ကွန်ပျူတာသုးံတဲ့အချိန်တွေများနေတယ်ဆိုတာကို သင့်ကိုသင် သတိထားမိရဲ့လား။ နာရီကို ကြည့်လိုက်ပါဦး.. (ညဉ့် ၁ နာရီ ၁၅ မိနစ် ) ရှိပြီ.. ဒီလိုသာ အချိန်ကို အတိုင်းအဆမသိဘဲ ကွန်ပျူတာကို သုးံနေရင် (၁) သင်ဟာ ကျောင်းသားတစ်ယောက်ဖြစ်နေမယ်ဆိုရင် (ကျောင်းသားတွေအတွက်) စာကျက်ပျက်မယ်။ (၂) သင်ဟာ စီးပွါးရေးလုပ်ငန်းပိုင်ချင်တစ်ယောက် ဖြစ်နေတယ်ဆိုရင် (စီးပွါးရေးလုပ်သူတွေအတွက်) အလုပ်အချိန်နောက်ကျမယ်။ (၃) သင်ဟာရောဂါတစ်ခုခု ခံစားနေတယ်ဆိုရင် (မကျန်းမာတဲ့သူတွေအတွက်) ရောဂါတွေတိုးလာမယ်။ ကဲ့..ဘာတွေ ကောင်းကျိုးရှိလဲ ?
ကွန်ပျူတာကို လူသားတိုင်း အသိဥာဏ်၊ ဗဟုသုတ၊ သတင်းအချက်အလက်တွေနဲ့ ဆက်သွယ်ရေး တစ်ခု အနေနဲ့ အသုးံပြုသင့်တာမှန်ပေမေ့ အကျိုးရှိတဲ့နေရာမှာသာ အချိန်အတိုင်းတာ တစ်ခု ကန့်သတ်ထားပြီးသုးံသင့်ပါတယ်။ အချိန်ကို
တန်ဖိုးရှိအောင်သုးံတတ်လျှင် အချိန်တိုင်းမှာ တန်ဖိုးရှိနေမှာပါ။ အကျိုးမရှိဘဲ တစ်နေ့လုးံ (တစ်ချိန်လုးံ) ကွန်ပျူတာရှေ့မှာထိုင်နေတာမျိုး မဖြစ်သင့်ပါဘူး ၊အကျိုးမရှိရင်တော့ ဒီလောက်အချိန်အကြာကြီး မသုးံသင့်ဘူးဆိုတာကိုတော့ သင့်ကို သင် နားလည်ရမယ်။ "We can't substitute the time, it can't be created" အချိန်ကို အစားထိုးလို့လည်းမရသလို အချိန်ကို ဖန်တီးယူလို့လည်း မရနိုင်ပါဘူး။ ပြီးတော့ " Time wast is life wast" လို့ဆိုသလို အချိန်ကိုဖြုန်းတီးခြင်းဟာ ဘ၀ကို ဖြုန်းတီးခြင်း ဖြစ်တဲ့အတွက်ကြောင့် ...........
"သင်၏ တန်ဖိုးရှိသော အချိန်တွေကို ကွန်ပျူတာ အင်တာနက်ပေါ်မှာ အချိန်မကုန်ပါစေနဲ့ ။
ကွန်ပျူတာက ခိုင်းစေသော သင်မဖြစ်ပါစေနဲ့ ။
သင်က ခိုင်းစေသော ကွန်ပျူတာသာ ဖြစ်ပါစေ"။
***မေတ္တာဖြင့်..... ချစ်လို့ပြောတာမှတ်ပါ***
အရှင် စန္ဒိမာ (ဓမ္မလရိပ်)
ဦးဇင်းရဲ့ blog လေးကို တပည့်တော်အရမ်းကြိုက်ပါတယ်။အမြဲလဲ လာဖြစ်ပါတယ်ဘုရား။ဦးဇင်းရဲ့တန်ဖိုးရှိတဲ့စကားတွေ ဆိုတဲ့စာစုလေးတွေကို တပည့်တော် facebook timeline မှာပြန်တင်ထားပါတယ်။တပည့်တော်ရဲ့ facebook address https://www.facebook.com/saw.mon2ပါ တပည့် တော်ပိုင်ရှင်ဖြစ်တဲ့ဦးဇင်းကို တပည့်တော် post တင်ထားတာလျှောက်တင်တာပါဘုရား။
ReplyDelete