*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****သစ်ပင်အရိပ် ဆွေမျိုးရိပ်နှင့် မိရိပ်ဘရိပ် ဆရာရိပ်ထက် မင်းရိပ်သည်သာ ဆင့်ဆင့်သာ၏။ ထိုမှတစ်ဖြာ မြတ်စွာဟောကြား တရားဆာယာ အရိပ်မှာကား လွန်စွာအေးမြ ချမ်းသာရ၍ မှီကြခိုသူ များဗိုလ်လူတို့ အပူခပ်သိမ်း ပ,ပျောက်ငြိမ်း၏ ။*****
Wednesday, January 25, 2012
သဒ္ဓါကြည်ညို ရိုသေလှစွာ
        ငါ၏ စိတ်တွင် အတ္တ၀င်က
         အတ္တကင်းစင်  ဘုရားရှင်ကို
         ငါလျှင်ကြည်ညိုမိပါ၏။ ။
                                             (မင်းကွန်းတိပိဋကဆရာတော်ကြီး)
         လောက၌လူသားများသည် မိမိကိုယ်၌ ငါသာလျှင် အမြတ်ဆုးံ၊ ငါသာလျှင် အသိဆုးံ၊ ငါသာလျှင် အကောင်းဆုးံ၊ ငါနုင့်ဆက်နွယ်သူများသာလျှင် အတော်ဆုးံ၊ အတတ်ဆုးံ အသိအလိမ္မာအရှိဆုးံဟု အတ္တမာန၀င်လာ တတ်ကြပါသည်။
ထိုသို့ဝင်လာလျှင် အေးဒီအတ္တတရားတွေကို အနိုင်ရအောင် အတ္တကင်းစင်သော သုးံလောကထွဋ်ထား သဗ္ဗညု မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးကို အမှတ်တရ ကြည်ညိုနေမိရန် လိုအပ်လှပါသည်။ 
ကြည်ညိုခြင်းဟူရာ၌  သဒ္ဓါတရားဖြစ်ရန်လည်း လိုအပ်ပါသည်။ သဒ္ဓါတရားသည် ဘ၀သံသရာအတွက် မည်မျှအရေးကြီးကြောင်း သိရန်လည်း ကြိုးစားသင့်ပေသည်။ မြတ်စွာဘုရားရှင်ကိုယ်တိုင် ဘုရားအဖြစ်ကို ရဖို့ရန် ကြိုးစားစဉ်ကာလ၌ ဒါနပါရမီ ကို အဦးပြု၍ကြိုးစားခဲ့သည်။ 
ဒါနပါရမီကို မိမိ၏ ရင်ထဲ၊ နှလုးံသားထဲ၊  ရင်ဘတ်ထဲ၌ သဒ္ဓါတရားမရှိဘဲ ဘယ်လိုနည်းနုင့်မျှ ကြိုးစားယူ၍ ရနိုင်မည် မဟုတ်ပေ။ သဒ္ဓါတရားနုင့်သာ ဘ၀ကို ကျော်ဖြတ်ကြရပါမည်။ ။ 
တစ်ခါတွင် အာဠာဝက ဘီလူးက မြတ်စွာဘုရားရှင်ကို " အို....ရဟန်းကြီးဂေါတမ...ဤလောက၌ ပုဂ္ဂိုလ်သတ္တ၀ါ ဟူသမျှတို့၏ ပစ္စုပ္ပန် သံသရာ  နှုစ်ဌာန၀ယ် အမြတ်ဆုးံ ၊ အချီးမွမ်းအပ်ဆုးံသော ဥစ္စာရတနာဟူသည် အဘယ်တရားဖြစ်ပါသနည်း" ဟုမေးမြန်းခဲ့ဖူးပါသည်။. မြတ်စွာဘုရားရှင်က " "အို....