*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****သစ်ပင်အရိပ် ဆွေမျိုးရိပ်နှင့် မိရိပ်ဘရိပ် ဆရာရိပ်ထက် မင်းရိပ်သည်သာ ဆင့်ဆင့်သာ၏။ ထိုမှတစ်ဖြာ မြတ်စွာဟောကြား တရားဆာယာ အရိပ်မှာကား လွန်စွာအေးမြ ချမ်းသာရ၍ မှီကြခိုသူ များဗိုလ်လူတို့ အပူခပ်သိမ်း ပ,ပျောက်ငြိမ်း၏ ။*****

Wednesday, February 22, 2012

လုမ္ဗိနီသာမော အင်ကြင်းတော (ပထမ သံဝေဇနိယ)

      

                                                                                                                                   ဘုရားလောင်းတော်မြတ် ဖွားမြင်တော်မူရာ လုမ္ဗိနီသာမော အင်ကြင်းဥယျာဉ်တော်ကို  သံဝေဂဥာဏ်  ယူရမည့်နေရာဌာနအဖြစ် ပထမသံဝေဇနိယဟု ခေါ်ကြပါတယ်။ ဒီကမ္ဘာမှာ မွေးဖွားလာသူတိုင်းဟာ တစ်နေ့မုချ  အိုကြရ၊ နာကြရ၊ သေကြရမယ်။ ဒါကတော့ မပြောင်းလွဲနိုင်တဲ့ သင်္ခါရတရားပါဘဲ ။
ကပိလ၀တ်ပြည်ရှင်ဘုရင် သုဒ္ဓေါဓနမင်းကြီး၏ မိဖုရားခေါင်ကြီး မယ်တော်မာယာဒေ၀ီဟာ ကပိလ၀တ်နေပြည်တော်မှ ဇာတိချက်ကြွေ  မွေးရပ်မြေဖြစ်သော ဒေ၀ဒဟတိုင်းပြည်သို့ သွားရာလမ်းခရီးတွင် တစ်ထောက်ရပ်နားရသည့်  လုမ္ဗိနီသာမော အင်ကြင်းဥယျာဉ်တော်၌ပင် ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားကို မီးရူသန့်စင်ဖွားမြင်တော်မူခဲ့ပါတယ်။  ထိုအချိန်ဘုရားအလောင်းတော်မြတ်သည် ဖွားမြင်တော်မူပြီးချက်ချင်း အရှေ့ဘက်ကိုရပ်၍ (၇) ဖ၀ါးကြွလှမ်းတော်မူပြီး အဆုးံ၌ ရပ်တော်မူလျှက် လက်ညှိုးတစ်ချောင်းကို အပေါ်သို့ထောင်လျှက် စကြာဝဠာ တိုက်တစ်သောင်း၌ ငါနှင့်တူသော သူကိုလည်းကောင်း ၊ ငါ့ထက်သာလွန်   မြင့်မြတ်သော သူကိုလည်းကောင်း ရှိသလော မရှိသလောဟု ဆင်ခြင်တော်မူ၍ မရှိ မမြင်သောအခါ လောကဓါတ်တစ်သောင်းလုးံကို တပြိုင်တည်းဖြင့် မိမိအသံတော်ကို ကြားစေလျက် မကြောက်မရွံ မတုန်မလှုပ်သောသတ္တိဖြင့်
(၁) အဂ္ဂေါဟ မသ္မိံလောကဿ။
လောက၌ ငါသည်သာလျှင် အမြတ်ဆုးံ။
I am the chief in the world,
(၂) ဇေဌောဟ မသ္မိံ လောကဿ။
လောက၌ ငါသည်သာလျှင် အကြီးဆုးံ ။
There is no equal to me,
 (၃)သေဌောဟ မသ္မိံ လောကဿ။
လောက၌ ငါသည်သာလျှင် အချီးမွှမ်းခံရဆုးံ။
I am Supreme,
အယမန္တိမာဇာတိ၊ နတ္ထိဒါနိ ပုန ဗ္ဘဝေါတိ။ 
ဤပဋိသန္ဓေနေရခြင်းသည် ငါ့အတွက် နောက်ဆုးံ ပဋိသန္ဓေနေရခြင်းပင်တည်း။
ငါသည်နောက်ထပ် ပဋိသန္ဓေ နေရန်မရှိပြီ
This is my last birth, no rebirth for me. 
ဟု သုံးခွန်းသောစကားတော်ကို မိန့်မြွက်တော် မူခဲ့ပါတယ်။ 
ဘုရားလောင်း သိဒ္ဓတ္ထမင်းသားသည် ဤလောက၌ ငါသာလျှင် အမြတ်ဆုးံ ၊ငါသာလျှင် အချီးမွမ်းခံရဆုးံ ၊ ငါသာလျှင် အကြီးဆုးံဟု  ကြုံးဝါးတော် မူခဲ့သော်လည်း .. မအိုရအောင်၊ မနာရအောင်၊ မသေရအောင် ဆိုပြီး မလုပ်နိုင်ခဲ့ပါဘူး ။ အိုခဲ့ရတယ်၊ နာခဲ့ရတယ်၊ နောက်ဆုးံတော့ဘုရားဖြစ်ပြီး မလ္လာမင်းတို့ ကုသိနာရုံ အင်ကြင်းတောဥယျာဉ်၌ သင်္ခါရတရားတော်ကို မလွန်ဆန်နိုင်တော်မူ၍ ခန္ဓပရိနိဗ္ဗာန်ပြုတော်မူခဲ့ရတာပါပဲဟု နှလုးံသွင်းဆင်ခြင်၍ ငါတို့သည်လည်းပဲ တစ်နေ့ကျရင် အိုရမယ်၊ နာရမယ်၊ သေရမယ်ဆိုတာ အမှန်ပင်ဖြစ်ပါပေတယ်။  ခန္ဓာငါးပါး ရုပ်နာမ်တရားအပေါ် မိမိကိုယ်ကို သံဝေဂတရား နှလုးံသွင်းနိုင်ကြပါစေဟု......
အရှင် စန္ဒိမာ (ဓမ္မလရိပ်)

No comments:

Post a Comment