*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****သစ်ပင်အရိပ် ဆွေမျိုးရိပ်နှင့် မိရိပ်ဘရိပ် ဆရာရိပ်ထက် မင်းရိပ်သည်သာ ဆင့်ဆင့်သာ၏။ ထိုမှတစ်ဖြာ မြတ်စွာဟောကြား တရားဆာယာ အရိပ်မှာကား လွန်စွာအေးမြ ချမ်းသာရ၍ မှီကြခိုသူ များဗိုလ်လူတို့ အပူခပ်သိမ်း ပ,ပျောက်ငြိမ်း၏ ။*****

Friday, August 31, 2012

သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတော် Thirty Eight Mingala


1. Not to associate with the fools.
အသေ၀နာစ ဗလာနံ၊ လူမိုက်ကို ရှောင်ပါ။
2. But to associate with the wise.
ပဏ္ဍိတာ နဉ္စသေ၀နာ၊ ပညာရှိကို ဆည်းကပ်ပါ။
3. And to worship those who r worthy of worship.
ပူဇာစ ပူဇ နေယျာနံ၊ ပူဇော်ထိုက်သူကို ပူဇော်ပါ.။
4. To live in a suitable country .
ပဋိရူပ ဒေသ ၀ါသောစ၊ သင့်တော်လျှောက်ပတ်သော အရပ်ဒေသမှာ နေထိုင်ပါ။
5. To possess merits from former lives.
ပုဗ္ပေစ ကတပုညတာ၊ ရှေးက ပြုခဲ့ ဖူးသောကောင်းမှုရှိခဲ့ပါ။
6. To make correct vows.
အတ္တသမ္မာ ပဏီဓိစ၊ မကောင်းမှုမပြုမိအောင် မိမိကိုယ်ကို ကောင်းစွာထိမ်းသိန်းပါ။

