*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****သစ်ပင်အရိပ် ဆွေမျိုးရိပ်နှင့် မိရိပ်ဘရိပ် ဆရာရိပ်ထက် မင်းရိပ်သည်သာ ဆင့်ဆင့်သာ၏။ ထိုမှတစ်ဖြာ မြတ်စွာဟောကြား တရားဆာယာ အရိပ်မှာကား လွန်စွာအေးမြ ချမ်းသာရ၍ မှီကြခိုသူ များဗိုလ်လူတို့ အပူခပ်သိမ်း ပ,ပျောက်ငြိမ်း၏ ။*****

Wednesday, January 30, 2013

ဘုရားဂုဏ်တော် (၉) ပါး၊ တရားဂုဏ်တော် (၆) ပါး၊ သံဃာ့ဂုဏ်တော် (၉) ပါး



ဘုရားဂုဏ်တော် (၉) ပါ
    အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ၊ ဝိဇ္ဇာစရဏ သမ္ပန္နော၊ သုဂတော၊ လောကဝိဒူ၊ အနုတ္တရော ပုရိသ ဒမ္မသာရထိ၊ သတ္ထာဒေဝ မနုဿာနံ၊ ဗုဒ္ဓေါ၊ ဘဂဝါ။

(၁) အရဟံ= လူနတ် ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံထိုက်ခြင်း။
(၂) သမ္မာသမ္ဗုဒ္ဓ = အလုံးစုံသောတရားတို့ကို ဆရာမရှိပါဘဲ ပါရမီစွမ်းအားဖြင့်သိခြင်း။
(၃) ၀ိဇ္ဇာစရဏသမ္ပန္န = အသိဥာဏ် (၀ိဇ္ဇာ)၊ အကျင့်တရား (စရဏ) တို့နှင့် ပြည့်စုံခြင်း။
(၄) သုဂတ = ကောင်းမြတ်သောစကား (သီလ၊ သမာဓိ၊ ပညာ) ကိုသာပြောခြင်း။
(၅) လောက၀ိဒူ = သတ္တလောက သင်္ခါရလောက သြကာသလောက တည်းဟူသော လောကကြီးသုံးပါးကို သိခြင်း။
(၆) အနုတ္တရောပုရိသဒမ္မသာရထိ = လူ၊ နတ်၊  ဗြဟ္မာ  သတ္တ၀ါ တို့ကို ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမခြင်း။
(၇) သတ္ထာဒေ၀ မနုဿာနံ = လူ နတ် ဗြဟ္မာ သတ္တ၀ါ အားလုံးတို့၏ ဆရာဖြစ်ခြင်း။
(၈) ဗုဒ္ဓ =  သစ္စာတရားလေးပါးကို သိခြင်း၊
(၉) ဘဂ၀ါ = ဘုန်းတော် (၆) ပါးနှင့်ပြည့်စုံခြင်း။


တရားဂုဏ်တော် (၆) ပါး

သွာက္ခာတော ဘဂ၀တော ဓမ္မော၊ သန္နိဋ္ဌိကော၊ အကာလိကော၊ ဧဟိပဿိကော၊ သြပနေယျိကော၊ ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ။

(၁)  သွာက္ခာတ = ဘုရားရှင်ကိုယ်တိုင်ဟောခြင်း။
(၂) သန္နိဋ္ဌိကာ = ကျင့်ကြံသူအတွက် မျက်မှောက်ဘ၀၌ပင် ကိုယ်တိုင်ရှုမြင်နိုင်ခြင်း။
(၃)အကာလိက = ရှုပွားသူအတွက် မဂ်ပြီးလျှင် ဖိုလ်အချိန်မဆိုင်းဘဲဖြစ်ခြင်း။
(၄)  ဧဟိပဿိက = တရားနှင့်ပတ်သက်ပြီး ရဲရဲဝံ့ဝံ့ ဖိတ်ခေါ်ရဲခြင်း။
(၅)  သြပနေယျိက = မိမိသန္တာန်၌ အစဉ်ကပ်၍ ဆောင်ထားသင့်ခြင်း။
(၆)  ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ  = မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ဓမ္မရသကိုလက်တွေ့ခံစားနိုင်ခြင်း။

သံဃာ့ဂုဏ်တော် (၉) ပါး

သုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော၊ ဥဇုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော၊ ဉာယပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော၊ သာမီစိပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော၊ ယိဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ ဧသ ဘဂ၀တော သာဝကသံဃော၊ အာဟုနေယျော၊ ပါဟုနေယျော၊ ဒက္ခိဏေယျော၊ အဉ္ဇလိကရဏီယျော၊ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ။

(၁) သုပ္ပဋိပန္န = ကောင်းသောအကျင့်ရှိခြင်း။
(၂)  ဥဇုပ္ပဋိပန္န = ဖြောင့်မတ်စွာကျင့်ကြံခြင်း။
(၃) ဉာယပ္ပဋိပန္န = နိဗ္ဗာန်ရောက်ရေးကျင့်ခြင်း။
(၄)  သာမီစိပ္ပဋိပန္န = လောကုတ္တရာတရားနဲ့ အညီကျင့်ခြင်း။
(၅) အာဟုနေယျ = အဝေးကသယ်ဆောင်လာသည့် ပစ္စည်းကိုပင် ခံယူထိုက်ခြင်း။
(၆)  ပါဟုနေယျ= ဧည့်သည်အတွက် အထူးစီမံထားသည့်ပစ္စည်းကိုပင် အလှူခံထိုက်ခြင်း။
(၇)  ဒက္ခိဏေယျ = မြင့်မြတ်သောအလှူကို ခံထိုက်ခြင်း။
(၈) အဉ္ဇလိကရဏီယျ = လက်အုပ်ချီမိုး ရှိခိုးခြင်းကို ခံထိုက်ခြင်း။
(၉) အနုတ္တရံ ပုညက္ခေတ္တ = သတ္တ၀ါအပေါင်းတို့၏ ဒါနမျိုးစေ့ စိုက်ပျိုးရာ လယ်မြေ ကောင်းဖြစ်ခြင်း။

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ၊
အလှူ မှန်သမျှတွင်  တရားအလှူသည် အမြတ်ဆုးံ ၊
Dhamma- gift excels all other gifts.

