*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****သစ်ပင်အရိပ် ဆွေမျိုးရိပ်နှင့် မိရိပ်ဘရိပ် ဆရာရိပ်ထက် မင်းရိပ်သည်သာ ဆင့်ဆင့်သာ၏။ ထိုမှတစ်ဖြာ မြတ်စွာဟောကြား တရားဆာယာ အရိပ်မှာကား လွန်စွာအေးမြ ချမ်းသာရ၍ မှီကြခိုသူ များဗိုလ်လူတို့ အပူခပ်သိမ်း ပ,ပျောက်ငြိမ်း၏ ။*****

Monday, October 18, 2010

သိမှတ်ဖွယ်ရာ ဓမ္မပဒ ၂၂၁ ဂါထာ

ကောဓံ ဇဟေ ၀ိပ္ပဇဟေယျ မာနံ၊ သံယောဇနံ သမ္မမတိက္ကမေယျ။
တံ နာမရူပသ္မိံ မသဇ္ဇမာနံ၊ အကိဉ္ခနံ နာနုပတန္တိ ဒုက္ခာ။  (ဓမ္မပဒ- ၂၂၁)
ဒေါသ တရားကိုစွန့်ရာ၏။ မာနတရားကိုစွန့်ရာ၏။ သံယောဇဉ်တရားကို လွန်မြောက်ရာ၏။
နာမ်ရုပ်၌ ငါ၏စိတ် ငါ၏ကိုယ် ဟူ၍ မငြိမတွယ်မကြောင့်ကြ သော သူထံသို့ ဆင်းရဲဒုက္ခဟူသမျှတို့သည် ဘယ်သောအခါမှ ရောက်ရှိလာမည်မဟုတ်ပါ။
 
 အရှင် စန္ဒိမာ (ဓမ္မလရိပ်)

No comments:

Post a Comment