*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****သစ်ပင်အရိပ် ဆွေမျိုးရိပ်နှင့် မိရိပ်ဘရိပ် ဆရာရိပ်ထက် မင်းရိပ်သည်သာ ဆင့်ဆင့်သာ၏။ ထိုမှတစ်ဖြာ မြတ်စွာဟောကြား တရားဆာယာ အရိပ်မှာကား လွန်စွာအေးမြ ချမ်းသာရ၍ မှီကြခိုသူ များဗိုလ်လူတို့ အပူခပ်သိမ်း ပ,ပျောက်ငြိမ်း၏ ။*****

Wednesday, October 20, 2010

စောင့်ထိန်းသီလ မြတ်ဓမ္မ (၁)

            သီလ ဆိုတဲ့ အဓိပ္ပါယ်က "သီလတီတိ သီလံ။ ကာယ၀စီကမ္မာနိ သမ္မာဒဟတိ သမ္မာဌပေတီတိ အတ္ထော" ကိုယ် ၊  နုတ်၊ ပါးကို အပြစ်မဖြစ်အောင် အကုသိုလ်မဖြစ်အောင် ကောင်းစွာထားတတ်သောကြောင့် သီလလို့ခေါ်ပါတယ်။  အဲဒီတော့  သီလဆိုတဲ့တရားဟာ ဘယ်သူတွေနဲ့ သက်ဆိုင်ပါသလဲလို့ မေးလို့ ရှိရင် ခန္ဓာရတဲ့ ပုဂ္ဂိုလ်တိုင်းနုင့်သက်ဆိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ခန္ဓာရတဲ့ ပုဂ္ဂိုလ်တွေဟာ တစ်နေ့ကျရင် မလွဲမသွေသေရမှာဖြစ်လို့ပါ ။  ဒီကိုယ်ကျင့် သီလတရားကို ပုဂ္ဂိုလ်မရွေး ကျင့်သုးံနိုင်လို့ရှိရင်  ကျင့်သုးံတဲ့ သူတွေ အားလုးံဟာ ကိုယ်၊ နုတ် နုင့်ပါတ်သက်တဲ့ မကောင်းသော ဒုစရိုက်တွေ ငြိမ်းအေးတဲ့ အတွက်ကြောင့်  အေးချမ်းသာယာတဲ့တရားဟာ သီလ တရားတော်ပါဘဲ ။ ကမ္ဘာမှာ လူသားတိုင်း အတွက် လုးံဝ ရှောင်ကြည် သင့်သည့် အချက်ငါးချက်ကတော့ ပဉ္စသီလ (ငါးပါးသီလ)လို့ခေါ်တဲ့ ...
(၁) ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
 Abstain from  killing any living being.
သူတစ်ပါး၏ အသက်ကိုသတ် ဖြတ်ခြင်းမှ ရှောင်ကြည်ပါ၏။
ဆောင်။ ။ သူ့အသက်လည်း မသတ်ဘဲအမြဲ ရှောင်ကြည်မည်။
(၂)အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
 Abstain from stealing.
သူတစ်ပါးပစ္စည်းကို ခိုးယူခြင်းမှ ရှောင်ကြည်ပါ၏။
ဆောင်။ ။သူ့ဥစ္စာလည်း မခိုးဘဲ အမြဲရှောင်ကြည်မည်။
(၃)ကာမေသု မိစ္ဆစာရာဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
Abstain from committing sexual misconduct.
သူ့အိမ်ထောင်ကိုပြစ်မှားခြင်းမှ ရှောင်ကြည်ပါ၏။
  ဆောင်။ ။ သူ့အိမ်ထောင်လည်း မပြစ်မှားဘဲ အမြဲရှောင်ကြည်မည်။
(၄) မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
Abstain from telling lies.
မမှန်သောစကားကို ပြောဆိုခြင်းမှ ရှောင်ကြည်ပါ၏။
ဆောင်။ ။မမုန်သောစကားလည်း မဆိုဘဲ အမြဲရှောင်ကြည်မည်။
(၅)သုရာမေရယ မဇ္ဇပမာဒဌာနာ ဝေရမဏိ သိက္ခာပဒံသမာဒိယာမိ။
Abstain from taking intoxicating drinks and drugs.
သေအရက်ကိုသောက်ခြင်းမှရှောင် ကြည်ပါ၏။
ဆောင်။ ။ သေအရက်လည်း မသောက်ဘဲ အမြဲရှောင်ကြည်မယ်။ 
 ဤ သီလဆိုတဲ့ ကိုယ်ကျင့်တရားကို ရပ် ရွာ မြို့ ပြည်ထောင်စု ကမ္ဘာတစ်ခုလုးံ အားလုးံလက်ခံကျင့် သုးံထားကြမယ် ဆိုရင် ကိုယ်နုင့်ပါတ်သက်တဲ့ လွန်ကျူးမူ ကာယဒုစရိုက် ၊ နုတ်နုင့်ပါတ်သက်တဲ့လွန်ကျူးမူ ၀စီဒုစရိုက်မဖြစ်တဲ့အပြင်  ယနေ့နေထိုင်ကြတဲ့ကမ္ဘာကြီးဟာ အလွန်နေချင်စဖွယ် ဓမ္မလရိပ်အောက်မှ ငြိမ်းချမ်းရိပ်မြှံ၊ သုခဘုံကြီးတစ်ခု ဖြစ်လာမှာ သေချာပါတယ်။  ဤငါးပါးအား မလိုက်နာ မကျင့်သုးံ  ပြောင်းပြန်အားဖြင့်သာ တွေးကြည့်မယ်ဆိုပါက ကမ္ဘာကြီးဟာ ငရဲဘုံသဖွယ် ပူလောင်ပြင်းလာမှာ သေချာပါတယ်။
အရှင်စန္ဒိမာ (ဓမ္မလရိပ်)

No comments:

Post a Comment