                         အရှင် စန္ဒိမာ(ဓမ္မလရိပ်) 

Sunday, January 13, 2013

ပညာ ၏ တန်ဖိုး

      "ပညာသမာ အာဘာ နတ္ထိ=ပညာနှင့်တူတဲ့ အလင်းရောင်ဆိုတာ မရှိပါဘူး" " No brighter light than the light of education" မြတ်စွာဘုရားရှင်ရဲ့ တရားဒေသနာတော်အရ ပညာဟာ လူသားတိုင်းအတွက် တန်ဖိုးမဖြတ်နိုင်တဲ့  မီးရှူးတန်ဆောင် အလင်းရောင် ဖြစ်ပါတယ်။ 
      မြတ်စွာဘုရားရှင်ဟာ  သာဝတ္ထိပြည် ဇေတ၀န် ကျောင်းတော်မှာ သီတင်းသုးံနေတော်မူတဲ့အခါမှာ နတ်သားတစ်ပါးက  အောက်ပါ မေးခွန်းလေးမျိုး ကို မေးလျှောက်ခဲ့ပါတယ်_ "အရှင်ဘုရား၊
(၁) အဘယ်တရားသည် အိုသည့်တိုင်အောင်ကောင်းပါသနည်း။
(၂)အဘယ်တရားသည် တည်သည်ရှိသော် ကောင်းပါသနည်း။
(၃) အဘယ်တရားသည် လူတို့ရတနာမည်ပါသနည်း။
(၄)အဘယ်တရားသည် ခိုးသူတို့ မခိုးယူနိုင်ပါသနည်း။"
        မြတ်စွာဘုရားရှင်ကတော့ ..အို..နတ်သား...၊ (၁)အကျင့်သီလသည် အိုသည့်တိုင်အောင် ကောင်းတယ်။ (၂)ယုံကြည်မူ သဒ္ဓါတရားတည်သည်ရှိသော် ကောင်းတယ်။ (၃) ပညာသည် လူတို့ရဲ့ ရတနာ ဖြစ်တယ်။(၄) ကုသိုလ်တရားကို ခိုးသူတို့ မခိုးယူနိုင်..ဟု နတ်သားရဲ့ မေးခွန်းကို ဖြေကြားတော် မူခဲ့ပါတယ်။
"ပညာသည် လူတို့ရဲ့ ရတနာ မည်တယ်" ဟူသော  မြတ်စွာဘုရားရှင်ရဲ့ တရားဒေသနာအတိုင်း  ပညာသည် လူတို့၏ တန်ဖိုးကြီးမားလှသော  ရတနာဖြစ်ကြောင်းကို  ဆင်ခြင်လျှင်  ပညာရဲ့ ကြီးမားသော တန်ဖိုးကို သိနိုင်ပါတယ်။
    ထို့ပြင် အာဠာဝက ဘီလူးမင်းက  မြတ်စွာဘုရားရှင်ကို .."အရှင်ဘုရား..  အသက်မွေး ၀မ်းကျောင်းမူများတွင် မည်သည့်အသက်မွေးမူမျိုးသည် လူတို့တွင် အမြတ်ဆုးံဖြစ်ပါသနည်း"။ ဟု မေးလျှောက်ထားခဲ့ရာ၊  မြတ်စွာဘုရားက- " ဘီလူးမင်း၊ လူတို့တွင် ပညာဖြင့် အသက်မွေးခြင်းဟာ အမြတ်ဆုးံ ဖြစ်တယ်" ဟူ၍ ဟောကြားတော်မူခဲ့ပါတယ်။
       ပညာသည်သာ အမြတ်ဆုးံဖြစ်ကြောင်းကို မိလိန္ဒပဥှာပါဠိတော်တွင်လည်း " သာသနာတော်၌ ပညာသည် အမြတ်ဆုးံဖြစ်၏၊ လောက၌လည်း ပညာသည် အမြတ်ဆုးံဖြစ်၏၊ ပညာသည် သာသနာတော်၌ တည်တံ့ကြောင်းလည်းဖြစ်၏၊ ပညာဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်၏၊" စသဖြင့် ဗုဒ္ဓရဲ့ တရား ဒေသနာများကို ကိုးကားလျှက် ပညာ၏တန်ဖိုးနုင့် ပညာဖြင့် ဂုဏ်တင့်တယ်သူများဖြစ်အောင် ကြိုးစားနိုင်ကြပါစေ။.......

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ၊
အလှူ မှန်သမျှတွင်  တရားအလှူသည် အမြတ်ဆုးံ ၊
Dhamma- gift excels all other gifts.

                         အရှင် စန္ဒိမာ(ဓမ္မလရိပ်) 
         

