*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****သစ်ပင်အရိပ် ဆွေမျိုးရိပ်နှင့် မိရိပ်ဘရိပ် ဆရာရိပ်ထက် မင်းရိပ်သည်သာ ဆင့်ဆင့်သာ၏။ ထိုမှတစ်ဖြာ မြတ်စွာဟောကြား တရားဆာယာ အရိပ်မှာကား လွန်စွာအေးမြ ချမ်းသာရ၍ မှီကြခိုသူ များဗိုလ်လူတို့ အပူခပ်သိမ်း ပ,ပျောက်ငြိမ်း၏ ။*****

Sunday, November 4, 2012

ခြေလှမ်းတိုင်း တန်ဖိုးရှိစေချင်

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် ဗာရာဏသီ ၊ သိပတန၊ မိဂဒါဝုန်တောအရပ်မှာ သီတင်းသုးံနေတော်မူတဲ့ အခါမှာ ဓမ္မလမ်းစဉ်မူဝါဒ (၃) ရပ်ကို ချမှတ်တော်မူခဲ့ပါတယ်။  အဲဒီသုးံချက်က  (၁) ပယ်ရမည့်လမ်း (၂) လျှောက်ရမည့်လမ်း (၃) ပေါက်ရမည့်လမ်းတို့ဖြစ်ပါတယ်။
နံပါတ်တစ်ဖြစ်တဲ့ ပယ်ရမည့်လမ်းဆိုတာကတော့ လက်ဝဲလမ်း၊ လက်ယာလမ်းဟူ၍ လမ်းနှစ်သွယ်ရှိပါတယ်။ ဒီလမ်းထဲမှာပဲ  မိမိတို့ ကြိုက်နှစ်သက်တဲ့ ငါးပါးအာရုံ ကာမဂုဏ်များကို အကောင်းထင်မှတ်တယ် ၊ အဲဒီအာရုံတွေကို မရမနေရှာတယ် ဒါတွေဟာ မိမိကိုယ်ကို ဖျက်ဆီးသော လမ်းမှားပင်ဖြစ်ပါတယ်။
လက်ယာလမ်းဆိုတာ ကြိုက်နှစ်သက်တဲ့ အာရုံကို မကောင်းထင်မှတ်ပြီး မိမိကိုယ်ကို မိမိအပြင်းအထန် နှိပ်စက်၍ကျင့်တဲ့ ဘ၀မှာ အရူးံကြွေးတင်စေသော လမ်းမှားဖြစ်ပါတယ်။
အလောင်းတော်ဘ၀နန်းတော်တွင်း၌ ကာမဂုဏ် အာရုံများကို ခံစားခဲ့ရမူနဲ့ ပါတ်သက်၍အပြစ်မြင်ကာ အာရုံကာမဂုဏ် ခံစားမူသည် လက်ဝဲလမ်း  လမ်းမှားဖြစ်တဲ့ အကြောင်း ကြေငြာတော် မူပါတယ်။
ဒုက္ကရစရိယာ (၆) နှစ်ကြာကာလ၏ အတွေ့အကြုံအရ လက်ယာလမ်းကို လမ်းမှားဖြစ်တယ်ဟု ကြေငြာတော်မူပါတယ်။
လက်ဝဲလမ်းလိုက်သွားနေတဲ့သူဟာ တောင့်တမူ လောဘကို အဖော်ပြုပြီး လက်တွဲကာ သံသရာခရီးသွားနေခြင်းဖြစ်ပါတယ်။  လက်ယာလမ်းလိုက်နေသူကတော့ ကြောင့်ကြမူ၊ အလိုမကျမူဆိုတဲ့ ဒေါသကို အဖော်ပြုပြီး သံသရာခရီးကို ပင်ပန်းစွာသွားနေရပါတယ်။ ဒီလက်ဝဲ လက်ယာ နှစ်လမ်းဟာ မဖြောင့်တန်းတဲ့ သံသရာခရီးကြမ်းလမ်း အမှန်ပင် ဖြစ်ပါတယ်။
