*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****သစ်ပင်အရိပ် ဆွေမျိုးရိပ်နှင့် မိရိပ်ဘရိပ် ဆရာရိပ်ထက် မင်းရိပ်သည်သာ ဆင့်ဆင့်သာ၏။ ထိုမှတစ်ဖြာ မြတ်စွာဟောကြား တရားဆာယာ အရိပ်မှာကား လွန်စွာအေးမြ ချမ်းသာရ၍ မှီကြခိုသူ များဗိုလ်လူတို့ အပူခပ်သိမ်း ပ,ပျောက်ငြိမ်း၏ ။*****

Thursday, October 21, 2010

စောင့်ထိန်းသီလ မြတ်ဓမ္မ (၂)

       မြတ်ဗုဒ္ဓသာသနာတော်၌ (၈) ပါးသီလ စောင့်ထိန်းရသောနေ့များကို (ဥပေါသထ ဒိဝသ) ဥပုသ်နေ့များဟု ခေါ်ဆိုသတ်မှတ်ကြပါသည်။  လဆန်း(၈)ရက် ၊လဆန်း (၁၅)ရက် လပြည်နေ့ ၊ လဆုတ်(၈)ရက် ၊ လဆုပ် (၁၄)ရက် သို့မဟုတ် (၁၅)ရက် လကွယ်နေ့များသည် ဥပုသ်နေ့များဖြစ်ကြပါသည်။ ၎င်းနေ့များတွင်လူပုဂ္ဂိုလ် ဒါယကာ ဒါယိကာမများအတွက် အင်္ဂါရှစ်ပါးရှိသော ဥပုသ်သီလ(ရှစ်ပါးသီလ)ကို ကိုယ် ၊နုတ် ဖြုစင်အောင် စောင့်ထိန်းဖြင်းကို ဥပုသ်စောင့်ခြင်းဟုခေါ်ပါသည်။  ရှစ်ပါးသီလ ဆိုသည်မှာကား အရိယာပုဂ္ဂိုလ်များကို အတုယူ၍ အောက်ပါသိက္ခာပုဒ်များကို စောင့်ထိန်းခြင်းပင်ဖြစ်ပါသည်။
(၁) ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
Abstaining from killing any living being.
သူ့အသက် သတ်ခြင်းမှ ရှောင်ကြည်ခြင်း။
(၂)အဒိန္နဒါနာ ဝေရမဏိ  သိက္ခာပဒံ သမာဒိယာမိ။
Abstaining from stealing.
ပိုင်ရှင်မပေးသော ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြည်ခြင်း။
 (၃)အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
Abstaining from indulging in sexual conduct.
မမြတ်သောမေထုန် အကျင့်မှ ရှောင်ကြည်ခြင်း။
(၄)မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။ 
Abstaining from telling lies.
မမှန်သောစကားကို ပြောဆိုခြင်းမှ ရှောင်ကြည်ခြင်း။
(၅)သုရာမေရယ မဇ္ဇပမာဒဌာနာ ဝေရမဏိ သိက္ခာပဒံသမာဒိယာမိ။
Abstaining from taking intoxicating drinks and drugs.
 မူးယစ်မေ့လျော်စေတတ်သော သေရည်သေရက် မူးယစ်ဆေးဝါးများကို သုးံစွဲခြင်းမှေ၇ှာင်ကြည်ခြင်း။
(၆)၀ိကာလဘောဇနာ ဝေရမဏိ သက္ခာပဒံသမာဒိယာမိ။
Abstaining from taking food after mid-day.
နေ့လွဲညစာ စားခြင်းမှ ရှောင်ကြည်ခြင်း။
(၇) နစ္စ ဂီတ ၀ါဒိတ ၀ိသူက ဒဿန မာလာဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန ၀ိဘူသနဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
Abstaining from dancing, singing, playing musical instruments, seeing show, wearing flowers and using perfume.
 ကခြင်း တီးခြင်း တီးမှုတ်ခြင်းတို့ကို ကြည့်ရူနားထောင်ခြင်းနုင့် ပန်း၊ နံသာ၊ အမွေးအထုံ ပန်ဆင်လိမ်းကျံ တန်ဆာဆင်ခြင်းမှ ရှောင်ကြည်ခြင်း။
(၈)ဥစ္စာသယန မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
Abstaining from using high and luxurious bed and seats.
မြင့်သောနေရာ မြတ်သောနေရာကို အသုးံပြုခြင်းမှ ရှောင်ကြည်ခြင်း ......တို့ဖြစ်ပြီး
                မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကလည်း "သီလံနာမ သဗ္ဗသမ္ပတ္တီနံ ပတိဌာတိ" သီလဆိုတာ စည်းစိမ်ဥစ္စာ ပြည့်စုံခြင်း၏ မှီရာပါပဲ။ "ပရိသုဒ္ဓ သီလံနာမ ဆသု ဒေ၀လောကေသု ယတ္ထိစ္ဆန္တိ တတ္ထ နိဗ္ဗတ္တန္တိ"။ သီလစင်ကြည်သောပုဂ္ဂိုလ်တွေဟာ နတ်ပြည်ခြောက်ထပ်တို့၌ ဖြစ်လိုတဲ့ ဆန္ဒရှိတဲ့ နတ်ပြည်မှာ ဖြစ်ကြရပါတယ်လို့ ဟောကြားတော် မူခဲ့ပါတယ်။ ဒါကြောင့် အလို ဆန္ဒမှန်သမျှ ပြီးပြည့်စုံချင်တဲ့သူတိုင်းဟာ ကိုယ်ကျင့်သီလဖြစ်တဲ့ မြင့်မြတ်သော (၈)ပါးသီလကို ဖြည့်ကျင့် နိုင်ကြပါစေလို့ ................. ဓမ္မလရိပ်မှ ကုသိုလ်စိတ်ထားဖြင့် တိုက်တွန်း နိုးဆော်အပ်ပါတယ်။
သာဓု သာဓု သာဓု.....
အရှင်စန္ဒိမာ (ဓမ္မလရိပ်)


No comments:

Post a Comment