အာဠာဝကဘီလူး.....ဤလောက၌ ပုဂ္ဂိုလ်သတ္တ၀ါ ဟူသမျှတို့၏ ပစ္စုပ္ပန် သံသရာနှုစ်ဌာန၀ယ် အမြတ်ဆုးံ၊ အချီးမွမ်းအပ်ဆုးံသော  ဥစ္စာရတနာဟူသည် ဘုရား တရား သံဃာရတနာ သုးံပါးနှင့်  ကံ ကံ၏ အကျိုးတရားကို ယုံကြည်ခြင်း သဒ္ဓါတရားပင် ဖြစ်သည်" ဟု ဖြေကြားခဲ့ဖူးပါသည်။  ဤမြတ်စွာဘုရားနှင့်  အာဠာဝက ဘီလူးတို့၏ အမေးအဖြေကိုကြည့်လျှင်  ပစ္စုပ္ပန် သံသရာ နှစ်ဖြာလုးံအတွက် အရေးအကြီးဆုးံ ဥစ္စာရတနာ အစစ်မှာ  သဒ္ဓါတရားပင် ဖြစ်ကြောင်းတွေ့နိုင်ပါသည်။  
တဖန် အာဠာဝက ဘီလူးက "  ရှင်ဂေါတမ ...အဘယ်မည်သောတရားဖြင့်  ကာမောဃ၊ ဘာဝေါဃ၊ ဒိဌောဃ၊ အ၀ိဇ္ဖောဃ ဟူသော သြဃလေးသွယ်၊ ရေယာဉ်ကြမ်းကို  ကူးသန်းထုတ်လျှောက် လွန်မြောက်နိုင် ပါစေသနည်း" ဟု မေးမြန်းသောအခါ မြတ်စွာဘုရားရှင်က .."အို ..... အာဠာဝက ဘီလူး ....ကာမောဃ၊ ဘာဝေါဃ၊ ဒိဌောဃ၊ အ၀ိဇ္ဖောဃ ဟူသော သြဃလေးသွယ်၊ ရေယာဉ်ကြမ်းကို  ကူးသန်းထုတ်လျှောက် လွန်မြောက်စေနိုင်သောအရာမှာ သဒ္ဓါတရားပင်ဖြစ်ကြောင်း" ဟောကြားတော်မူခဲ့ပါသည်။ 
အထက်ပါ အမေးအဖြေကိုကြည့်လျှင်လည်း ဘ၀သံသရာ ခရီးကြမ်းကို ဖြတ်ကျော်ရာ၌ သဒ္ဓါတရားသည် မရှိမဖြစ်အလွန်ပင် လိုအပ်ကြောင်း သိသာနိုင်ပါသည်။  သို့သော် သဒ္ဓါတရားအားကောင်းရုံဖြင့်, သဒ္ဓါတရားတရားထက်သန်စွာဖြင့်, ဘ၀ခရီးကြမ်းကို ဖြတ်သန်းရုန်းကြိုးစားနေကြသော အားလုးံသော ပုဂ္ဂိုလ် များမှာ စိစစ်ဝေဖန်တတ်သော ပညာလည်း ရှိရန်လိုပေသည်။  အဘယ်ကြောင့်ဆိုသော်... မိမိမှာသဒ္ဓါတရားရှိ၍ သာသနာတွင်းကြုံခိုက်  သာသနာပြုကုသိုလ်များကို ပြုလုပ်ရာ၌  ကုသိုလ်အပြည့်အစုံ ရနိုင်သည့် အကြောင်းအချက်များနှင့်လည်း ပြည့်စုံရန်လိုပါသည်။ ထို့ကြောင့် ပညာရှိများက 
                        သဒ္ဓါကြည်ညို၊    ရိုသေလှစွာ
                         အခါကိုသိ၊ မစွန်းငြိဘဲ
                         မထိမပါး၊ လှူတုံငြားမှ.ဟုစပ်ဆိုခဲ့ကြပါသည်။ 
(၁) သဒ္ဓါ = ယုံကြည်မှူ ရှိရမည်။
