*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****သစ်ပင်အရိပ် ဆွေမျိုးရိပ်နှင့် မိရိပ်ဘရိပ် ဆရာရိပ်ထက် မင်းရိပ်သည်သာ ဆင့်ဆင့်သာ၏။ ထိုမှတစ်ဖြာ မြတ်စွာဟောကြား တရားဆာယာ အရိပ်မှာကား လွန်စွာအေးမြ ချမ်းသာရ၍ မှီကြခိုသူ များဗိုလ်လူတို့ အပူခပ်သိမ်း ပ,ပျောက်ငြိမ်း၏ ။*****

Saturday, March 17, 2012

ကျောင်းသားတွေအတွက် အာကက်ရှ် ကွန်ပျူတာ



အိန္ဒိယနိုင်ငံ တက်ဘလက်ဈေးကွက်မှာ အာကက်ရှ် (Aakash) ဆိုတဲ့ တက်ဘလက် PC တွေရောက်လာတယ်။ အိန္ဒိယ ရူးပီးငွေနဲ့ဆိုရင် ၂၅၀၀ လောက်ရှိတယ်ဆိုတော့ ကာလပေါက်ဈေးအရကြည့်ရင် ၃၅ ဒေါ်လာတော့ တန်တယ်။ ပြင်ပကိုရောင်းတော့ ရူပီး ၂၅၀၀ ဆိုတာ ဒေါ်လာ ၅၀ လောက်နဲ့ ညီပါတယ်။ ဒါလည်း အတော်လေး သက်သာ နေသေးတယ်။
ပညာရေးဌာနနဲ့ ကျောင်းတွေအတွက် ရောင်းတော့သာ စီမံချက်နဲ့ ရောင်းတာဖြစ်လို့ ၃၅ ဒေါ်လာ လောက်နဲ့ ရောင်းတာလို့လည်း သိရတယ်။ ပြိုင်ဘက်တွေအားလုံး လက်ဖျားခါသွားတယ်။ တက်ဘလက် တစ်လုံး ၃၅ ဒေါ်လာဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တာလို့ အံ့အားသင့်သွား ကြပေမယ့် တကယ့်လက်တွေ့မှာ ထွက်လာခဲ့ပါတယ်။
အာကက်ရှ် မထွက်မီကတည်းက တစ်ကမ္ဘာလုံးက စိတ်ဝင်စားနေကြတယ်။ ၃၅ ဒေါ်လာလောက်နဲ့ အလကားပါ၊ ကောင်းမှာ မဟုတ်ပါဘူးလို့ ဝိုင်းဝန်းဝေဖန်ကြတယ်။ အာကက်ရှ်ကို ၂၀၁၁ ဒီဇင်ဘာလောက်ကတည်းက အွန်လိုင်းမှာ စရောင်းတယ်။ မကောင်းပါဘူးပြောနေတဲ့ တက်ဘလက်ဟာ တစ်ပတ်အတွင်းရောင်းလို့ ကုန်သွား တယ်။ Ncarry.com မှာ ကြိုတင်မှာထားတဲ့ လုံးရေက ၁.၄ သန်းရှိတယ်။ အဲဒီလောက် အများကြီးကို အမှန်တော့ မထုတ်နိုင်ခဲ့ဘူး။
အာကက်ရှ် တက်ဘလက်ကို iPad 2 လောက်ကောင်းတယ်လို့တော့ မပြောနိုင်ဘူးပေါ့။ ထည့်ထားတာတွေ ကိုလည်းကြည့်လေ။ မြင်ကွင်း ၇ လက်မ touchscreen နဲ့ pixel resolution က 800 x 480 ရှိတယ်။ ပရိုဆက်ဆာက ARM11-366NHz ကိုထည့်ထားတယ်။ ဘက်ထရီက 2,100mAh အမျိုးအစားသုံးထားတယ်။ အနည်းဆုံး ၃ နာရီ လောက်တော့ ခံတာပေါ့။ သုံးတဲ့အပေါ်မူ တည်ပြီးတော့ အနည်းအများတော့ ရှိနိုင်ပါတယ်။ RAM က 256MB နဲ့ Android 2.2 Froyo OS ကို သုံးထားတယ်။ ကျောင်းသားတွေအတွက် အဓိက ရည်စူးထားတာဖြစ်လို့ documents တွေဆိုရင် DOC, DOCX, PPT, PPTX, XLS, XLSX, ODT, ODP format တွေအားလုံး ဖတ်နိုင်အောင်လုပ်ထားတယ်။ PDF Viewer နဲ့ text editor တွေလည်းပါသေးတယ်။ ဒါကြောင့် ဘယ်စာကိုမဆိုဖတ်ဖို့ကတော့ ကောင်းကောင်းရတယ်။
 