Tuesday, November 13, 2012

သဒ္ဓါပုံရိပ်လွှာကို ပညာဖြင့် ထိန်းချုပ်နိုင်ပါစေ

သဒ္ဓါဆိုတာ ဘုရား၊ တရား၊ သံဃာ ရတနာသုးံပါး ကံ ကံ၏ အကျိုးတရားကို ယုံကြည်ခြင်းကို သဒ္ဓါဟု ခေါ်ပါတယ်။ ဒီနေရာမှာ ယုံကြည်မူနှင့် စပ်လျဉ်း၍ ယုံသဒ္ဓါ+ ကြည်သဒ္ဓါ နှစ်ဖြာသဘောကို အနည်းငယ်တင်ပြချင်ပါတယ်။  ယုံကြည်မူဆိုတာ ယုံနှင့် ကြည်ကိုပေါင်းစပ်၍ ယုံကြည်ဟု မြန်မာမူဖြစ်လာတာပါ ။
ယုံသဒ္ဓါဆိုတာက - ရတနာမြတ်သုးံပါးတို့၏ ဂုဏ်တော် ကျေးဇူးတော်များကို လည်းကောင်း ၊ မိမိတို့ပြုလုပ်ထားတဲ့ ကံပိုင်းကိုလည်းကောင်း တွေးတောမူ ကင်းခြင်းဟာ ယုံသဒ္ဓါဖြစ်ပါတယ်။ ကည်သဒ္ဓါဆိုတာကတော့ -  ဗုဒ္ဓလမ်းညွန်ချက် ဓမ္မ၊ သံဃာတော်များလမ်းညွန်ချက်  ဓမ္မတို့ကို ကြားနာမှတ်သား၍ ထိုလမ်းညွန်ချက်အတိုင်း ကုသလ ကမ္မပထလုပ်ငန်းများ ပြုလုပ်သောအခါ စိတ်ကြည်လင်ခြင်းဟာ  ကြည်သဒ္ဓါဖြစ်ပါတယ်။  ယုံသဒ္ဓါဖြစ်ပေါ်ပါက ကြည်သဒ္ဓါဖြစ်ရန်မှာ မခဲယဉ်းတော့ပါဘူး။ 
          ဒါန သီလ ပြုလုပ်တဲ့အခါ ရှေးဦးစွာ ဒါန အကျိုး သီလအကျိုးကို ယုံရပါတယ်။ အကျိုးကို ယုံ၍ အကြောင်းကမ္မကို ပြုလုပ်တဲ့အခါ စိတ်ကြည်လင်လာပါတယ်။ ၀မ်းမြောက်မူ ပီတိ၊ သောမနဿတို့ ဖြစ်လာပါတယ်။ အဲဒီလို စိတ်ကြည်လင်လာခြင်းကို ကြည်သဒ္ဓါဟု ခေါ်ပြီး.. ယုံသဒ္ဓါနှင့် ကြည်သဒ္ဓါနှစ်ခုပေါင်း၍ မြန်မာမူဝေါဟာရမှာ ယုံကြည်ခြင်းကို သဒ္ဓါ ဟု ခေါ်ပါတယ်။
သဒ္ဓါတရား ဆိုတာ အမှန်ကို လက်ခံတယ်။ ယုံကြည်တယ်။ လိုက်နာတယ်။ ဒီ သဒ္ဓါတရားရဲ့ ဆန့်ကျင်ဘက် ဒိဌိဆိုတာကတော့ - အမှန်တရားကို လက်မခံ ၊ မယုံကြည် ၊ မလိုက်နာ .. ဆန့်ကျင်ဘက် အမြဲပြောတတ် လုပ်တတ်ပြီး.. ဒိဌိရဲ့ အပေါင်းပါ သူငယ်ချင်းကတော့ ကိုယ်တိုင်ဆုးံဖြတ်ချက် ဘာမှ မရှိ.. ကိုယ်ပိုင်ဦးဏှောက် အသိဥာဏ် ဘာဆို ဘာမှ မရှိ သို့လောသို့လော အတွေးများတဲ့ ၀ိစိကိစ္ဆာ ဖြစ်ပါတယ်။ ဒီ ၀ိစိကိစ္ဆာဟာ-  အမှန်တရား အပေါ် မယုံတစ်ချက် ယုံတစ်ချက် မပြတ်မသား လုပ်တတ်တဲ့ သဘော အမြဲရှိပါတယ်။
          အဲဒီအတွက်ကြောင့်လည်း ဒိဌိ နဲ့ ၀ိစိကိစ္ဆာ လို့ ခေါ်တဲ့ အဖျက်ရန်သူ နှစ်ဦးကိုတော့ အမြဲ သတိထားရပါမယ်။ ရန်သူယောင်ယောင် မိတ်ဆွေယောင်ယောင်ဖြင့် ပူးပြီးသတ်တတ်ပါတယ်။ မိတ်ဆွေယောင်ဆောင်သော ရန်သူကို စိစစ်ခွဲထုတ်ရာ၌ အကဲခတ်ရ ခက်သလို အခက်ခဲလည်း ရှိပါတယ်။ အထူးသဖြင့်တော့ အတွင်းရန်သူပါ။ အတွင်းရန်သူဆိုတာကတော့ .. အရမ်းကြောက်စရာအကောင်းဆုးံ  တဏှာ (လောဘ) ပါပဲ။
ရှေးပညာရှင်တို့ အဆိုစကား တစ်ခုမှာ-  “သဒ္ဓါလွန်တော့ တဏှာကျွန်”  ဆိုတာ ရှိပါတယ်။  သဒ္ဓါစစ် သဒ္ဓါမှန်ဟာ ဓမ္မဓိဌာန်ကျကျ ယုံကြည်တတ်ပါတယ်။  ခက်တာက သဒ္ဓါတု.. သဒ္ဓါတုဟာ  ပုဂ္ဂလဓိဌာန်ကို ဦးစားပေးယုံကြည်တယ်။ ဒီအယောင်ဆောင် တဏှာ(လောဘ) ကိုပင် သဒ္ဓါတု ဟု ခေါ်ပါတယ်။