(၂) ကြည်ညို = လေးစားချစ်ခင်မှူရှိရမည်။
(၃) ရိုသေ = အလှူကိုလေးစားရိုသေမှူရှိရမည်။ 
(၄) အခါ = လိုအပ်နေသည့် အချက်ကို ဖြည့်ဆည်းမှူရှိရမည်။ 
(၅) မစွန်းငြိ =အလှူအပေါ်၊အလှူဝတ္ထုအပေါ် ၊မိမိ၏ပတ်ဝန်းကျင်အပေါ် ၊အလှူခံအပေါ်တွန့်ဆုပ်မှူကင်းရ     မည်။
(၆) မထိမပါး = မိမိမှတစ်ပါး အခြားသောအလှူရှင်၊ မိမိမှတစ်ပါး အခြားသော အလှူမျိုးတူအပေါ် ပြိုင်ဆိုင်မှူ ၊ယှဉ်ပြိုင်မှူ၊ ကြွားဝါမှူ၊ မနာလိုဝန်တိုမှူ မရှိဘဲဖြစ်ရမည်။ ဤသို့ဖြစ်ဖို့ရန်မှာလည်း  ဆင်ခြင်သိမြင်တတ်သော ပညာပါမှ မိမိ၏အလှူအပေါ်၊ မိမိ၏လုပ်ငန်းကိစ္စအပေါ် ၊စိစစ်ဝေဖန်နိုင်မည်ဖြစ်သည်။ စိစစ်ဝေဖန်မှလည်း   တော်ကာကျပါမည်။  အားလုးံသော စာရှူသူများအနေဖြင့်  မြတ်စွာဘုရားအလိုတော်ကျ မိမိကိုယ်ကို မိမိ၊ စိစစ်ဝေဖန်ဆုးံဖြတ်နိုင်ရန် မြတ်ဗုဒ္ဓ၏ တရားတစ်ပိုဒ်ကို တင်ပြလိုပါသည်။ ။
တစ်ခါတုန်းက မြတ်စွာဘုရားရှင်သည် ကေသမုတ္တရွာကြီးသို့ ရောက်ရှိခဲ့သည်။ ထိုအချိန်၌ အေးဒီရွာကြီးသို့ ဘုရားရှင်ထက်ရှေ့ဦးစွာမိမိကိုယ်ကို ဘုရားဟူ၍ အမည်ခံထားကြသော
(၁) ပုရာဏကဿပ
(၂) မက္ခိလိဂေါသာလ
(၃) အဇိတကေသကမ္ဗလ
(၄) ပကုဓ ကစ္စာယန
(၅) သဉ္ဖာယဗေလဌပုတ္တ
(၆)နိဂဏ္ဍနာဋပုတ္တ  ဖြစ်သည့်တတ္ထိဆရာ  ကြီးခြောက်ဦးတို့ ရှေးဦးစွာ ရောက်ရှိခဲ့ပြီးဖြစ်သည်။
      ထိုတတ္ထိဆရာကြီးခြောက်ဦးတို့က " ငါဟောတာကိုယုံ၊ သူများပြောတာမယုံနဲ့ဆိုပြီး"  မှားယွင်းသောအယူ ၀ါဒ များကို ဟောကြားခဲ့ပြီးဖြစ်သဖြင့် ရွာသားများမှာ အယူဝါဒနဲ့ပါတ်သက်ပြီး တွေဝေနေကြသောအချိန် လည်းဖြစ်သည်။  
              မြတ်စွာဘုရားရှင်ကတော့ မိမိကိုယ်တိုင် အမှားအမှန်၊ ဟုတ်မဟုတ်ကို ဆုးံဖြတ်နိုင်ရန် ကေသမုတ္တိ သုတ်တော်ကို ဟောကြားတော်မူခဲ့ပါသည်။
ဤသုတ္တန်သည် ယနေ့ ကမ္ဘာပေါ်တွင် ရှိနေသမျှသော အတွေးအခေါ်ပညာရှင်ကြီးများအားလုးံမှ အထူး အလေးစားဆုးံနုင့်  ချီးမွမ်းခံရဆုးံသော သုတ္တန်တစ်ခုလည်းဖြစ်ပါသည်။  
