ဝါဆိုသင်္ကန်းဆိုသည်မှာ ဝါဆိုခါနီးကပ်ပြီး
လှူဒါန်းသည့် သင်္ကန်းကိုဖြစ်စေ၊ ဝါတွင်းကာလမှာတွင်ဖြစ်စေ လှူဒါန်းသည့်သင်္ကန်းကို ဝါဆိုသင်္ကန်းဟုခေါ်ပါတယ်။
ကာလ ဒါနသင်္ကန်းဟုလည်း ခေါ်နိုင်ပါသေးတယ်။
မြန်မာလို ၀ါဆိုသင်္ကန်းလို့ဆိုပြီး
လှူဒါန်းလေ့ရှိတဲ့ သင်္ကန်းကို ဘုရားရှင် ဟောကြားတဲ့ ပါဠိတော်များမှာ ၀ဿာဝါသိက စီဝရ-လို့
ဖတ်ရူလေ့လာမှတ်သားရပါတယ်။ တိုက်ရိုက်မြန်မာပြန်ရင်တော့
မိုးရေခံသင်္ကန်းလို့ အဓိပ္ပါယ်ရပါတယ်။ ဝိသာခါ ဒါယိကာမကြီးရဲ့ တောင်းဆိုချက်ကြောင့် မြတ် စွာဘုရားရှင်က
ဒီဝါဆို သင်္ကန်းလှူဒါန်းမှုကို ခွင့်ပြုတော်မူခဲ့ပါတယ်။