ပုဂ္ဂလဓိဌာန်ကို ဦးစားပေးတော့  ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ လောင်းရိပ်အောက်သို့ ရောက်မှန်းမသိ ရောက်သွားသည့်အပြင်  ဒီပုဂ္ဂိုလ် နဲ့ ပါတ်သက်ပြီးလည်း မိမိမှာ သ၀န်တိုလာတတ်တယ်။ ကိုယ်တစ်ယောက်သာ ပိုင်ဆိုင်ချင်တယ်။ နောက်လူတွေနဲ့ပါတ်သက်ပြီး သံသယတွေ ၀င်လာတတ်ပါတယ်။ သ၀န်တိုမူတွေ ၊ သံသယတွေဟာ ဘယ်လိုမှ သဒ္ဓါစစ် မဟုတ်နိုင်ပါဘူး။ တကယ်တော့  သ၀န်တိုတာဟာ အရမ်းပူလောင်တတ်တဲ့ အချစ်ကြောင့်ပါပဲ။ သ၀န်တိုမူနဲ့ ပါတ်သက်တဲ့ တဏှာ(လောဘ) ကို  ဘယ်ပညာရှိ ဘယ်သူတော်ကောင်းမှ မနှစ်သက်ဘူး။ မချီးမွမ်းဘူး။ ဘာကြောင့်လဲဆိုတော့ ဒီ တဏှာ(လောဘ)နောက်မှာ ပူလောင်မူ..ပူဆွေးမူ မအိပ်နိုင် မစားနိုင် ရောဂါတွေရလာတတ်ပြီး မဖြစ်သင့်သော ပြဿနာ မျိုးစုံတက်လာတတ်လို့ပါပဲ ။ ဒီလို သဒ္ဓါတု ဖြစ်သွားရင် ဘာမှ ကုသိုလ်လည်း မရနိုင်တော့သည့်အပြင် အဂတိ လေးပါးသို့ ရောက်သွားနိုင်ပါတယ်။  အဂတိ လေးပါးဆိုတာကတော့ ..
(၁)ဆန္ဒာဂတိ = ချစ်ခြင်းကြောင့် မလိုက်သင့်သည်ကို လိုက်ခြင်း။
(၂)ဒေါသာဂတိ= မုန်းခြင်းကြောင့် မလိုက်ပါသင့်သည်ကို လိုက်ပါခြင်း။
(၃)မောဟာဂတိ =မသိခြင်းကြောင့် မလိုက်ပါသင့်သည်ကို လိုက်ပါခြင်း။
(၄)ဘယာဂတိ =ကြောက်ခြင်းကြောင့် မလိုက်ပါသင့်သည်ကို လိုက်ပါခြင်း တို့ဖြစ်ပါတယ်။ ဒါတွေဟာ ပုဂ္ဂလဓိဌာန် လောင်းရိပ်မိမူကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများ ဖြစ်ပါတယ်။ သဒ္ဓါတုဆိုတာ ကြောင်းကျိုးဆက်စပ်မူ အရမ်းအားနည်းတတ်ပါတယ်။  ပုဂ္ဂိုလ်ရေးရာ ရှေ့တန်းတင်မူကြောင့် “သဒ္ဓါလွန်တော့ တဏှာကျွန်”   အမှန်ပင်ဖြစ်ရတော့တယ်။  ပုဂ္ဂိုလ်ရေးရာ အားထားယုံကြည်မူ လုးံဝ မရှိရဟုတော့ .. မဆိုလိုပါဘူး။  “ ပုဂ္ဂိုလ်ခင်မှ- တရားမြင်” အဆိုအမိန့်ရှိသလို ပစ္စုပ္ပန် သံသရာ ကောင်းကျိုးအဖြာဖြာကို  လက်တွေ့ကျကျ ညွန်ကြားနိုင်သော အာမခံချက် ပေးနိုင်သော ပုဂ္ဂိုလ်ကောင်း ပုဂ္ဂိုလ်မြတ်ကိုတော့ “ ပုဂ္ဂလ၀ိသေသော ဇာနိတဗ္ဗော” အရ စိစစ်ရွေးချယ်သင့်ပါတယ်။
ကြည်လင်သော တွီဗွီ ဖန်သားပြင်ပေါ်သို့ ဂြိုဟ်တု စလောင်း မျိုးစုံဖြင့် ပုံရိပ်များကို  ပို့လွတ်ပြီး အဲဒီ  ပုံရိပ်များကို ကျော်လိုကကျော်၊ ရပ်လိုက ရပ်  ဖျက်လိုက ဖျက်နိုင်သော စွမ်းအားသည် ကွန်ထရောလ် ပင် ဖြစ်ပါတယ်။  ဒီ ကွန်ထရောလ်ဟာ . တီဗွီ ၊ စီဒီ စသော စက်အမျိုးမျိုးတို့ရဲ့ အထိန်းပင် ဖြစ်ပါတယ်။
 ဒီ “သဒ္ဓါလွန်တော့ တဏှာကျွန်”နေရာ၌လည်း  ယုံကြည်မူ သဒ္ဓါကို ထိန်းချုပ်ရန် ကွန်ထရောလ် အမှန်ပင်လိုအပ်ပါတယ်။  ၄င်း ကွန်ထရောလ်မှာ  ပညာ ဖြစ်ပါတယ်။  ပညာဆိုတာ …ဟုတ်မဟုတ်၊ သင့်မသင့် ၊ဒီစကားဟာ  မှန်မမှန်ခွဲခြမ်းစိတ်ဖြာတွေးခေါ်မြော်မြင် ကြောင်းကျိုး အစဉ်ကို သိတတ်တယ် ပြီးတော့ ယုံသင့် မယုံသင့်ကိုလည်း ကြောင်းကျိုးဆက်စပ်ပိုင်းခြားဝေဖန်စိစစ် ဆင်ခြင်တတ်တယ်။ ဖန်သားပြင်ပေါ်၌ ပေါ်လာသော ပုံရိပ်လွှာများကို စိစစ်ကြည့်ရူနိုင်ရန် စွမ်းအားဖြည့်  ကွန်ထရောလ် လိုအပ်သကဲ့သို့ ကြည်လင်သော သဒ္ဓါဖန်သားပြင်၌ ပေါ်လာသော ပုဂ္ဂလဓိဌာန် ပုဂ္ဂိုလ်ရေးရာ ပုံရိပ်လွှာများကို စိစစ်ရွေးချယ်နိုင်ရန်  စွမ်းအားဖြည့် ပညာကွန်ထရောလ် အမှန်ပင်လိုအပ်ပါတယ်။  ပညာ ကွန်ထရောလ် အားနည်းမူကြောင့်  သဒ္ဓါတရားနှင့် ပါတ်သက်၍ မှားတတ်ကြတာတွေ အများကြီးပါ ။ အထူးသဖြင့် မြန်မာနိုင်ငံရှိ  ဗုဒ္ဓဘာသာဝင် အများစုတို့ဟာ ယုံကြည်မူ သဒ္ဓါတရား အလွန် အားကောင်းကြပါသောကြောင့်  သဒ္ဓါအရာ စံပြုထိုက်သော အရာများပင် ဖြစ်ကြပါတယ်။ သဒ္ဓါပန်းတို့ လန်းရာမြေလို့လည်း ဆိုထိုက်ပါတယ်။   အမှန်အားဖြင့်လည်း သဒ္ဓါပန်းတို့ အစွမ်းကုန် ပွင့်လန်းနိုင်အောင် အထောက်အကူပြုသင့်ပါတယ်။ ဒီ သဒ္ဓါလက်ဖြင့် လောကီ လောကုတ္တရာ ကောင်းကျိုး အဖြာဖြာကိုလည်း ဆွတ်ခူးနိုင်ပါတယ်။ သို့သော် .. တချို့မှာ  သဒ္ဓါအားကောင်းသောလည်း  တွေးခေါ်မြော်မြင် စိစစ်ဝေဖန်တတ်သော ပညာပိုင်း အလွန်ပင် အားနည်းကြပါတယ်။
 (၁) အတက္ကာဝစရ- ကြံစည် စိတ်ကူးနေရုံမျှဖြင့် ရနိုင်သော တရား မဟုတ်ခြင်း။
(၂) အပရပ္ပစ္စယ- လူပြောသူပြောဖြင့် ရောယောင်ယုံကြည်ရသော တရား မဟုတ်ခြင်း။
(၃) သန္ဒိဌိက- ကိုယ်တိုင်ကိုယ်က (လက်တွေ့ကျကျ) လေ့လာ စမ်းသပ် ကျင့်ကြံအားထုတ်မှရသော တရားဖြစ်ခြင်းကို နားလည်ထားသင့်ပါတယ်။
ယုံကြည်မူ သဒ္ဓါကောင်း၍ ဓမ္မဓိဌာန်ကျကျ စူးစမ်းဆင်ခြင် ဝေဖန်တတ်သော အသိဥာဏ်ပညာ နည်းပါးသူဟာ ( အသိဥာဏ် မရှိသူဟာ)  အချည်းနှီး အလွဲလွဲ အမှားမှား ယုံကြည်တတ်ပါတယ်။  "ဗလ၀ သဒ္ဓေါ ဟိ မန္ဒပညော မုဒ္ဓပသန္နော ဟောတိ အ၀တ္ထုသ္မိံပသီဒတိ"  ယုံကြည်မူ သဒ္ဓါတရား အားကြီးပြီး ပညာနည်းတဲ့သူဟာ မိုက်မိုက်ကန်းကန်း မဆင်မခြင် မကြည်ညိုသင့်သည်ကို ကြည်ညိုတယ်။  မဆည်းကပ်သင့်တာကို ဆည်းကပ်တယ်။  တရားမှန်လမ်းမှန် ညွန်ပြတဲ့ သူကို မုန်းတတ်တယ်။ ကြည်ညိုဖွယ် မဟုတ်သော အရာဝတ္ထုပုဂ္ဂိုလ်တို့၌ ကြည်ညိုတယ်။ အကောင်းပြောတာတွေကို အဆိုးအဖြစ် နားထဲမှာကြားတတ်ပြီး အမှန်တရားကို  နားထဲ ကန့်လန့် ကြားတတ် ကြပါတယ်။ မယုံကြည်သင့်သော အရာ၌ ကြည်ညိုယုံကြည် တတ်ကြပါတယ်။  မသွားသင့်တဲ့ နေရာတွေကို သွားတတ်ကြပါတယ်။ အကျိုးအကြောင်း ဘာမှမသိဘဲ မလှူသင့်တဲ့နေရာတွေမှာ သွားလှူတယ်။ 
 သဒ္ဓါတရားဟာ အမတန်မှ အလွန် အရေးကြီးပါတယ်။ သို့သော် ပညာနဲ့တော့ညီမျှရမယ်။ " သဒ္ဓါလွန်တော့ ဆွံ" လို့ စာကားပုံရှိသလို သဒ္ဓါများပြီး ပညာမပါရင် ၊ ပညာနဲ့ မလှူတတ်ရင် ၊ အသိဥာဏ်ပညာနဲ့ မထိန်းချုပ်နိုင်ရင် အ, သွားတတ်တယ်။ အလိမ်ခံရတတ်တယ်။  ဒါကြောင့် သဒ္ဓါနဲ့ ပညာဟာ ညှိပေးရပါမယ်။
  ဒါန-ဘယ်လောက်ပဲလှူလှူ၊ သီလ- ဘယ်လောက်ပဲဆောက်တည်ဆောက်တည် ဥာဏ်ပညာပါလျှင် ကုသိုလ်တော့ရပါရဲ့ နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့တော့ မဖြစ်နိုင်ပါဘူး။  ထို့ကြောင့်လည်း “သဒ္ဓါလွန်တော့ တဏှာကျွန်”   မဖြစ်ရလေအောင် (မိမိရဲ့ သဒ္ဓါတု တွေကို နောင်တမရ ရလေအောင်-) စစ်မှန်သော သဒ္ဓါပုံရိပ်လွှာများကို အသိဥာဏ်ပါသော ပညာဖြင့် ထိန်းချုပ်နိုင်ကြပါစေလို့ …………။ ။ ။ 
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ၊
အလှူ မှန်သမျှတွင်  တရားအလှူသည် အမြတ်ဆုးံ ၊
Dhamma- gift excels all other gifts.

