"ပညာသမာ အာဘာ နတ္ထိ=ပညာနှင့်တူတဲ့ အလင်းရောင်ဆိုတာ မရှိပါဘူး" " No brighter light than the light of education" မြတ်စွာဘုရားရှင်ရဲ့ တရားဒေသနာတော်အရ ပညာဟာ လူသားတိုင်းအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ မီးရှူးတန်ဆောင် အလင်းရောင် ဖြစ်ပါတယ်။
မြတ်စွာဘုရားရှင်ဟာ သာဝတ္ထိပြည် ဇေတ၀န် ကျောင်းတော်မှာ သီတင်းသုးံနေတော်မူတဲ့အခါမှာ နတ်သားတစ်ပါးက အောက်ပါ မေးခွန်းလေးမျိုး ကို မေးလျှောက်ခဲ့ပါတယ်_ "အရှင်ဘုရား၊
(၁) အဘယ်တရားသည် အိုသည့်တိုင်အောင်ကောင်းပါသနည်း။
(၂)အဘယ်တရားသည် တည်သည်ရှိသော် ကောင်းပါသနည်း။
(၃) အဘယ်တရားသည် လူတို့ရတနာမည်ပါသနည်း။
(၄)အဘယ်တရားသည် ခိုးသူတို့ မခိုးယူနိုင်ပါသနည်း။"
မြတ်စွာဘုရားရှင်ကတော့ ..အို..နတ်သား...၊ (၁)အကျင့်သီလသည် အိုသည့်တိုင်အောင် ကောင်းတယ်။ (၂)ယုံကြည်မူ သဒ္ဓါတရားတည်သည်ရှိသော် ကောင်းတယ်။ (၃) ပညာသည် လူတို့ရဲ့ ရတနာ ဖြစ်တယ်။(၄) ကုသိုလ်တရားကို ခိုးသူတို့ မခိုးယူနိုင်..ဟု နတ်သားရဲ့ မေးခွန်းကို ဖြေကြားတော် မူခဲ့ပါတယ်။
"ပညာသည် လူတို့ရဲ့ ရတနာ မည်တယ်" ဟူသော မြတ်စွာဘုရားရှင်ရဲ့ တရားဒေသနာအတိုင်း ပညာသည် လူတို့၏ တန်ဖိုးကြီးမားလှသော ရတနာဖြစ်ကြောင်းကို ဆင်ခြင်လျှင် ပညာရဲ့ ကြီးမားသော တန်ဖိုးကို သိနိုင်ပါတယ်။

ထို့ပြင် အာဠာဝက ဘီလူးမင်းက မြတ်စွာဘုရားရှင်ကို .."အရှင်ဘုရား.. အသက်မွေး ၀မ်းကျောင်းမူများတွင် မည်သည့်အသက်မွေးမူမျိုးသည် လူတို့တွင် အမြတ်ဆုးံဖြစ်ပါသနည်း"။ ဟု မေးလျှောက်ထားခဲ့ရာ၊ မြတ်စွာဘုရားက- " ဘီလူးမင်း၊ လူတို့တွင် ပညာဖြင့် အသက်မွေးခြင်းဟာ အမြတ်ဆုးံ ဖြစ်တယ်" ဟူ၍ ဟောကြားတော်မူခဲ့ပါတယ်။
ပညာသည်သာ အမြတ်ဆုးံဖြစ်ကြောင်းကို မိလိန္ဒပဥှာပါဠိတော်တွင်လည်း " သာသနာတော်၌ ပညာသည် အမြတ်ဆုးံဖြစ်၏၊ လောက၌လည်း ပညာသည် အမြတ်ဆုးံဖြစ်၏၊ ပညာသည် သာသနာတော်၌ တည်တံ့ကြောင်းလည်းဖြစ်၏၊ ပညာဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်၏၊" စသဖြင့် ဗုဒ္ဓရဲ့ တရား ဒေသနာများကို ကိုးကားလျှက် ပညာ၏တန်ဖိုးနုင့် ပညာဖြင့် ဂုဏ်တင့်တယ်သူများဖြစ်အောင် ကြိုးစားနိုင်ကြပါစေ။.......
အရှင် စန္ဒိမာ(ဓမ္မလရိပ်)

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ၊
အလှူ မှန်သမျှတွင်
တရားအလှူသည် အမြတ်ဆုးံ ၊
Dhamma- gift excels all
other gifts.
အရှင် စန္ဒိမာ(ဓမ္မလရိပ်)
🙏🙏🙏
ReplyDelete