2,12,2011 နေ့တွင် အိန္ဒိယ နိုင်ငံ တက္ကသိုလ် အသီးသီးတွင် ထေရ၀ါဒဗုဒ္ဓသာသနာတော်ကြီး စည် ပင်ပြန့်ပွါးတိုးတက်အောင် နိုင်ငံတကာ အဆင့်မီ ပညာရပ်များကို ဆည်းပူး သင်ကြားလေ့လာတော် မူနေကြသော မြန်မာနိုငံမှ ပညာတော်သင်ရဟန်းတော်များအား ကမ္ဘာ့သာသနာပြု သီတဂူဆရာတော် ဘဒ္ဒန္တ ဒေါက်တာ ဥာဏိဿရ -မှ ပညာရေးအတွက် အထောက်အပံ့ဖြစ်စေခြင်းအလို့ငှါ တစ်ပါးလျှင် USD 100 $ ထောက်ပံ့လှူဒါန်းခဲ့ပါသည်။
2011- 2012 ပညာသင်နုစ် အိန္ဒိယနိုင်ငံ တက္ကသိုလ် အသီးသီးတွင် ပညာသင်ကြားနေကြသော မြန်မာကျောင်းသား ရဟန်းတော်များစာရင်းမှာ
(၁) မဂဓ တက္ကသိုလ် ၁၉၉ ပါး (၂) ဆန်စကရစ် တက္ကသိုလ် ၈၄ ပါး (၃)B.H U တက္ကသိုလ် ၁၉ ပါး (၄) နာလန္ဒာ တက္ကသိုလ် ၉၄ ပါး (၅)ဘုံဘေ တက္ကသိုလ် ၂၇ ပါး (၆) ပုနေး တက္ကသိုလ် ၁၇ ပါး (၇) နာဂဇုန တက္ကသိုလ် ၁၈ ပါး ( ၈) နာဂပူ တက္ကသိုလ် ၂၀ ပါး (၉) နာဂပူ (စောမယ ကောလိပ်) ၁၅ပါး (၁၀) ဒေလီ တက္ကသိုလ် ၂၁ ပါး (၁၀) ပန်ဂျပ် တက္ကသိုလ် ၄ ပါး (၁၁) မက်ဒရစ် တက္ကသိုလ် ၈ ပါး (၁၂) ဂျမူး တက္ကသိုလ် ၁ ပါး (၁၃) ကာလကတ္တား တက္ကသိုလ် ၁ ပါး (၁၄) ဟိုင်ဒရာဘတ် တက္ကသိုလ် ၁ ပါး ..စုစုပေါင်း အိန္ဒိယ နိုင်ငံတွင် ပညာသင်ကြားနေကြသော မြန်မာ passport ကိုင် ကျောင်းသား ရဟန်းတော် (၅၂၈ )ပါး ရှိပါသည် ။ ဆရာတော် ဘုရားကြီး၏ သာသနာပြု လုပ်ငန်းများနုင့် သာသနာပြုစိတ်ဓါတ်များကား Generation ရဟန်းတော်များအတွက် အမှန်ပင် အတု ယူဖွယ်ကောင်းလှပါသည်။. ဆရာတော်ဘုရားကြီး ကိုယ်စိတ် နုစ်ဖြာကျန်းမာချမ်းသာပြီး သက်တော်ရာကျော်ရှည်ကာ သာသနာပြုလုပ်ငန်းတွေ အောင်မြင်ပါစေကြောင်း ဆုတောင်း ဆန္ဒပြုရင်း ... ဆရာတော် ဘုရားကြီး ၏ ရဟန်းတော်များအပေါ် ကြီးမားသော မေတ္တာစေတနာ ရှိပုံကို အများသဒ္ဓါပွါးများပါစေခြင်း အကျိုးငှါ ဓမ္မဒါန အဖြစ်ရေးသားတင်ပြအပ်ပါသည်။။။
As soon as we live, we must learn. As soon as we learn, we must live. ( Dr. Nanissara)2,12,2011..7:00 Pm
As soon as we live, we must learn. As soon as we learn, we must live. ( Dr. Nanissara)2,12,2011..7:00 Pm
အရှင် စန္ဒိမာ (ဓမ္မလရိပ်)
No comments:
Post a Comment