ဘုရားရှင်ဟာ ဒီလမ်းနှစ်သွယ်ကို “ပယ်ရမည့်လမ်း” ဟု ဓမ္မလမ်းစဉ်မူဝါဒ ပထမ ကြေငြာတော် မူခဲ့ပါတယ်။
 နံပါတ်နှစ်ဖြစ်တဲ့ လျောက်လှမ်းရမယ့်လမ်း (မြင့်မြတ်သောလမ်း) ဆိုတာကတော့  လူမျိုးဘာသာ ၊ ဂိုဏ်းဂဏ၊ အသားရောင်တွေ ခွဲခြားမူမရှိပဲမဂ္ဂင်ရှစ်ပါး တရားတို့ဟာ  မဇ္ဈိမပဋိပဒါ အလယ်လမ်းဖြစ်ကြောင်း ဒုတိယကြေငြာတော်မူပါတယ်။
တောင့်တမူ၊ ကြောင့်ကြမူမပါဘဲ ဖြူစင်သန့်ရှင်း အပြစ်ကင်းသောလမ်းစဉ်ဖြစ်သောကြောင့် အလယ်အလတ်လမ်းကို မြင့်မြတ်သောလမ်းစဉ်ဟု ဘုရားရှင်က သတ်မှတ်တော်မူခဲ့ပါတယ်။
ဒီမြင့်မြတ်စင်ကြယ်သောလမ်းကို ကျင့်ပွါးမူဆိုင်ရာအနေနဲ့ ခွဲဝေသတ်မှတ်မယ်ဆိုရင် (၁) သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝတို့ဟာ သီလသိက္ခာ- ကိုယ်ကျင့်တရားပိုင်း (၂) သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိတို့ဟာ သမာဓိသိက္ခာ- မိမိစိတ်ကို မကောင်းသော အာရုံဘက်သို့ မရောက်အောင် ထိမ်းကျောင်းမူအပိုင်း (၃) သမ္မာဒိဌိ၊ သမ္မာသင်္ကပ္ပတို့ဟာ ပညာသိက္ခာ- အနုသယ ကိလေသာ မှန်သမျှကို တစ်ဆင့်ချင်း တစ်လွှာချင်း ပယ်သတ်မူအပိုင်း တို့ဖြစ်ပါတယ်။
နံပါတ်သုးံဖြစ်တဲ့ ပေါက်ရမည့်လမ်းစဉ်ဆိုတာကတော့ .. မဇ္ဈိမပဋိပဒါ မဂ္ဂင်ရှစ်ပါးတရားနှင့် အညီ လျှောက်လှမ်းရမည့်အစီအစဉ်အတိုင်း လျှောက်လှမ်းနေတဲ့သူဟာ ခြေလှမ်းတစ်လှမ်း လျှောက်မိတိုင်း တန်ဖိုးရှိစွာဖြင့်  သံသရာဝဋ်မီးငြိမ်းရာ နိဗ္ဗာန်တည်းဟူသောပန်းတိုင်သို့ ရောက်ရှိကြမည်ဖြစ်ပါသောကြောင့်  ပေါက်ရမည့်လမ်း ဖြစ်ပါတော့တယ်။
ထို့ကြောင့် ပစ္စုပ္ပန် တမလွန် နှစ်တန်သော အကျိုးစီးပွါးတို့ကို အလိုရှိသူတိုင်း မြတ်ဗုဒ္ဓ၏ အဆုးံအမ တရားတော်များကို တစ်ဆင့်ထက် တစ်ဆင့်မြင့်သထက်မြင့်အောင်ကြိုးစား  လေ့လာအားထုတ်ကြရန် အမှန်ပင် လိုအပ်ပါကြောင်း……………
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ၊
အလှူ မှန်သမျှတွင်  တရားအလှူသည် အမြတ်ဆုးံ ၊
Dhamma- gift excels all other gifts.

                         အရှင် စန္ဒိမာ(ဓမ္မလရိပ်) 

No comments:

Post a Comment