"လူ့ဘုံဌာန၊ ဤလောက၌၊ ဖကိုလက်ယာ၊ မိမှာလက်ဝဲ၊ ပခုးံထက်တွင်၊ တင်လျက်လုပ်ကျွေး၊ မပြတ်ကျွေးလည်း၊ ကျေးဇူးဂုဏ်အင်၊ မကုန်နိုင်ဘူး။" (မဃဒေ၀)
နှစ်စဉ် မေလဒုတိယအပတ် တနင်္ဂနွေနေ့ကို ကမ္ဘာမှာနိုင်ငံအများစုက အမေအားလုးံကို ဂုဏ်ပြုသောနေ့ အဖြစ် အမေနေ့ဟု သတ်မှတ်ခဲ့ကြသလို မြန်မာနိုင်ငံမှာလည်း အမေအားလုးံကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ်ပြာသိုလပြည့်နေ့ကို အမေနေ့ဟု သတ်မှတ်ခဲ့ကြပါတယ်။
ဒီနေ့ဟာ ပြာသိုလပြည့်နေ့ဆိုတော့ မြန်မာအမေများနေ့ပေါ့ .......။ လောကရှိလူသားများအားလုးံဟာ အမေနဲ့ကင်းကွာ၍ မရနိုင်ကြပါဘူး ။ ဒါကြောင့် အမေရဲ့ ကြီးမားတဲ့ ဂုဏ်ကျေးဇူးတွေကို သီကျုးချင်တဲ့ စိတ်တွေနဲ့ မိမိရဲ့ ကိုယ်ပိုင်ဘလောက်လေးထဲမှာ စာတစ်ပိုဒ်လောက် ရေးချင်တဲ့ ဆန္ဒဖြစ်ပေါ်လာမိပါတယ်။ တကယ်တော့ အမေတို့ရဲ့ အနန္တဂုဏ်တော် ကျေးဇူးတော်သည်ကား အဆုးံအပိုင်းအခြား မရှိတဲ့အတွက် စကားလုးံတွေ၊ စာလုးံလေးတွေနဲ့ စီကုးံရေးသားလို့ ဘယ်လိုမှ ကုန်လည်းကုန်နိုင်မှာ မဟုတ်သလို ပြည့်လည်း ပြည့်စုံနိုင်မှာ မဟုတ်ဘူးဆိုတာ စာရူသူများသိပြီးသားပါ။ ဘယ်နေရာဘဲ သွားသွား၊ဘယ်နေရာကိုဘဲ ရောက်ရောက် တစ်ယောက်ယောက်ပါးစပ်ကနေ အမေဘဲဖြစ်ဖြစ်၊ Mom ဘဲဖြစ်ဖြစ်၊ Mother ဘဲဖြစ်ဖြစ် အမေနဲ့ဆိုင်တဲ့ စားလုးံကို ကြားလိုက်တာနဲ့ လူတိုင်းဟာ မိမိတို့ရဲ့ အမေကို သတိရတတ်ကြပါတယ်။ အမေ့မေတ္တာဟူသည်မှာကား သားသမီးများအတွက် မဖြစ်နိုင်သည့် အရာများကို အမှန်ပင် ဖြစ်စေနိုင်သည်မဟုတ်ပါလား?။ သုးံလောကထွဋ်ထား မြတ်စွာဘုရားရှင်က မိဘမေတ္တာ၏ နက်ရှိုင်းကျယ်ပြန့်မှူကို အတိုင်းအဆ မရှိအောင်ကျယ်ပြန့်သော စကြာဝဠာကြီးကိုပင် မိဘမေတ္တာနှင့် နိုင်းယှဉ်တိုင်းတာလျှင် ထိုစကြာဝဠာကြီးသည်ပင် အပ်နဖားပမာဏ မျှသာရှိသည်ဟု ဟောကြားတော်မူခဲ့ပါတယ်။ အမေရိကန် သမ္မတကြီး လင်ကွန်းကလည်း" သားဖြစ်နေ သမျှ၊ ဖြစ်လာဖို့ မျှော်မှန်းနိုင်သမျှ ဘ၀တွေဟာ အမေ့ကျေးဇူးကြောင့်ပါ " ပဲလို့ ပြောဆိုခဲ့ဖူးတယ်။ ဒါကြောင့် အားလုးံသော သူများဟာ အမေရဲ့ဂုဏ်ကျေးဇူးတွေကို ထ၀ရ ဖော်ကျူးနေဖို့ လိုပါတယ်။ ကျေးဇူးဆပ်၍ မကုန်နိုင်တဲ့ ဘာနဲ့မှ အစားထိုးမရနိုင်တဲ့ အမေရဲ့ မေတ္တာ၊ အမေရဲ့ ကရုဏာ၊ အမေ့ရဲ့ မုဒိတာ၊ အမေ့ရဲ့ ဥပေက္ခာတွေကို ခံစားနားလည်တတ်ဖို့လည်း လိုအပ်ပါတယ်။ "My Mother is very old now" အမေဟာ သားသမီးတွေ အပေါ်မှာ ကြီးမားတဲ့မေတ္တာတွေနဲ့ သူ့ရဲ့ အချိန်တွေကို အိုမင်းရင့်ရော်သည့်တိုင် ကျွေးမွေးပြုစုစောင့်ရှောက်ပေးဆပ် ခဲ့ပြီးပြီဖြစ်ပါတယ်။ သားသမီးတွေကလည်းတစ်ဖန် အမေရဲ့ ကျန်ရှိနေသေးသောတန်ဖိုးရှိတဲ့ အချိန်တွေကို ဒါန၊ သီလ၊ ဘာဝနာ တရားတွေနဲ့ ပျော်မွေ့နေနိုင်အောင် ပြန်လည်ပေးဆပ်တတ်ဖို့ လိုပါတယ်။ ပေးလည်းပေးဆပ်သင့်ပါတယ်။ မွန်လည်း မွန်မြတ်လှပါတယ်။ အမေကို ချစ်ပါတယ်လို့ ပါးစပ်ကနေ ပြောနေမယ့်အစား အမေစိတ်ချမ်းသာအောင် ဆောင်ရွက်လုပ်ပေးတာက ပိုပြီး အမေကို ကျေးဇူးဆပ်ရာရောက်ပါတယ်။ ကျေးဇူးတရားတွေကြီးမားလွန်းတဲ့ မိမိတို့ရဲ့အမေကို စိတ်ချမ်းသာအောင် ပြုစုစောင့်ရှောက်ပေးတာဟာ ကုသိုလ်တရားတွေအများကြီးရပြီးတော့ အမေရဲ့ ကြီးမားတဲ့ ဂုဏ်ကျေးဇူးတွေကို သိတတ်ကြတဲ့ သားသမီးများဟာ ဒီကမ္ဘာမှာ ဘယ်နေရာ မှာဘဲ နေနေ ဘေးဘယာတွေ ကင်းကွာပြီး လုပ်ငန်းကိစ္စမှန်သမျှတွေမှာ အောင်မြင် တိုးတက်ကာ ဘ၀ တစ်သက်လုးံ ကျန်းမာချမ်းသာစွာဖြင့် အမျိုးဘာသာ၊ သာသနာအတွက်ကျေးဇူးများတဲ့ သားသမီးကောင်း ရတနာများ အမှန်ပင်ဖြစ်လာနိုင်ပါတယ် ..............................
* သား သမီးတွေ ဘယာကင်းလို့၊
လိုရာဆန္ဒ ပြည့်ပါစေ။
မေတ္တာရေလောင်း အေးစေကြောင်း
ဆုတောင်းနေတာ မေမေ့ မေတ္တာ။
* သား သမီးတွေ ဆင်မပြေလျှင်
ပြေလည်စေကြောင်း ဆုချွေတောင်းလို့
သနားနေတာ မေမေ့ ကရုဏာ။
* သားသမီးတွေ ပျော်ရွှင်ချမ်းမြေ့
အေးမြနေတာ တွေ့နေပါလျှင်
ဝမ်းသာနေတာ မေမေ့ မုဒိတာ။
* ဘ၀ကံကြမ္မာ မငြင်းသာ၍
မိသားစုထဲ သားသမီးဆိုး
ပါခဲ့ရင်လည်း ပြုးံမပျက်ဘဲ
ခွင့်လွှတ်နေတာ မေမေ့ ဥပေက္ခာ။
* သား သမီးတွေ ဘယာကင်းလို့၊
လိုရာဆန္ဒ ပြည့်ပါစေ။
မေတ္တာရေလောင်း အေးစေကြောင်း
ဆုတောင်းနေတာ မေမေ့ မေတ္တာ။
* သား သမီးတွေ ဆင်မပြေလျှင်
ပြေလည်စေကြောင်း ဆုချွေတောင်းလို့
သနားနေတာ မေမေ့ ကရုဏာ။
* သားသမီးတွေ ပျော်ရွှင်ချမ်းမြေ့
အေးမြနေတာ တွေ့နေပါလျှင်
ဝမ်းသာနေတာ မေမေ့ မုဒိတာ။
* ဘ၀ကံကြမ္မာ မငြင်းသာ၍
မိသားစုထဲ သားသမီးဆိုး
ပါခဲ့ရင်လည်း ပြုးံမပျက်ဘဲ
ခွင့်လွှတ်နေတာ မေမေ့ ဥပေက္ခာ။
ပြာသိုလပြည့် မြန်မာ့အမေနေ့မှာ အနန္တဂုဏ်အင် ကျေးဇူးရှင် မွေးအမေ နုင့်တကွ အမေများအားလုးံ ထာဝရ စိတ်ချမ်းသာနိုင်ကြပါစေလို့ ဆန္ဒပြုရင်း..............
အရှင်စန္ဒိမာ (ဓမ္မလရိပ်)
အရှင်စန္ဒိမာ (ဓမ္မလရိပ်)
No comments:
Post a Comment