*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****သစ်ပင်အရိပ် ဆွေမျိုးရိပ်နှင့် မိရိပ်ဘရိပ် ဆရာရိပ်ထက် မင်းရိပ်သည်သာ ဆင့်ဆင့်သာ၏။ ထိုမှတစ်ဖြာ မြတ်စွာဟောကြား တရားဆာယာ အရိပ်မှာကား လွန်စွာအေးမြ ချမ်းသာရ၍ မှီကြခိုသူ များဗိုလ်လူတို့ အပူခပ်သိမ်း ပ,ပျောက်ငြိမ်း၏ ။*****
Showing posts with label ဓမ္မစာစု. Show all posts
Showing posts with label ဓမ္မစာစု. Show all posts

Sunday, May 5, 2013

ဒါနထက်သာ မြတ်မေတ္တာ

"တစ်နေ့သုးံခါ၊ အိုးတစ်ရာဖြင့်၊ ချက်ကာထမင်း၊ ကျွေးမွေးခြင်းထက် ၊ မယွင်း စင်စစ်၊ နို့တစ်ညှစ်စာ၊ ကြိမ်သုးံခါမျှ၊ မေတ္တာပွားများ၊ ကျိုးကြီးမားသည် ၊ ဘုရား မြတ်စွာ  မိန့်ခွန်းတည်း။"
မြတ်စွာဘုရားရှင်က   လူတစ်ယောက်ဟာ နံနက် တစ်ကြိမ် ထမင်း အိုးကြီးတစ်ရာချက်ပြီး ကျွေးမွေး လှူဒါန်းတယ်။ နေ့လည် တစ်ကြိမ် ထမင်း အိုးကြီးတစ်ရာချက်ပြီး ကျွေးမွေးလှူဒါန်းတယ်။ ညနေ တစ်ကြိမ် ထမင်း အိုးကြီးတစ်ရာချက်ပြီး ကျွေးမွေး လှူဒါန်းတယ်။
      လူတစ်ယောက်ကတော့ နံနက် တစ်ကြိမ် နို့တစ်ညှစ်စာ မေတ္တာပွါးတယ်။ နေ့လည် တစ်ကြိမ် နို့တစ်ညှစ်စာ မေတ္တာပွါးတယ်။ ညနေ တစ်ကြိမ် နို့တစ်ညှစ်စာ မေတ္တာပွါးတယ်။
အဲဒီ ထမင်းအိုးကြီး တစ်ရာ ချက်ပြီးသုးံကြိမ်လှူတဲ့ အလှူဒါနထက် နို့တစ်ညှစ်စာ မေတ္တာသုးံကြိမ် ပွါးတာက  ပိုပြီးကျေးဇူးများတယ်လို့ မိန့်ဆိုထားပါတယ်။ 
တစ်ချို့တစ်ချို့သော သူတွေကတော့ မေတ္တာရဲ့ အကျိုးကျေးဇူးတွေကို မယုံကြည်ချင်ကြဘူးဆိုလို့ရှိရင် ခဏခဏ လက်တွေ့ကျကျ မေတ္တာပို့ အမျှဝေကြည့်ပါ ။ သိသာပါလိမ့်မယ်။ 
    ထို့ကြောင့်  မေတ္တာဘာဝနာကို  မှန်ကန်တဲ့ စိတ်ထားနဲ့ ယုံယုံကြည်ကြည် ထိထိမိမိသာ  ပုံမှန်ပွါးများမယ် ဆိုရင်  သိပ်ပြီးတော့ အပြုသဘောဆောင်တဲ့  အလားအလာ ကောင်းတွေကို တွေ့မြင် ခံစားရမှာ ဖြစ်ပါတယ်။

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ၊
အလှူ မှန်သမျှတွင်  တရားအလှူသည် အမြတ်ဆုးံ ၊
Dhamma- gift excels all other gifts.

                         အရှင် စန္ဒိမာ(ဓမ္မလရိပ်) 

