောင်။ (၁၄) ဝါမြောက်ကို သာဝတ္တ္တိပြည်၊ ဇေတဝန်ကျောင်း။ (၁၅)ဝါမြောက်ကိုကပ္ပိလဝတ်ပြည်၊ နိဂြောဓာရုံကျောင်း။ (၁၆) ဝါမြောက်ကို အာဠဝီပြည်။ (၁၇) ဝါမြောက်ကို ရာဇဂြိုဟ်ပြည်။ (၁၈-၁၉) ဝါမြောက်ကိုစာလိယတောင်။ (၂၀) ဝါမြောက်ကို ရာဇဂြိုဟ်ပြည်။ (၂၁)ဝါမှ (၄၄)၀ါအထိဇေတဝန်ကျောင်းနှင့် ပုဗ္ဗာရုံကျောင်း၊ သာဝတ္တိပြည်။ (၄၅) ဝါမြောက်ကို ဝေသာလီပြည်၊ ဝေဠုဝရွာမှာ အသီးသီး ဝါဆိုသီတင်းသုံးတော်မူကာ သက်တော် ၈၀ ၀ါတော် ၄၅ ၀ါအရ သက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့် အင်္ဂါနေ့မှာ ကုသိနာရုံပြည် မလ္လာမင်းတို့၏ အင်ကြင်းဥယာဉ်၌ ပရိနိဗ္ဗာန်စံတော်မြန်းတော်မူပါသည်။ 
အ၇ှင် စန္ဒိမာ (ဓမ္မလရိပ်)

No comments:

Post a Comment