                         အရှင် စန္ဒိမာ(ဓမ္မလရိပ်) 

Thursday, November 8, 2012

တရားအားထုတ်ခြင်းဖြင့် ရနိုင်သော အကျိုးကျေးဇူးများ


တရားအားထုတ်ခြင်းဆိုတာ  တရားသဘောကို ( သဘောတရားကို)  သိမြင်အောင် အားထုတ် ကြိုးစားခြင်းဖြစ်ပါတယ်။  သဘောတရားဆိုတာ ဖြစ်, ပျက် (ရုပ်နာမ်) သဘောတရား၊ မဖြစ်မပျက် (နိဗ္ဗာန်) သဘောတရား ဟု နှစ်မျိုးရှိရာ အဲဒီ နှစ်မျိုးစလုးံကို သိမြင်ရေးအတွက် အားထုတ်ကြိုးစားခြင်းကို “တရားအားထုတ်ခြင်း”ဟု ခေါ်ပါတယ်။
တစ်နည်းအားဖြင့် တရားအားထုတ်ခြင်းဆိုတာ  ဗုဒ္ဓ၏တရားတော်နှင့် အညီ နည်းမှန်လမ်းကျ အားထုတ်ခြင်းကို ခေါ်ပါတယ်။ ဗုဒ္ဓ ဟောကြားတဲ့ တရားတော်နှင့် မကိုက်ညီဘဲ မိမတို့ထင်ရာ မြင်ရာ အားထုတ်နေပါလျှင် “ မတရားအားထုတ်ခြင်း” သာဖြစ်ပါလိမ့်မယ်။ မြတ်ဗုဒ္ဓသည် သတ္တ၀ါများ နည်းမှန်လမ်းမှန် အားထုတ်နိုင်ရေးအတွက် ဓမ္မစကြာ ၊ အနတ္တလက္ခဏ၊ မဟာသတိပဌာန်စသည့် ကျင့်ထုးံကျင့်နည်း သုတ်ပေါင်းများစွာကို ဖော်ထုတ် ဟောကြားတော် မူခဲ့ပါတယ်။
အဲဒီတရားတော်များ၌ ပါရှိသည့် နည်းလမ်းများနှင့်အညီ ကြိုးစားအားထုတ်မှသာ ကောင်းကျိုး တရားများကို ရရှိနိုင်ကြမှာလည်းဖြစ်ပါတယ်။ သို့မဟုတ်ပါက မလိုလားအပ်သော ဆိုးကျိုးများနှင့် တွေကြုံနိုင်ရပါတယ်။
ရုပ်သဘောတရား ၊ နာမ်သဘောတရားတို့၏ အခြေအနေမှန် (ဖြစ်ခြင်း,ပျက်ခြင်း,ပေါ်ခြင်း, ပျောက်ခြင်း, ရှင်ခြင်း, သေခြင်း) တို့ကို သိမြင်အာင်  ( အနိစ္စ၊ ဒုက္ခ၊ အနတ္တမြင်အောင်) ကြိုးစားအားထုတ်ပါလျှင် 
                (၁) စိတ်ဓါတ်ဖြူစင်သန့်ရှင်းခြင်း။
                (၂) မပူဆွေး မငိုကြွေးရတော့ခြင်း
                (၃)ကိုယ်မဆင်းရဲ စိတ်မဆင်းရဲခြင်း
                (၄)အဆင့်မြင့် အသိဥာဏ် (မဂ်ဥာဏ်) ကိုရခြင်း
                (၅) နိဗ္ဗာန်ကို သိမြင် (မျက်မှောက်) ပြုရခြင်း
ဟူသောကောင်းကျိုးငါးပါးကို ရရှိနိုင်ကြောင်းကို မြတ်ဗုဒ္ဓက မဟာ သတိဌာနသုတ်တော်တွင် အတိအလင်း ဟောကြားတော်မူခဲ့ပါတယ်။
(၁) စိတ်ဓါတ်ဖြူစင်သန့်ရှင်းခြင်း
          သတိပဌာန်တရားတော်နှင့်အညီရုပ်နာမ်တို့၏ဖြစ်ခြင်း ပျက်ခြင်းသဘော တစ်မျိုးတစ်ဖုံပြောင်းလဲခြင်း၊ မြင်ရသည်မှ  မမြင်ခြင်းသို့ ရောက်သွားခြင်း၊ မတည်မြဲခြင်း (အနိစ္စ)သဘောကို ပိုင်ပိုင်နိုင်နိုင်သိမြင်အောင် အားထုတ်ထားသူ၏ စိတ်ဓါတ်သည်  လိုချင်မူလောဘ၊ မကျေနပ်မူဒေါသ၊ မတွေဝေမူ မောဟ၊ရုပ်နာမ်သဘောကို “ငါ” ဟု ထင်မြင်ယူဆမူဒိဌိစသည့် ကိလေသာများ လျော့နည်း ပပျောက်ကင်းစင်သဖြင့် ဖြူစင်မြင့်မြတ်လာပါတယ်။  ရုပ်နာမ်ဖြင့်ဖွဲစည်းထားတဲ့ မိမိခန္ဓာ၌ “ ငါ, သူ, လူ, ပုဂ္ဂိုလ်, သတ္တ၀ါမရှိ ဖြစ်ပျက်နေသော ရုပ်နာမ်သဘောတရားမျှသာ ရှိ၏” ဟု သိမြင်လာပါတယ်။ မိမိခန္ဓာ၌ အမြင်ရှင်းလာပြီး စိတ်ဓါတ်ဖြူစင် သန့်ရှင်း ခိုင်မာလာတယ် ။
(၂) မပူမဆွေး မငိုကြွေးရတော့ခြင်း
