*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****သစ်ပင်အရိပ် ဆွေမျိုးရိပ်နှင့် မိရိပ်ဘရိပ် ဆရာရိပ်ထက် မင်းရိပ်သည်သာ ဆင့်ဆင့်သာ၏။ ထိုမှတစ်ဖြာ မြတ်စွာဟောကြား တရားဆာယာ အရိပ်မှာကား လွန်စွာအေးမြ ချမ်းသာရ၍ မှီကြခိုသူ များဗိုလ်လူတို့ အပူခပ်သိမ်း ပ,ပျောက်ငြိမ်း၏ ။*****

Sunday, January 1, 2012

အမှတ်တမဲ့ မှ အမှတ်တရသို့ .2012


   ဦးဇင်းဟာ 1-1- 2012 .နှစ်ရဲ့ နှစ်သစ်ကူးမှာ အိန္ဒိယနိုင်ငံ၊ ယူပီပြည်နယ်၊ ဗာရာဏသီမြို့ ၊ ဆန်စကရစ် တက္ကသိုလ် မှာပညာသင်ကြားလျှက်ရှိပါတယ်။  ဗာရာဏသီမြို့ မိဂဒါဝုန် မြန်မာကျောင်း ဆရာတော်  ဘဒ္ဒန္တ ၀ဏ္ဏဓဇ (အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ) က ဦးဇင်းအပါအ၀င်  ရဟန်းတော်များကို နေ့ဆွမ်းဘုဉ်းပေးရန် ကြွရောက်လာကြရမည့်အကြောင်း ပင့်လျောက်ချက်အရ မိဂဒါန်ဝုန်မြန်မာကျောင်းတိုက်ကြီးကို နံနက် ၉ နာရီမှာကြွရာက်ဖြစ်ကြပါတယ်။ နံနက် ၁၁ နာရီမှာ ဆွမ်းကပ်ပြီး နေ့လယ် ၁၂ နာရီခွဲမှာ ဓမ္မစက္ကမုဒြာ ဆင်းတုတော်ကို  ဗုဒ္ဓါဘိသေက- ဘုရား အနေကဇာတင် တော်မူကြပါတယ်။
         ထို့နောက် မိဂဒါဝုန်ဆရာတော်ဘုရား၏  မိန့်ကြားချက်အရ  ကြွရောက်လာကြသည့်သံဃာတော်များက အလှည့်ကျ တစ်ပါးချင်းစီရဲ့ ဘ၀ရည်မှန်းချက်နှင့် အိန္ဒိယ အတွေ့အကြုံတွေကို မကျဉ်းမကျယ် ၁၀ မိနစ်ခန့် စကားပြောခွင့်ရကြပါတယ်။
       ပထမဆုးံပြောသူကတော့ ဒေါက်တာ အရှင်ပဏ္ဍိတ (မဟာဂန္ထ၀ါစကပဏ္ဍိတ) (ရက္ခမြာရိုး) ဆရာတော်က မိမိဘ၀အတွက်အကြုံနဲ့ အိန္ဒိယအတွေ့အကြုံစတာတွေကို ပြောပြီး ဦးဇင်းနှင့်တကွ တစ်ပါးချင်းစီ အားလုးံ မိမိဘ၀ အတွေ့အကြုံနဲ့ ဘ၀ရည်မှန်းချက်တွေကို ပြောဖြစ်ကြပြီး ညနေသုးံနာရီခွဲမှာအဆုးံသတ်ကာ အမှတ်တရ စုပေါင်း Group ဓါတ်ပုံများ ရိုက်ဖြစ်ကြပါတယ်။
       2012.-ခုနှစ် -နှစ်သစ်မှာ မိဂဒါန်ဝုန်မြန်မာကျောင်းဆရာတော်ဘုရားအပါအ၀င် ပင့်ဖိတ်ထားသည့် သံဃာတော်များနှင့် အမှတ်တမဲ့ ဆုံတွေ့ခွင့်ရခဲ့ပြီး ဒီနှစ် နှစ်သစ်ကူးဟာ ဦးဇင်းအနေနဲ့ လွန်ခဲ့သောနှစ်တွေက နှစ်သစ်ကူးတွေနှင့် မတူ-တမူထူးခြားပြီး ဒီလိုခံစားချက်တွေ အတွေ့အကြုံတွေ ဘ၀ရည်မှန်းချက်တွေကို ပြောဖြစ်ကြတာဟာ ဦးဇင်းရင်ထဲမှာ တစ်သက်လုးံ မမေ့နိုင်စရာ အမှတ်တရ ဖြစ်ခဲ့ရပါတယ်။ ။ ။
                 ဆရာတော်ဘုရား၏ သြ၀ါဒကလည်း ဦးဇင်းတို့အားလုးံကို အမှတ်တရဖြစ်စေပါတယ်။
                                                 သြ၀ါဒ
  "အရှင်ဘုရားတို့ အနေနဲ့ အိန္ဒိယမှာ ပညာသင်ရင်း  ဘ၀အတွေ့အကြုံတွေရယူပြီး, ပညာကို ကြိုးစား သင် ယူကာ အမြင့်ဆုးံဒီဂရီ တစ်ခုခုကိုရအောင် ကြိုးစားကြဖို့လိုသလို-ဘ၀တစ်လျှောက်လုးံအတွက် အခက်အခဲ မရှိအောင်မြင်နိုင်အောင်ဘုရားဂုဏ်တော်စတဲ့ဂုဏ်တော်တစ်ခုခုကိုအဓိဌာန်မပျက်နေ့စဉ်ရွတ်ဖတ်  ဆောင်ထားကြပါ"။
အရှင် စန္ဒိမာ( ဓမ္မလရိပ်)
I wish all of my dhamma friends  to be  successful, healthy, wealthy and peace of mind in  this great Happy New Year of 2012.

               

No comments:

Post a Comment