*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****သစ်ပင်အရိပ် ဆွေမျိုးရိပ်နှင့် မိရိပ်ဘရိပ် ဆရာရိပ်ထက် မင်းရိပ်သည်သာ ဆင့်ဆင့်သာ၏။ ထိုမှတစ်ဖြာ မြတ်စွာဟောကြား တရားဆာယာ အရိပ်မှာကား လွန်စွာအေးမြ ချမ်းသာရ၍ မှီကြခိုသူ များဗိုလ်လူတို့ အပူခပ်သိမ်း ပ,ပျောက်ငြိမ်း၏ ။*****

Wednesday, November 23, 2011

စိတ်ကောင်းရှိရန်လိုအပ်သည်





လူ့ဘ၀၌ အရေးကြီးဆုံးသောအရာသည် စိတ်, စေတနာကောင်းမွန်ရေးပင်ဖြစ်သည်။ စိတ်ကောင်း စေတနာကောင်း ထားရှိပြီး မှန်သောအမှု မှန်သောကိစ္စတို့ကို ပြုလုပ်ရန် အမှန်ပင်လိုအပ်သည်။ စိတ်ကောင်း စေတနာကောင်း မရှိသောသူများသည် မည်ကဲ့သို့ပင် တိုးတက်ကြီးပွါးစေကာမူ ထိုပုဂ္ဂိုလ်အတွက် တန်ဖိုးကြီးမားသော တိုးတက်မှု ကြီးပွါးမှုမဖြစ်နိုင်ဟုမှတ်ယူသင့်ပါသည်။ စိတ်ကောင်း စေတနာကောင်းရှိမှုသည် ဘ၀အတွက် တန်ဖိုးကြီးမြတ်သော အရာတစ်ခုဖြစ်သည်။ မိမိ၏ ပယောဂကြောင့် သူတစ်ပါးတို့ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲမှု ဂုဏ်ကျက်သရေ ညှိုးနွမ်းပျက်စီးရခြင်းသည် မကောင်းသော အပြုအမူများဖြစ်သည်။
မိမိတို့အတွက် အဘယ်အမှုသည် ကောင်း၏ အဘယ်အမှုသည်မကောင်း ဟုသိရှိရန် လိုအပ်ပေသည်။ မြတ်စွာဘုရား ဓမ္မပဒမှာ မိန့်ကြားခဲ့တာလေးတစ်ခုရှိခဲ့သည်။ “အမှုတစ်ခုကို ပြုလုပ်သည့်အတွက် နောင်တတစ်ဖန် ပူပန်ရတက်၊ မျက်ရည်စက်လက် ငိုကြွေးလျက် ဆင်းရဲခံရတက်လျှင် ထိုအမှုသည် မကောင်း။ For that deed is not well done when being done one has to repent; and when one must reap with tears the bitter fruits of the wrong deed.
“အမှုတစ်ခုကို ပြုလုပ်သည့်အတွက် နောင်တတစ်ဖန် ပူပန်ခြင်း မဖြစ်ရဘဲ၊ နှစ်သက်ဝမ်းမြောက်စွာ နှစ်သက်ဝမ်းမြောက်စွာ ကောင်းကျိုးချမ်းသာကို ခံစားရလျင် ထိုအမှုသည် ကောင်း၏” But the deed is indeed well done when being done one has not to repent; and when one can reap with joy the sweet fruits of the right deed. ဟုမိန့်ခဲ့သည်။ ကိုယ်တည်း တစ်ယောက်ချမ်းသာ ရောက်ခြင်းထက် မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ ချမ်းသာခြင်းသည် ကောင်းမွန်သော တရားဖြစ်သည်။ ထို့ကြောင့် မိမိ သူတစ်ပါး နှစ်ဦးသား ချမ်းသာရောက်အောင် စိတ်ကောင်းရှိရန်ကြိုးစားသင့်ပေသည်။
အရှင် စန္ဒိမာ (ဓမ္မလရိပ်)

No comments:

Post a Comment