Sunday, April 14, 2013

မွေးနေ့အတွက် စကားလက်ဆောင်


     “လူဘယ်ကစဟူသော မေးခွန်းကို ပညာရှင်များက အောက်ပါကဲ့သို့ အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ဆိုခဲ့ကြပါတယ်။ တစ်ချို့က မျောက်က ဆင်းသက်လာကြတယ် တစ်ချို့က ဗြာဟ္မာက ဆင်းသက်လာကြတယ်၊ တစ်ချို့က ကမ္ဘာမြေကြီးကဘွင်းခနဲ့ ပေါ်ထွက်လာကြတယ် စသဖြင့် အမျိုးမျိုး သုးံသပ် ဖွင့်ဆိုခဲ့ကြပါတယ်
တဖန် လူတစ်ယောက် သို့မဟုတ်  သတ္တ၀ါတစ်ဦး ဖြစ်လာဖို့အတွက် ပဋိသနေÎ နေခြင်း အမျိုးမျိုးရှိကြပြန်လေရာ .. ယနေ့မျက်မှောက်ခေတ် လူသားတွေကတော့ မိဘနှစ်ပါး၏ အကြောင်းဆုံ ကံအဟုန်ကြောင့် ဤကမ္ဘာမြေကြီးပေါ်မှာ လူသားဟူ၍ ဖြစ်ပေါ်လာရခြင်းပင် ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်  ကာမာဝစရ ကုသိုလ်ကံအဟုန်ကြောင့်  ကာမဘုံသား လူအဖြစ်ကို ရလာကြသည် မဟုတ်ပါလော။
မာတာ မိခင်ကျေးဇူးရှင်က  လူသား အဖြစ် မွေးဖွားသန့်စင် ပေးလိုက်သောနေ့ကို  မွေးနေ့ဟူ၍ သတ်မှတ်ခေါ်ဆိုကြပြီး၊ လူသားတစ်ယောက် ကမ္ဘာမြေကြီးမှာ ခြေချခွင့်ရသော ထိုနေ့သည်  မင်္ဂလာရှိသော နေ့ရက်လည်း ဖြစ်ပါတယ်။ ထိုကဲ့သို့ လူသားတစ်ယောက်အဖြစ်  ရပ်တည်ခွင့်ပေးလိုက်သော မင်္ဂလာရှိသော မွေးနေ့အချိန်ခါ သမယမှာ မင်္ဂလာရှိသော စကား မင်္ဂလာရှိသော အတွေး၊ မင်္ဂလာရှိသော အလုပ် များကို လုပ်ပါမှ  မင်္ဂလာရှိသော လူတစ်ဦး ဖြစ်လာပါမည်။
မင်္ဂလာ ဟူသည် မကောင်းသော အကုသိုလ် အညစ်အကြေးကို ပယ်ဖျောက်ပြီး ကောင်းသော ကုသိုလ်တရားများကို တိုးပွါးစေပါတယ်။ ထို့ကြောင့် အလွန်တရာမှ တိုတောင်းလှသော လူ့ဘ၀ ခဏတာ ပုထုဇဉ်လောကမှာ  ယခင်က မှားမိခဲ့သော အမှားများ၊ အကုသိုလ် အညစ်အကြေးများ  နောင်တစ်ခါ မဖြစ်ရအောင် ယခင်က ပြုလုပ်ခဲ့သော  ကုသိုလ်တရားများ ပိုပြီးတိုးပွါးလာအောင် မပြုလုပ်ဖြစ်သေးသော ကုသိုလ်တရားများကို  ပြုလုပ်ဖြစ်အောင် စသဖြင့်  သမ္မပ္ပဒါန်တရားကို လက်ကိုင်ထားရပါမည်။
ဘယ်ဘာသာ ဘယ်လူမျိုးပဲဖြစ်ဖြစ်  မွေးနေ့မှာ ပြန်လည် စဉ်းစားသင့်တာက
()  မိမိအတွက်ရော  သူတစ်ပါး အတွက်ပါ တစ်နှစ်တာ အတွင်း ဘာတွေလုပ်ပေးနိုင်ခဲ့လဲ
()  မိမိကို မွေးဖွားသန့်စင်ပေးလိုက်သော  မိဘနှစ်ပါးကို ဘာတွေကျေးဇူးပြုဖူးပြီလဲ
() မိမိ အပေါ်မှာ  ပညာသင်ပေးသော ဆရာများ အပေါ်မှာ ဘာတွေကျေးဇူးပြုဖူးပြီလဲ
() မိမိတို့၏ ဘာသာတရားများတည်တံ့၊ ခိုင်မြဲရေးအတွက် ဘာတွေလုပ်ပေးနိုင်ပြီလဲ  စသဖြင့်  ပြန်လည် စဉ်းစား သင့်ကြပါတယ်။
အသက် တစ်နှစ်ကြီးလာသည်နှင့်အမျှ လောက အကျိုးကို  တစ်နှစ်တိုး၍ ထမ်းဆောင်နိုင်ခဲ့ပြီဟု ကြွေးကြော်နိုင်သူက တကယ့်လူဖြစ်ပြီး မိမိအတွက်ရော သူတစ်ပါး အတွက်ပါ ဘာမှ လုပ်မပေးနိုင်သူက  လူ့အမိုက်သာ ဖြစ်ပါတော့မည်။
လေကမှာ မြတ်စွာဘုရား ပွင့်ထွန်းပေါ်ပေါက်လာရခြင်းဟာ  လူသားကောင်းကျိုးချမ်းသာ အတွက် လောက၏ ကောင်းကျိုးချမ်းသာ အတွက် ဖြစ်စေခဲ့သလို စာရေးသူ စာရူသူတို့  လူသားတစ်ယောက် အဖြစ်  လူ့လောကမှာ နေရခြင်းသည်လည်း လောကလူသားများ၏ ကောင်းကျိုးချမ်းသာ အတွက်သာ ဖြစ်သင့်ပါတယ်လို့တိုက်တွန်းဆန္ဒပြုရင်း...