              အေးဒီသုတ္တန်တွင် မြတ်စွာဘုရားရှင်က ကေသမုတ္တရွာသားများအား အောက်ပါအတိုင်းဟောကြားထားပါသည်။  (၁) တစ်ဆင့်စကားပြောလာစကားကို (ဟုတ်ပြီ မှန်ပြီဟု အတည်) မယုံနဲ့ဦး။
(၂) အစဉ်အလာ ဘိုးဘွားဆက်ဆက် စကားမျှဖြင့်လည်း( ဟုတ်ပြီ မှန်ပြီဟု အတည်) မယုံနဲ့ဦး။
(၃) ဤသို့ဖြစ်ဖူးသတတ် စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယုံနဲ့ဦး။
(၄) ပိဋကတ်စာပေနုင့် ညီညွတ်ပေသည်ဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟုအတည်) မယုံနဲ့ဦး။
(၅) ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယုံနဲ့ဦး။
(၆) နည်းမှီယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယုံနဲ့ဦး။
(၇) အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယုံနဲ့ဦး။
(၈) ငါတို့အယူဝါဒသာမှန်တယ်ဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယုံနဲ့ဦး။
(၉) လေးစားကြည်ညို ထိုက်သောသူ ပြောတိုင်းလည်း (ဟုတ်ပြီမှန်ပြီဟု အတည်) မယုံနဲ့ဦး။
(၁၀) ငါ့တို့ ဆရာပြောတိုင်းလည်း (ဟုတ်ပြီမှန်ပြီဟု အတည်) မယုံနဲ့ဦး။ ဟု ဟောကြားတော်မူခဲ့ပါသည်။
သို့ဖြစ်၍မည်သည့် အယူဝါဒဘဲဖြစ်ဖြစ် မည်သူ၏ပြောသောစကားဘဲဖြစ်ဖြစ် အလွယ်တကူ လက်ခံ ယုံကြည်ခြင်း  မပြုဘဲ ကိုယ်တိုင်ကိုယ်ကျ သိအောင်လက်တွေ့လုပ်ကြည့်ပြီးမှသာ ဤအယူကားမှားသည်၊ ဤအယူကားမှန်သည်၊ ဤအပြုအမူကားဆိုးသည်၊ ဤအပြုအမူကားကောင်းသည်၊ ဤစကားလက်ခံ မယုံကြည်သင့် ၊ဤစကားလက်ခံယုံကြည်သင့်သည် ၊ ဤကားအကျိုးမရှိ၊ ဤကားအကျိုးရှိသည်ဟုဆုးံဖြတ် စိစစ်ကြရမည်ဖြစ်သည်။
         စာရှူသူများအနေဖြင့်မည်သည့်အရာ၌မဆို  သဒ္ဓါတရားပါပါ၊ စေတနာထက်သန်စွာဖြင့် အတ္တမာနတွေ ကင်းရှင်းစွာ ပြုလုပ်ရန်လိုအပ်သကဲ့သို့ အရာရာမှာ လေးလေးနက်နက်ဆင်ခြင်သုးံသပ်၊ စဉ်းစားဝေဖန် ဆုးံဖြတ်တတ်သော ဥာဏ်ပညာနှင့်လည်း  ပြည့်စုံရန် ဘ၀မှာ အမှန်ပင်လိုအပ်လှပါသည်။ ။ ။
အရှင် စန္ဒိမာ(ဓမ္မလရိပ်)
No comments:
Post a Comment