*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****သစ်ပင်အရိပ် ဆွေမျိုးရိပ်နှင့် မိရိပ်ဘရိပ် ဆရာရိပ်ထက် မင်းရိပ်သည်သာ ဆင့်ဆင့်သာ၏။ ထိုမှတစ်ဖြာ မြတ်စွာဟောကြား တရားဆာယာ အရိပ်မှာကား လွန်စွာအေးမြ ချမ်းသာရ၍ မှီကြခိုသူ များဗိုလ်လူတို့ အပူခပ်သိမ်း ပ,ပျောက်ငြိမ်း၏ ။*****

Saturday, July 28, 2012

နှိုင်းတုစရာမရှိသောဘုရားရှင်၏ ဂုဏ်တော် (၉) ပါး


(၁) အရဟံ-ကိလေသာကင်း၍ ပူဇော်အထူးကို ခံထိုက်သော မြတ်စွာဘုရား။
(၂) သမ္မာသမ္ဗုဒ္ဓေါ-သစ္စာလေးပါးတရားကို ဆရာမရှိ ကိုယ်တော်တိုင် သိတော်မူသော မြတ်စွာဘုရား။
(၃) ၀ိဇ္ဇာစရဏသမ္ပန္နော-အသိနှင့်အကျင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
 (၄) သုဂတော-ကောင်းသောစကားကိုသာ ပြောဆိုတော်မူတတ်သော မြတ်စွာဘုရား။
(၅) လောက၀ိဒူ-လောကသုံးပါးကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား။
(၆) အနုတ္တရောပုရိသဒမ္မသာရထိ-ဆုံးမထိုက်သူတို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သော မြတ်စွာဘုရား။
(၇) သတ္ထာဒေ၀မနုဿာနံ-လူ နတ် ဗြဟ္မာ သတ္တ၀ါတို့၏ ဆရာတဆူ ဖြစ်တော်မူသော မြတ်စွာဘုရား။
(၈) ဗုဒ္ဓေါ-သစ္စာလေးပါးကို မိမိကိုယ်တော်တိုင်လည်းသိ၊ သူတပါးတို့ကိုလည်း သိအောင် ဟောပြတော်မူသော မြတ်စွာဘုရား။
(၉) ဘဂ၀ါ-ဘုန်းတော်ခြောက်ပါး ဂုဏ်တော်တွေအနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား-ဟူ၍ ဘုရားရှင်၏ ဂုဏ်တော်( ၉) ပါးကို တစ်နေ့ ကိုးခေါက် အဓိဌာန်မပျက်နေ့စဉ် ရွတ်ဖတ်ပူဇော်ပါက ဘ၀တစ်လျှောက်လုးံအတွက် ကောင်းကျိုးချမ်းသာ လိုအင် ဆန္ဒအ၀၀နဲ့ပြည့်စုံ၍ အခက်အခဲမရှိ အဆင်ပြေ အောင်မြင်နိုင်ကြပါလိမ့်မယ်။
 
" နေ့ရော ညဥ့်ပါ အခါခပ်သိမ်း
ဘုရားဂုဏ်တော် (ကိုးပါး)ကို
အောက်မေ့ကြကုန်သော
ဂေါတမ မြတ်စွာဘုရားတပည့်တို့သည်
အခါခပ်သိမ်း နိုးကြားကုန်၏။
( တရားမှန်ကို ကောင်းစွာ သိကုန်၏။) " (ဓမ္မပဒ)- ဗုဒ္ဓ
- Those disciples of Gotama ever awaken happily
who day & night constantly practice the Recollection
of the Qualities of the Buddha."
( Dhammapada )
- Buddha


                                                                                     အရှင် စန္ဒိမာ (ဓမ္မလရိပ်)

No comments:

Post a Comment