ဤသို့ ခန္ဓာအမြင် ကြည်လင်သည်နှင့် အမျှ မိမိခင်မင်တွယ်တာခဲ့ရသည့် မိဘဘိုးဘွား ဆွေမျိုး မိတ်သင်္ဂဟ များနှင့် အခြားသက်ရှိ သက်မဲ့ ပစ္စည်းဝတ္ထုများ ပျက်စီးဆုးံရှူးံသည့်အခါ ၊ စိုးရိမ်ပူဆွေးမူ ပူပန်မူသောက မဖြစ်တော့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ .. ခင်မင်တွယ်တာရသည့် သက်ရှိ သက်မဲ့ အားလုးံသည် ဖြစ်ပြီးပျက်တတ်သည့် ရုပ်နာမ် သဘောတရားများဖြင့် ဖွဲ့စည်းထားသောကြောင့် မတည်မြဲကြသဖြင့် ဤသို့ ဆုးံရှူးံပျက်စီးရသောကြောင့်ပါဘဲ ။  ထိုသို့ စိုးရိမ်ပူပန်မူသောက မဖြစ်လျှင် မျက်ရည်စက်လက် ငိုကြွေးမြည်တမ်းရမူလည်း မဖြစ်တော့ပါဘူး. ငိုကြွေးမြည်တမ်းခြင်းသည် စိုးရိမ်ပူဆွေးစိတ်မအေးခြင်းကြောင့် ဖြစ်ရကား မစိုးရိမ်မူ မပူဆွေးသူအား ငိုကြွေးခြင်းဆိုတာ မရှိတော့ပါ။
(၃) ကိုယ်မဆင်းရဲ စိတ်မဆင်းရဲ့ခြင်း
ဒီလို စိုးရိမ်ပူဆွေးမူ သောက မရှိဘဲ ၊ စိတ်ထိခိုက် မူမရှိဘဲ တည်တည်ငြိမ်ငြိမ် နေနိုင်သူရဲ့ စိတ်ဓါတ်ဟာ မိမိ၏ရုပ်ပိုင်း ကျန်းမာရေးကို မထိခိုက်စေသည့်အပြင် ၊ရုပ်ပိုင်း ကျန်းမာသန်စွမ်းရေးကိုလည်း အထောက်အကူပြုနိုင်ပါတယ်။  ထို့ကြောင့် တရားအားထုတ်ခြင်းဟာ ကိုယ်ခန္ဓာကို ကျန်းမာနိုင်စေသည့်အပြင် သောကဖြစ်စရာများနှင့် ကြုံတွေ့သော်လည်း သောက မဖြစ် ငိုစရာတွေ့သော်လည်း မငိုတော့သည့်အထိ ရုပ်နာမ်တရား ကြည်လင်ပြတ်သားနေသောကြောင့် စိတ်မဆင်းရဲ့ နိုင်တော့ပါဘူး။ စိတ်ငြိမ်းချမ်းသာနိုင်ပါတယ်။ ဤစိတ်ငြိမ်းချမ်းမူဟာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း အထောက်အကူပြုသောကြောင့် တရားအားထုတ်ခြင်းဟာ ကိုယ်စိတ်ဆင်းရဲမူကို မဖြစ်စေဘဲ ကိုယ်နှင့်စိတ်ကို ရွှင်လန်းချမ်းမြေ့စေပြီး အသက်ရှည်စေနိုင်ပါတယ်။
(၄) အဆင့်မြင့် အသိဥာဏ် (မဂ်ဥာဏ်) ကို ရခြင်း
ဒီလို ပူဆွေး၊ငိုကြွေးမူဒဏ်ကို ခံနိုင်လောက်အောင် ရုပ်နာမ်တို့၏ မတည်မြဲတဲ့ သဘောကို ပိုင်ပိုင်နိုင်နိုင်သိမြင်ထားသော မိမိတို့၏ ၀ိပဿနာ ဥာဏ်ကို အဆင့်ဆင့် ရင့်ကျက်အောင် အားထုတ်သွားပါလျှင် ဒုက္ခကို ဒုက္ခမှန်း ၊ ဒုက္ခဖြစ်ကြောင်းကို ဒုက္ခဖြစ်ကြောင်းမှန်း ၊ဒုက္ခချုပ်ရာကို ဒုက္ခချုပ်ရာမှန်း၊ ဒုက္ခချုပ်ကြောင်းကို ဒုက္ခချုပ်ကြောင်းမှန်း သိမြင်နိုင်သော  အရိယာ မဂ်ဥာဏ်ကို ရရှိနိုင်ပါတယ်။  သစ္စာလေးပါး  အမှန်တရားကို သိမြင်နိုင်သည့် မဂ်ဥာဏ်ကို မရရှိသောကြောင့် ရုပ်နာမ်၌ မျက်စိမှိက်၍ လူသားတိုင်း သံသရာ လည်နေကြပါသောကြောင့် မဂ်ဥာဏ်ကို ရရှိရန် အမှန်ပင် အလွန်လိုအပ်လှပါတယ်။
(၅) နိဗ္ဗာန်ကို သိမြင်ခြင်း
မျက်စိနှစ်ကွင်း အလင်းမရသူသည် ပြင်ပ ဗဟိဒ္ဓအရာ ၀တ္ထုများကို အမှန်အတိုင်း မသိမြင်နိုင်ပါဘူး ၊ ထို့အတူ သစ္စာလေးပါးကို မသိသူသည် နိဗ္ဗာန်တည်းဟူသော ရုပ်နာမ်ခပ်သိမ်းချုပ်ပြတ်ငြိမ်းသည့် သန္တိသုခ အငြိမ်းဓါတ်ကိုလည်း မသိနိုင်ပါဘူး။ တရားအားထုတ်ထားသူရရှိထားသော မဂ်ဥာဏ်ကသာ ဒုက္ခခပ်သိမ်း ချုပ်ပြတ်ငြိမ်းသည့် အငြိမ်းဓါတ်သဘော (နိဗ္ဗာန်)ချမ်းသာကို သိမြင်နိုင်ပါတယ်။
ဒီတရားငါးပါးတို့ဟာ တရားအားထုတ်ခြင်းကြောင့် ရရှိနိုင်သော ကောင်းကျိုးတရားများ ဖြစ်ကြပါတယ်။
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ၊
အလှူ မှန်သမျှတွင်  တရားအလှူသည် အမြတ်ဆုးံ ၊
Dhamma- gift excels all other gifts.

