*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****သစ်ပင်အရိပ် ဆွေမျိုးရိပ်နှင့် မိရိပ်ဘရိပ် ဆရာရိပ်ထက် မင်းရိပ်သည်သာ ဆင့်ဆင့်သာ၏။ ထိုမှတစ်ဖြာ မြတ်စွာဟောကြား တရားဆာယာ အရိပ်မှာကား လွန်စွာအေးမြ ချမ်းသာရ၍ မှီကြခိုသူ များဗိုလ်လူတို့ အပူခပ်သိမ်း ပ,ပျောက်ငြိမ်း၏ ။*****

Tuesday, October 19, 2010

ရဟန်းသံဃာကို ဖူးမြော်ရခြင်းအကျိုး



           ၃၈ ဖြာ မင်္ဂလာတွင် တစ်ပါးအပါအ၀င်ဖြစ်သော သမဏာနဉ္စ ဒဿန  မင်္ဂလာဆိုတာ ကိုယ်စိတ်နုစ်ပါး ငြိမ်းချမ်းစင်ကြယ်ပြီးသော အရိယာပုဂ္ဂိုလ်ကိုဖြစ်စေ၊ ကိလေသာအားလုးံမှ ကင်းဝေးစေကြောင်း အကျင့်မြတ်ကို ဖြည့်ကျင့်ကြိုးပမ်းနေသော ရဟန်းသံဃာတော်များကိုဖြစ်စေ အခါအခွင့်သင့်တိုင်း ဖူးမြော် ရခြင်းမင်္ဂလာကို ခေါ်ပါတယ်။ " To see noble persons who have purified or are trying to purify their minds from all defilement produces tranquility and wholesome attitude in one's mind. So it is  a noble blessing". ဗုဒ္ဓဘုရားရှင် လက်ထက်တော်အခါက အရှင်သာရိပုတ္တရာသည်ရာဇဂြိုဟ် ပြည်၏ အနီးဥပတိဿမည်သော ရွာ၌ ရုပသာရီ အမည်ရှိသော ပုဏ္ဏေးမ၏ သားဖြစ်၏ငယ်နာမည်ကား  ဥပတိဿ အမည်တွင်၏။   အရှင်မောဂ္ဂလာန်သည်လည်း  ရာဇဂြိုဟ် ပြည်၏ အနီး ကောလိတရွာ၌ မောဂ္ဂလိ ပုဏ္ဏေးမ၏ သားဖြစ်လျက် ငယ်နာမည် ကောလိတ အမည်တွင်၏သူတို့နုစ်ဦးသည် ရွာနီးချင်းဖြစ်၍ ရင်နီးခင်မင်ကြသည့် ငယ်သူငယ်ချင်များ ဖြစ်ကြ၏။  တစ်နေ့တွင် သူငယ်ချင်း နုစ်ဦးတို့သည် တောင်ထိပ်ပွဲသဘင်သို့ သွားရောက်ကြည့်ရူရာမှ နုစ်ဦးစလုးံပင် သံဝေဂဥာဏ်ရကာ  သံသရာမှလွတ်မြောက်ရေးအတွက် ဆရာ၇ှာပြီးရဟန်းပြုမှ သင့်မည်ဟု ပြောဆိုတိုင်ပင် လေ၏။ များမကြာမီ သိဉ္စည်းဆရာကြီးနုင့်တွေ့ကာ အခြံအရံငါးရာနုင့်အတူ ရဟန်းပြုကြ၏။နုစ်ရက် သုးံရက်နှုင့်ပင် ဆရာကြီး၏ အယူဝါဒကို တတ်မြောက်ကြ၏။ သံသရာမှ အမှန်လွတ်မြောက်ကြောင်း တရားစစ်တရားမှန် မဟုတ်မှန်းသိကြ၍ သံသရာမှ အမှန်လွတ်မြောက်ကြောင်း သင်ပြပေးနိုင်မည့် ဆရာရှာရန် အရင်တွေ့ရှိသူမှ ကျန်တစ်ဦးအား ပြန်ပြောကြစတမ်းဟုကတိ က၀တ်ထားကာ ဆရာကောင်းကို ရှာရန်ထွက်ကြ၏။ ထိုအခါ  ဥပတိဿ သည် ပဉ္စ၀ဂ္ဂီ ငါးဦးမှ တစ်ပါးဖြစ်သော ရဟန္တာ အရှင် အဿဇိ နုင့် ရာဇပြိုဟ်တွင် တွေ့ရှိဖူးမြော်ရပြီး" ယေဓမ္မာ ဟေတုပ္ပဘ၀ါ" အစချီသော ဂါထာကို ကြားနာရ၍ သောတာပတ္တိဖိုလ်၌တည်၍ သောတာပန် အရိယာ ဖြစ်လေသည်။  ကောလိတ ပရိဗိုဇ် သည်လည်း ဥပတိဿထံမှ ထိုဂါထာတော်ကို တစ်ဆင့်ကြားနာရ၍ သောတာပန်အရိယာ ဖြစ်ပြန်လေ၏။ ထို့နောက် မြတ်ဗုဒ္ဓထံတော်သို့ ရောက်ရှိကာ တပည့်ပရိဗိုဇ် ပရိသတ်နုင့်အတူ "ဧဟိဘိက္ခု "ရဟန်းဖြစ်ကြလေသည်။ အဂ္ဂသာဝက ပါရမီ ဥာဏ်၏ အလွန် ကြီးကျယ်မြင့်မြတ်သောကြောင့် အရှင်မဟာမောဂ္ဂလာန်မှာ ရဟန်းဖြစ်ပြီး (၇) ရက်မြောက်နေ့နုင့် အရှင်သာရိပုတ္တရာမှာ ရဟန်းဖြစ်ပြီး (၁၅) ရက်ကြာတွင် ရဟန္တာ ဖြစ်တော်မူကြသည်။ ဤမထေရ်မြတ်နုစ်ပါး တို့    (၄၄) ၀ါကာလပတ်လုးံ ဟောကြားတော် မူအပ်သောတရားတော်တို့မှာ ပိဋကတ်တော်၌ အထူးများလှ၏ ။ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၊ မဟာနိဒ္ဒေသ ပါဠိတော်၊ စူဠနိဒ္ဒေသ ပါဠိတော်တို့မှာ အရှင်သာရိပုတ္တရာ ဟောကြားတော်မူခဲ့သော ဓမ္မရတနာတို့ပင်ဖြစ်သည်။  ထေရဂါထာတို့သည်  အဂ္ဂသာဝက အရှင်မြတ် နုစ်ပါးတို့၏ တရားဒေသနာတော်များဖြစ်လေရာ မျက်မှောက်သာသနာတော်တွင် များစွာ အဖိုး ထိုက်တန်သော တရားရတနာ အိုးကြီးပင် ဖြစ်ပါသည်။  ဤသည်မှာ အကျင့် သီလနုင့်ပြည့်စုံသော ရဟန်းသံဃာကို ဖူးမြော်ရခြင်း၏ ကောင်းမြတ်သော အကျိုး တရားများပင် ဖြစ်ပါသည်။
 အရှင် စန္ဒိမာ (ဓမ္မလရိပ်) 

No comments:

Post a Comment