7. To have much knowledge.
ဗာဟုသစ္စဉ္စ ၊ အကြားအမြင် ဗဟုသုတများအောင် ပြုလုပ်ပါ။
8. And to acquire skill in sciences.
သိပ္ပ ၊ အပြစ်ကင်းသော အတတ်ကို ကျွမ်းကျင်အောင် လေ့လာသင်ယူပါ။
9 . To be well trained in discipline.
ဝိနယောစ သုသိက္ခိကော ၊ ကိုယ်ကျင့်တရားများကို ကြိုးစားစောင့်ထိန်းပါ ။
10. And to live among polite people.
သုဘာ သိတောစ ယာဝါ ၊ ယဉ်ကျေးချိုသာသောစကားများကို ပြောဆိုပါ။
11. To serve one’s parents.
မာတာပီတု ဥပဌာနံ၊ မိဘတို့ကို ရိုသေပါ။
12. To support one’s wife and children.
ပုတ္တ ဒါရဿ သင်္ဂဟော ၊ သားမယားတို့ကို ထောက်ပံကျွေးမွေးပြုစုပါ။
13 .To be engaged in peaceful occupations .
အနာကုလာစ ကမ္မ န္တာ၊ အပြစ်ကင်းသောအလုပ်ဖြင့် အသက်မွေးပါ။
14. Giving donation.
ဒါနဉ္စ ၊ ပေးကန်းစွန့် ကြဲလှူဒါန်းပါ။
15. Acting according to the dhamma.
ဓမ္မ စရိယာစ၊ စရှိုက်ဆယ်ပါးကို ကျင့်သုံးပါ။
16. Giving help to one’s relatives.
ဥာတကာ န ဉ္စ သင်္ဂဟော ၊ ဆွေမျိုးတို့ကို ကြည့်ရှု့စောင့်ရှောက် ထောက်ပံ့ပါ။
17. And performing faultless actions.
အန၀စ္စာ ကမ္မာနိ ၊ အများကောင်းကျိုး ဆောင်ရွက်ပါ။
18. To avoid all kinds of evil.
အာရတီပါပါ ၊ မကောင်းမှုဟူသမျှကို မပြုမိစေရန် စိတ်ကို ထိန်းသိမ်းစောင့်ရှောက်ပါ။
19. To refrain from sin.
ဝိရတီပါပါ ၊ မကောင်းမှုဟူသမျှကို ကိုယ် နှုတ် နှစ်ပါးဖြင့် ရှောင်ကြည်ပါ။
20. To abstain from intoxicating.
မစ္စပါဏစ သံဃမော ၊ ရစ်မှူးစေတတ်သော သေရည် သေရက် မသောက်ရ။
21. And to be vigilant in observation of laws.
အပ္ပ မာဒေါစ ဓမ္မေသု ၊ ကုသိုလ်ကောင်းမှူ့ မမေ့ မလျော့ ဆောင်ရွက်ပါ။
22. Being reverent.
ဂါရဝေါစ ၊ ရိုသေ ထိုက်သူကို ရိုသေ လေးစားပါ။
23. Being modest.
နိဝါတောစ ၊ မိမိကိုယ်ကို မာန်မာန နှိမ်ချပါ။
24. Being contented.
သ န္တုဌိစ ၊ ရသမျှနှင့်ရောင့်ရဲ တင်းတိမ်ပါ။
25. Showing gratitude to those who r grateful.
ကတညုတာ ၊ သူတပါး၏ကျေးဇူးကို သိတတ်ပါ။
26 . Listening to the preaching of the dhamma at an appropriate time.
ကာလေန ဓမ္မ ဿဝနံ ၊ အခါအားလျှော်စွာ တရားနာပါ။
27. To practise patience.
ခန္တီစ ၊ အရာရာတွင် သေးခံစိတ်မွေးပါ။
28 . To be obedient when urged to be so.
သောဝစ ဿတာ ၊ ပညာရှိ သူတော်ကောင်းများထံမှ ဆိုဆုံးမစကားကို နာယူပါ။
29. To visit monks with a view of paying them respect .
သာမဏ နဉ္စ ဒဿနံ ၊ ရဟန်းသံဃာများကို ရိုသေစွာဖူးတွေ့ပါ။
30. And to hold discussions of the dhamma from time to time.
ကာလေန ဓမ္မ သာကစ္ဆာ ၊ သင့်လျှော်သောအခါသမယ၌ တရားဓမ္မများကို ဆွေးနွေးပါ။
31. Ascetic practices.
တပေါ စ ၊ ခြိုးခြံချွေတာပါ။
32. Chastity.
ဗြဟ္မစရိယဉ္စ သမထ ၊ နက်ရှိုင်းမြင့်မြတ်သော ၀ိပသာနာ အကျင့်ကို ကျင့်ပါ။
33. The understanding of the noble truths.
အရိယာသစ္စာန ဒဿနံ ၊ သစ္စာလေးပါးကို သိမြင်အောင်ရှုမှတ်ပါ။
34. And the realization of nivana.
နိဗ္ပာန သစ္ဆိ ကရိယာစ ၊ နိဗ္ဗာန်မဂ်ဖိုလ်တရားများကို မြင်အောင်ကြည့်ရှုပါ။
35. To possess a mind not shaken by the vicissitudes of life.
ဖုဋ္ဌဿ လောကဓမ္မေဟိ ၊ ခက်ထန်သော လောကဓံများကြုံတွေ့သောအခါ မတုန်လှုပ်မိအောင် စိတ်ကိုထိန်းပါ။
36. Freedom from anxiety .
အသောကံ ၊ စိုးရိမ်သောက ကင်းဝေးနိုင်စေရန် စိတ်ကို ထိန်းပါ။
37. Immaculate purity.
ဝိရဇံ ၊ တွယ်တာမက်မောတတ်သော (လောဘ) စိတ်ကို ထိန်းပါ။
38. And the felling of prefect security.
ခေမိ ၊ ဘေးရန်မဖြစ်အောင် ထိန်းပါ။
တစ်နာရီမှာ ၀င်သက်ပေါင်း 360 ၊ ထွက်သက်ပေါင်3း60၊ တစ်နာရီမှာ ၀င်သက်ထွက်သက်ပေါင်း 720 နဲ့ တစ် နေ့လုံးမှာ လူသားတွေ အသက်ရှုနှုန်း က 17280 ရှိတဲ့ထဲ့မှာ တစ်နာရီ တစ်မိနစ် တစ်စက္တန့် ကုန်သွားတိုင်းမှာ သုံးဆယ် ရှစ်ဖြာတရားတော် အတိုင်းသာနေထိုင် ကြမယ်ဆိုရင်မြတ်စွာ ဘုရားရှင်ရဲ့ တရားတော်တွေကိုအထူး တလည်ကျင့်နေစရာမလို လောက်အောင်ပြီးပြည့်စုံနေပါတယ်။
သီလကို လုံခြုံအောင်ကျင့်ကြံ နိုင်သော တရားထူးများအမှန်တကယ်ရှိပါတယ်။ လူဆိုလျှင် အနည်းဆုံးငါးပါးသီလ လုံအောင်လုပ်နည်း။ သီလရှင်ဆို လျှင် ရှစ်ပါးသီလ လုံအောင် လုပ်နည်း ။ သာမဏေ ဆိုလျှင် ဆယ်ပါးသီလ လုံအောင်လုပ်နည်း ။ ရဟန်းဆိုလျှင် အကျဉ်းအားဖြင့် ၂၂၇ သွယ် သိက္ခာပုဒ် အကျယ်အားဖြင့် ကုဋေ-၉၁၈၀၅၀၃၆၀၀၀ သိက္ခာပုဒ် လုံခြုံအောင်လုပ်နည်းတွေ ရှိပါတယ်။ ထို သီလ တရားတော် တွေ အတိုင်းသာ အမှန်တကယ် နေထိုင်ကျင့် ကြံ ကြ မည် ဆို လျှင် . . . . . . . . . . . .
မေတ္တာဖြင့်            
       
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ၊
အလှူ မှန်သမျှတွင်  တရားအလှူသည် အမြတ်ဆုးံ ၊
Dhamma- gift excels all other gifts.

                                    အရှင် စန္ဒိမာ(ဓမ္မလရိပ်)

        

No comments:

Post a Comment