                         အရှင် စန္ဒိမာ(ဓမ္မလရိပ်) 

Sunday, November 4, 2012

ခြေလှမ်းတိုင်း တန်ဖိုးရှိစေချင်

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် ဗာရာဏသီ ၊ သိပတန၊ မိဂဒါဝုန်တောအရပ်မှာ သီတင်းသုးံနေတော်မူတဲ့ အခါမှာ ဓမ္မလမ်းစဉ်မူဝါဒ (၃) ရပ်ကို ချမှတ်တော်မူခဲ့ပါတယ်။  အဲဒီသုးံချက်က  (၁) ပယ်ရမည့်လမ်း (၂) လျှောက်ရမည့်လမ်း (၃) ပေါက်ရမည့်လမ်းတို့ဖြစ်ပါတယ်။
နံပါတ်တစ်ဖြစ်တဲ့ ပယ်ရမည့်လမ်းဆိုတာကတော့ လက်ဝဲလမ်း၊ လက်ယာလမ်းဟူ၍ လမ်းနှစ်သွယ်ရှိပါတယ်။ ဒီလမ်းထဲမှာပဲ  မိမိတို့ ကြိုက်နှစ်သက်တဲ့ ငါးပါးအာရုံ ကာမဂုဏ်များကို အကောင်းထင်မှတ်တယ် ၊ အဲဒီအာရုံတွေကို မရမနေရှာတယ် ဒါတွေဟာ မိမိကိုယ်ကို ဖျက်ဆီးသော လမ်းမှားပင်ဖြစ်ပါတယ်။
လက်ယာလမ်းဆိုတာ ကြိုက်နှစ်သက်တဲ့ အာရုံကို မကောင်းထင်မှတ်ပြီး မိမိကိုယ်ကို မိမိအပြင်းအထန် နှိပ်စက်၍ကျင့်တဲ့ ဘ၀မှာ အရူးံကြွေးတင်စေသော လမ်းမှားဖြစ်ပါတယ်။
အလောင်းတော်ဘ၀နန်းတော်တွင်း၌ ကာမဂုဏ် အာရုံများကို ခံစားခဲ့ရမူနဲ့ ပါတ်သက်၍အပြစ်မြင်ကာ အာရုံကာမဂုဏ် ခံစားမူသည် လက်ဝဲလမ်း  လမ်းမှားဖြစ်တဲ့ အကြောင်း ကြေငြာတော် မူပါတယ်။
ဒုက္ကရစရိယာ (၆) နှစ်ကြာကာလ၏ အတွေ့အကြုံအရ လက်ယာလမ်းကို လမ်းမှားဖြစ်တယ်ဟု ကြေငြာတော်မူပါတယ်။
လက်ဝဲလမ်းလိုက်သွားနေတဲ့သူဟာ တောင့်တမူ လောဘကို အဖော်ပြုပြီး လက်တွဲကာ သံသရာခရီးသွားနေခြင်းဖြစ်ပါတယ်။  လက်ယာလမ်းလိုက်နေသူကတော့ ကြောင့်ကြမူ၊ အလိုမကျမူဆိုတဲ့ ဒေါသကို အဖော်ပြုပြီး သံသရာခရီးကို ပင်ပန်းစွာသွားနေရပါတယ်။ ဒီလက်ဝဲ လက်ယာ နှစ်လမ်းဟာ မဖြောင့်တန်းတဲ့ သံသရာခရီးကြမ်းလမ်း အမှန်ပင် ဖြစ်ပါတယ်။
ဘုရားရှင်ဟာ ဒီလမ်းနှစ်သွယ်ကို “ပယ်ရမည့်လမ်း” ဟု ဓမ္မလမ်းစဉ်မူဝါဒ ပထမ ကြေငြာတော် မူခဲ့ပါတယ်။
 နံပါတ်နှစ်ဖြစ်တဲ့ လျောက်လှမ်းရမယ့်လမ်း (မြင့်မြတ်သောလမ်း) ဆိုတာကတော့  လူမျိုးဘာသာ ၊ ဂိုဏ်းဂဏ၊ အသားရောင်တွေ ခွဲခြားမူမရှိပဲမဂ္ဂင်ရှစ်ပါး တရားတို့ဟာ  မဇ္ဈိမပဋိပဒါ အလယ်လမ်းဖြစ်ကြောင်း ဒုတိယကြေငြာတော်မူပါတယ်။
တောင့်တမူ၊ ကြောင့်ကြမူမပါဘဲ ဖြူစင်သန့်ရှင်း အပြစ်ကင်းသောလမ်းစဉ်ဖြစ်သောကြောင့် အလယ်အလတ်လမ်းကို မြင့်မြတ်သောလမ်းစဉ်ဟု ဘုရားရှင်က သတ်မှတ်တော်မူခဲ့ပါတယ်။
ဒီမြင့်မြတ်စင်ကြယ်သောလမ်းကို ကျင့်ပွါးမူဆိုင်ရာအနေနဲ့ ခွဲဝေသတ်မှတ်မယ်ဆိုရင် (၁) သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝတို့ဟာ သီလသိက္ခာ- ကိုယ်ကျင့်တရားပိုင်း (၂) သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိတို့ဟာ သမာဓိသိက္ခာ- မိမိစိတ်ကို မကောင်းသော အာရုံဘက်သို့ မရောက်အောင် ထိမ်းကျောင်းမူအပိုင်း (၃) သမ္မာဒိဌိ၊ သမ္မာသင်္ကပ္ပတို့ဟာ ပညာသိက္ခာ- အနုသယ ကိလေသာ မှန်သမျှကို တစ်ဆင့်ချင်း တစ်လွှာချင်း ပယ်သတ်မူအပိုင်း တို့ဖြစ်ပါတယ်။
နံပါတ်သုးံဖြစ်တဲ့ ပေါက်ရမည့်လမ်းစဉ်ဆိုတာကတော့ .. မဇ္ဈိမပဋိပဒါ မဂ္ဂင်ရှစ်ပါးတရားနှင့် အညီ လျှောက်လှမ်းရမည့်အစီအစဉ်အတိုင်း လျှောက်လှမ်းနေတဲ့သူဟာ ခြေလှမ်းတစ်လှမ်း လျှောက်မိတိုင်း တန်ဖိုးရှိစွာဖြင့်  သံသရာဝဋ်မီးငြိမ်းရာ နိဗ္ဗာန်တည်းဟူသောပန်းတိုင်သို့ ရောက်ရှိကြမည်ဖြစ်ပါသောကြောင့်  ပေါက်ရမည့်လမ်း ဖြစ်ပါတော့တယ်။
ထို့ကြောင့် ပစ္စုပ္ပန် တမလွန် နှစ်တန်သော အကျိုးစီးပွါးတို့ကို အလိုရှိသူတိုင်း မြတ်ဗုဒ္ဓ၏ အဆုးံအမ တရားတော်များကို တစ်ဆင့်ထက် တစ်ဆင့်မြင့်သထက်မြင့်အောင်ကြိုးစား  လေ့လာအားထုတ်ကြရန် အမှန်ပင် လိုအပ်ပါကြောင်း……………
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ၊
အလှူ မှန်သမျှတွင်  တရားအလှူသည် အမြတ်ဆုးံ ၊
Dhamma- gift excels all other gifts.

                         အရှင် စန္ဒိမာ(ဓမ္မလရိပ်)