အင်တာနက်အတွက်လည်း xHTML 1.1 နဲ့ JavaScript 1.8 ကိုရတယ်။ Browser အနေနဲ့က UbiSurfer ဆိုတာကိုထည့်ထားတယ်။ IE8 rendering ပြန်လုပ်နိုင်တယ်။ USB port ၂ ခု၊ microSD slot တစ်ခုကို 32 GB အထိ သိုလှောင်နိုင်စွမ်းရှိပါတယ်။ YouTube အတွက် သီးခြား application ကို လည်းတင်သုံးနိုင်တယ်။
အာကက်ရှ်ကို ခုချိန်မှာ version နှစ်မျိုးခွဲထုတ်တယ်။ မူလ Aakash ကိုတော့ UbiSlate 7 လို့ အမည် ပြောင်းပေးထားပြီး၊ နောက်အသစ် Aakash 2 ကိုတော့ UbiSlate 7+ လို့ခေါ်ထားတယ်။
UbiSlate 7 က GPRS နဲ့ Wi-Fi IEEE 802.22 a/b/g တွေကို support လုပ်တယ်။ သူ့အထဲမှာ Nimbuzz ဆိုတဲ့ ဆော့ဖ်ဝဲကို ထည့်ထားတာကြောင့် message တွေကို စာနဲ့ပို့ရင်လည်း လက်ခံနိုင်တယ်။
UbiSlate 7+ ဆိုတာကတော့ upgrade ထပ်လုပ်ထားတဲ့ အာကက်ရှ်တက်ဘလက်ပါ။ Aakash 2 လို့လည်း ခေါ်ကြ တယ်။ Cortex A8-700 MHz processor ကို သုံးထားတယ်။ ဘက်ထရီက 3,200 mAh မြှင့်ထားလို့ ပိုစွမ်းအား ကောင်းသွားတယ်။ OS ကိုတော့ Android 2.3 Gingerbread ထည့်ပေးထားတယ်။ Wi-Fi အစား 3G နဲ့ connection ရအောင်စီစဉ်ထားတယ်။ USB port က ၂ ခု၊ ကီးဘုတ်တပ်သုံးလို့ရတဲ့အပြင် web ကင်မရာလည်းပါတယ်။ ထူးခြား တာက pen-drive တွေကိုပါ တွဲသုံးလို့ရတယ်။ သူ့ကိုတော့ ရူပီး ၂၉၉၉ နဲ့ရောင်းတော့ ဒေါ်လာ ၆၀ လောက်ရှိမယ်။ ဒီနှစ်ဖေဖော်ဝါရီလအထိ အရောင်းလက်ကျန်မရှိတော့ဘူး။ ကြိုတင်အမှာတွေကပြည့်နေပြီ။ မတ်လအထိ စောင့်နေ ကြတဲ့ သူတွေတောင်ရှိတယ်လို့ဆိုတယ်။
အာကက်ရှ်ကောင်းမှန်းသိပြီး အော်ဒါတွေများလာတော့ အာကက်ရှ်ကို ပညာရေးအတွက် အစီအစဉ်အနေနဲ့ထားပြီး နောက်ပိုင်း version တွေအများကြီး ခွဲထုတ်ဦးမယ်လို့ သိရတယ်။ ClassPad, Beetel Magiq Glide, Reliance 3G Tab, Spice Mi-720, IdeaPad A1 ဆိုတဲ့အမည်တွေနဲ့ပါ။ စီးပွားရေးအတွက် ဈေးကွက်တင်မှာဖြစ်လို့ သူတို့ကိုတော့ ရူပီး ၁၀၀၀၀ လောက်နဲ့ရောင်းမယ်၊ ပိုလည်းကောင်းလာမယ်လို့ဆိုထားတယ်။ ဒေါ်လာ ၂၀၀ လောက်တော့ရှိမှာပေါ့။
 
အာကက်ရှ်ကို အိန္ဒိယအစိုးရက ကျေးလက်နဲ့ မြို့ပြပညာရေးကွာဟချက် လျှော့နည်းစေဖို့အစီအစဉ်အနေနဲ့ တန်ဖိုး နည်းတက်ဘလက်ဆိုပြီးထုတ်ထားတာဖြစ်တယ်။ ဦးဆောင်နေသူကတော့ ဆက်သွယ်ရေးဝန်ကြီး ကာပီးလ် ဆီဘဲလ် ဖြစ်တယ်။ မူလက Sakshat လို့ခေါ်ပြီး နောက်ပိုင်းကျမှ Aakash လို့ ပြောင်းခေါ်တယ်။ အစိုးရအနေနဲ့ ပညာရေး အတွက်ဆိုပြီး ၃၅ ဒေါ်လာနဲ့ လုံးရေ တစ်သိန်းထုတ်ရောင်းပြလိုက်တယ်။ နောက်ပိုင်းမှ ဈေးကွက်ကို ဒေါ်လာ ၅၀ လောက်နဲ့ ထုတ်ရောင်းတယ်။ 
maukkha-banner

No comments:

Post a Comment