*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****သစ်ပင်အရိပ် ဆွေမျိုးရိပ်နှင့် မိရိပ်ဘရိပ် ဆရာရိပ်ထက် မင်းရိပ်သည်သာ ဆင့်ဆင့်သာ၏။ ထိုမှတစ်ဖြာ မြတ်စွာဟောကြား တရားဆာယာ အရိပ်မှာကား လွန်စွာအေးမြ ချမ်းသာရ၍ မှီကြခိုသူ များဗိုလ်လူတို့ အပူခပ်သိမ်း ပ,ပျောက်ငြိမ်း၏ ။*****

Tuesday, April 10, 2012

နှစ်သစ်မင်္ဂလာ ဆုတောင်း



ဒိဝါ တပတိ အာဒိစ္စော၊
ရတ္တိမာ ဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊
ဈာယီ တပတိ ဗြဟ္မဏော။
အထ သဗ္ဗ မဟောရတ္တိံ၊
ဗုဒ္ဓေါ တပတိ တေဇသာ။ 
 တာဒိသံ တေဇ သမ္ပန္နံ၊
ဗုဒ္ဓံ ၀န္ဒာမိ  အာဒရံ။
ဧတေန သစ္စဝဇ္ဇေန
သုခိတာ ဟောန္တု သာရဝေါ။
(နမက္ကာရာ နုဘာဝေန၊
သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ။)
............................................
နေမင်းကြီးသည် နေ့အခါ၌သာ ထွန်းလင်းနိုင်၏။
လမင်းကြီးသည် ညအခါ၌သာ ထွန်းလင်းနိုင်၏။
ပြည်ရှင်မင်းတို့သည် မင်းမြောက်တန်ဆာများ ဆင်ယင်မှသာ ဘုန်းအရှိန်အ၀ါ ထွန်းလင်းနိုင်၏။
ရဟန္တာအရှင်မြတ်တို့သည် ဈာန်သမာပတ် ၀င်စားနေသည့်အခါမှသာ သပ္ပါယ်တော်မူနိုင်၏။
ဗုဒ္ဓမြတ်စွာဘုရားရှင်ကမူ နေရာတိုင်း အခါတိုင်း အချိန်တိုင်း၌ ထာဝစဉ် သပ္ပါယ်စွာ ထွန်းလင်းတော် မူပါပေသတည်း။
ဤမှန်ကန်သောသစ္စာစကားကြောင့် မြန်မာတို့ရဲ့ နှစ်သစ်ကာလ အခါသမယမှာ ကမ္ဘာသူ ကမ္ဘာသား အားလုးံ ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာ၍ အရာခပ်သိမ်းအောင်မြင်ကာ လိုအင်ဆန္ဒတွေ ပြည့်စုံကြပါစေလို့ ဓမ္မလရိပ်မှ ဆုတောင်းဆန္ဒပြုလိုက်ပါတယ်။
HAPPY MYANMAR NEW YEAR 1374 !!!! WISH U ALL TO BE HEALTHY & HAPPY FOREVER !!!
                                      အရှင် စန္ဒိမာ (ဓမ္မလရိပ်)

No comments:

Post a Comment