ဘုရားရှင် လက်ထက်တော်အခါက ပုဏ္ဏားကြီးတစ်ယောက်ဟာ ဘုရားရှင်အား .. နိဗ္ဗာန်အကြောင်းနဲ့ ပါတ်သက်လို့
(၁) အရှင် ဂေါ တမ၊ နိဗ္ဗာန်ဆိုတာ ရှိပါသလား။ (ပုဏ္ဏား)
ရှိပါတယ် ပုဏ္ဏားကြီး။ (ဗုဒ္ဓ)
(၂) အရှင်က နိဗ္ဗာန်ရှိတဲ့နေရာကိုကော သိပါသလား။ (ပုဏ္ဏား)
(၃) နိဗ္ဗာန်ရောက်ကြောင်းအကျင့်မြတ်ဆိုတာရော ရှိပါသလား ။ (ပုဏ္ဏား)
ရှိပါတယ် ပုဏ္ဏားကြီး ။ (ဗုဒ္ဓ)
(၄) အဲဒါကို အရှင်ဂေါတမ ဟောပြနိုင်ပါသလား ။ (ပုဏ္ဏား)
ဟောပြနိုင်ပါတယ် ပုဏ္ဏားကြီး ။ (ဗုဒ္ဓ)
(၅) အရှင်ဂေါတမ ဟောပြပေးတာကို နာရတဲ့ သူတိုင်း အဲဒီ နိဗ္ဗာန်ကို ရောက်ပါသလား ။ (ပုဏ္ဏား)
ရောက်တဲ့သူတွေရှိသလို ၊ မရောက်တဲ့ သူတွေလည်း ရှိပါတယ်။ ပုဏ္ဏားကြီး ။(ဗုဒ္ဓ)
******
******
****** ဘာဖြစ်လို့လဲ အရှင် ဂေါတမ၊ မရောက်တဲ့သူတွေက ဘာဖြစ်လို့ မရောက်တာပါလဲ.လို့ (ပုဏ္ဏား ) က မေးလျောက်တဲ့ အခါ ... ဘုရားရှင်က .......******
(၁) ပုဏ္ဏားကြီး......သာဝတ္ထိမြို့ဆိုတာ ရှိပါသလား ။ (ဗုဒ္ဓ)
ရှိပါတယ် အရှင်ဂေါတမ။ (ပုဏ္ဏား)
(၂) သာဝတ္ထိမြို့ရှိတဲနေရာကို သင်သိပါသလား ။(ဗုဒ္ဓ)
သိပါတယ် အရှင်ဂေါတမ။ (ပုဏ္ဏား)
(၃) သာဝတ္ထိမြို့သို့ ရောက်စေနိုင်တဲ့ လမ်းကရော ရှိပါသလား ။( ဗုဒ္ဓ)
ရှိပါတယ် အရှင်ဂေါတမ။ (ပုဏ္ဏား)
(၄) အဲဒီလမ်းကို ပုဏ္ဏားကြီးက ပြောပြပေးနိုင်ပါသလား ။(ဗုဒ္ဓ )
ပြောပြပေးနိုင်ပါတယ် အရှင် ဂေါတမ။ (ပုဏ္ဏား)
(၅) ပုဏ္ဏားကြီး ပြောပြတာကို သိတဲ့လူတိုင်းသာဝတ္ထိမြို့ကို ရောက်ပါသလား ။ (ဗုဒ္ဓ)
ရောက်နိုင်တဲ့သူတွေလည်း ရှိတယ်။ မရောက်နိုင်တဲ့ သူတွေလည်း ရှိပါတယ် အရှင်ဂေါတမ။ (ပုဏ္ဏား)
*****
*****
***** ဘယ်လိုဖြစ်လို့လဲ ပုဏ္ဏားကြီး...
တပည့်တော် နားလည်ပါပြီ အရှင်ဘုရား ၊ ပြောပြပေးတဲ့အတိုင်း သေချာမှတ်သားပြီး သေချာလိုက်နာသွားတဲ့သူတွေ ပဲရောက်ပါတယ် အရှင်ဘုရား။ ။ ။ ..................
အရှင် စန္ဒိမာ (ဓမ္မလရိပ်)
"ဓမ္မစကားနေ့တိုင်းကြားက စိတ်ထားဖွေးလက် သိဉာဏ်ထက်၏"
"ဓမ္မ နဲ့သာ ထုံမွမ်းထားသော သင်၏ အချိန်သည်သာ တန်ဖိုး အရှိဆုံး အချိန်ဖြစ်၏"
"ဓမ္မ နဲ့သာ ထုံမွမ်းထားသော သင်၏ အချိန်သည်သာ တန်ဖိုး အရှိဆုံး အချိန်ဖြစ်၏"
အရှင် စန္ဒိမာ (ဓမ္မလရိပ်)
No comments:
Post a Comment