ကံ ၊ ကံ၏ အကျိုးတရားကို ယုံ ကြည်မူ ရှိသူတိုင်းကို ဗုဒ္ဓဘာသာလို့ ခေါ်ပါတယ်။ မြတ်စွာဘုရားရှင်သည် အင်္ဂုတ္တရ နိကာယ်၊ ပဉ္စက နိပါတ် ပါဠိတော်မှာ " ကမ္မဿကာ၊ ကမ္မဒါယာဒါ၊ ကမ္မယောနိ၊ ကမ္မဗန္ဓု၊ ကမ္မပဋိဿရဏာ ၊ ယံ ကမ္မံကရိဿန္တိ ကလျာဏံဝါ ပါပကံဝါ တဿ ဒါယဒေါ ဘ၀ိဿန္တိ''၊ တဲ့ ဒီတရားတွေကို မိမိတို့ တစ်သက်တာလုးံ ခိုင်ခိုင်မြဲမြဲယုံကြည်ဖို့ လိုအပ်တယ်လို့ မှာကြားတော်မူခဲ့ပါတယ်။ ဘ၀မှာ မိမိကိုယ်ကို မိမိသိတတ်လာတာနဲ့ ကံတွေကို ပြုလုပ်တော့တာပါဘဲ ။ ကိုယ်နဲ့မဟုတ်ရင် အပြောနဲ့ စိတ်နဲ့ပြုမယ်။ မပြုဘဲနေဖို့မဖြစ်နိုင်ပါဘူး ။ ဒီလိုပြုထားတဲ့ ကံသာလျှင် မိမိဥစ္စာရှိတာကို ကမ္မဿကာ လို့ ခေါ်ပါတယ်။ အပြုတိုင်း အကျိုးကို ဖြစ်စေတယ်။ ကောင်းတာ မဟုတ်ရင် ဆိုးတာ ကောင်းကျိုးပေးတာ မဟုတ်ရင် ဆိုးကျိုးပေးတာပဲ ။ ဒါဟာ မရှောင်ကွင်းနိုင်ပါဘူး ။ဒီတော့ ကိုယ်၊ နုတ် ၊စိတ် တို့က အမူကို ပြုလိုက်တာနဲ့ အကျိုးကို ခံစားရမှာပဲ ၊ ဒါကို ကမ္မဒါယာဒါ လို့ ခေါ်ပါတယ်။ ကောင်းတဲ့ အပြု တွေရဲ့ အကျိုးတရားက ကိုယ် ၊ နှုတ် ၊ စိတ် တွေကို ပစ္စက္ခရော နောင်မှာပါ ချမ်းသာတဲ့ အခြေနေမှာ ဖြစ်ပေါ်စေလိမ့်မယ်။ မကောင်းတဲ့ အပြုအမူတွေရဲ့ အကျိုးတရားက ကိုယ်၊ နှုတ် ၊ စိတ်တို့ကို ပစ္စက္ခရော နောင်မှာပါ ဆင်းရဲ့တဲ့ အခြေနေမှာ ရောက်စေလိမ့်မယ် ဒါကို ကမ္မယောနိ လို့ ခေါ်ပါတယ်။ အရင်ဘ၀များမှာ ကိုယ်၊ နှုတ် ၊ စိတ်တို့က ပြုလုပ်တဲ့ကံတွေက လက်ရှိဘ၀မှာ အခြေနေ အမျိုးမျိုးကို ဖန်စီရင်ပေးတာပါဘဲ ။ ဒါကို ကမ္မဗန္ဓု လို့ ခေါ်ပါတယ်။ ဗုဒ္ဓဘာသာ အလိုအရ လူသားတွေဟာ ကံကြောင့်မွေးဖွားလာရတာ ၊ မွေးဖွားပြီးတာနဲ့ မလှုပ်ရှားဘဲ ၊ မပြုဘဲ မနေနိုင်ကြပါဘူး ။ အသက်ဆက်နိုင်ဖို့အရေး ကောင်းမူ သို့ မဟုတ် မကောင်းမူ တစ်ခုခုကတော့ အမြဲမပြတ် ရှိနေကြတယ် ပြုနေကြတယ်။ အသက်ဆက်နိုင်ရေး ..ဒီအပြုအူတွေပေါ် မှီခိုနေကြတဲ့အတွက် ဒါကို ကမ္မပဋိသရဏလို့ခေါ်ပါတယ်။ ဒီတော့ မိမိဘာသာဘဲ ဘယ်လိုကမ္မကို ပြုမလဲ ဆုးံဖြတ်ရမယ်။ ကောင်းမူကံ ၊ မကေောင်းမူကံဆိုတာ အခြားသူနဲ့မဆိုင်၊ မိမိနဲ့သာ ဆိုင်တာ ဖြစ်တယ် ။ သတ္တ၀ါ အမျိုးမျိုး ဖြစ်ပေါ်စေတာ ကံတစ်ခုပဲဖြစ်တယ်။ ဘယ်သူ ဘယ်အရာဝတ္ထု မှ ဒီအစွမ်းမရှိဘူး ။ ဒါကြောင့် ကလျာဏံဝါ ပါ ပကံဝါ တဿဒါယဒါ ဘ၀ိဿန္တိ လို့ ခေါ်ပါတယ်။ ကံနဲ့ ပါတ်သက်တဲ့ ဒီအချက်ခြောက်ချက်ကို ဗုဒ္ဓဘာသာဝင်တိုင်းဟာ စွဲစွဲမြဲမြဲ ယုံကြည်ကြရလိမ့်မယ်လို့ ဓမ္မလရိပ်မှ ဓမ္မဒါန ပြုအပ်ပါသည်။
လှည်းသွားရာ နောက်သို့ လှည်းဘီးသည် အစဉ်လိုက်သကဲ့သို့ သင်လုပ်သော ကုသိုလ် ၊ အကုသိုလ်ကံသည် သင့်နောက်သို့ အစဉ် အစဉ်အမြဲလိုက်ပါလာပါလိမ့်မယ်။ (မြတ်ဗုဒ္ဓ)
အရှင် စန္ဒိမာ (ဓမ္မလရိပ်)
လှည်းသွားရာ နောက်သို့ လှည်းဘီးသည် အစဉ်လိုက်သကဲ့သို့ သင်လုပ်သော ကုသိုလ် ၊ အကုသိုလ်ကံသည် သင့်နောက်သို့ အစဉ် အစဉ်အမြဲလိုက်ပါလာပါလိမ့်မယ်။ (မြတ်ဗုဒ္ဓ)
အရှင် စန္ဒိမာ (ဓမ္မလရိပ်)
No comments:
Post a Comment