14, 4, 2013. It turns to 32 !!! Today , I have received many lovely wishes for my birthday so thank you very much for your birthday wish via face book, text message, phone and viber. You all make my birthday complete. Thank you all for loving and care, you all make my day .

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ၊
အလှူ မှန်သမျှတွင်  တရားအလှူသည် အမြတ်ဆုးံ ၊
Dhamma- gift excels all other gifts.

                         အရှင် စန္ဒိမာ(ဓမ္မလရိပ်) 

Wednesday, January 30, 2013

ဘုရားဂုဏ်တော် (၉) ပါး၊ တရားဂုဏ်တော် (၆) ပါး၊ သံဃာ့ဂုဏ်တော် (၉) ပါး



ဘုရားဂုဏ်တော် (၉) ပါ
    အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ၊ ဝိဇ္ဇာစရဏ သမ္ပန္နော၊ သုဂတော၊ လောကဝိဒူ၊ အနုတ္တရော ပုရိသ ဒမ္မသာရထိ၊ သတ္ထာဒေဝ မနုဿာနံ၊ ဗုဒ္ဓေါ၊ ဘဂဝါ။

(၁) အရဟံ= လူနတ် ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံထိုက်ခြင်း။
(၂) သမ္မာသမ္ဗုဒ္ဓ = အလုံးစုံသောတရားတို့ကို ဆရာမရှိပါဘဲ ပါရမီစွမ်းအားဖြင့်သိခြင်း။
(၃) ၀ိဇ္ဇာစရဏသမ္ပန္န = အသိဥာဏ် (၀ိဇ္ဇာ)၊ အကျင့်တရား (စရဏ) တို့နှင့် ပြည့်စုံခြင်း။
(၄) သုဂတ = ကောင်းမြတ်သောစကား (သီလ၊ သမာဓိ၊ ပညာ) ကိုသာပြောခြင်း။
(၅) လောက၀ိဒူ = သတ္တလောက သင်္ခါရလောက သြကာသလောက တည်းဟူသော လောကကြီးသုံးပါးကို သိခြင်း။
(၆) အနုတ္တရောပုရိသဒမ္မသာရထိ = လူ၊ နတ်၊  ဗြဟ္မာ  သတ္တ၀ါ တို့ကို ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမခြင်း။
(၇) သတ္ထာဒေ၀ မနုဿာနံ = လူ နတ် ဗြဟ္မာ သတ္တ၀ါ အားလုံးတို့၏ ဆရာဖြစ်ခြင်း။
(၈) ဗုဒ္ဓ =  သစ္စာတရားလေးပါးကို သိခြင်း၊
(၉) ဘဂ၀ါ = ဘုန်းတော် (၆) ပါးနှင့်ပြည့်စုံခြင်း။


တရားဂုဏ်တော် (၆) ပါး

သွာက္ခာတော ဘဂ၀တော ဓမ္မော၊ သန္နိဋ္ဌိကော၊ အကာလိကော၊ ဧဟိပဿိကော၊ သြပနေယျိကော၊ ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ။

(၁)  သွာက္ခာတ = ဘုရားရှင်ကိုယ်တိုင်ဟောခြင်း။
(၂) သန္နိဋ္ဌိကာ = ကျင့်ကြံသူအတွက် မျက်မှောက်ဘ၀၌ပင် ကိုယ်တိုင်ရှုမြင်နိုင်ခြင်း။
(၃)အကာလိက = ရှုပွားသူအတွက် မဂ်ပြီးလျှင် ဖိုလ်အချိန်မဆိုင်းဘဲဖြစ်ခြင်း။
(၄)  ဧဟိပဿိက = တရားနှင့်ပတ်သက်ပြီး ရဲရဲဝံ့ဝံ့ ဖိတ်ခေါ်ရဲခြင်း။
(၅)  သြပနေယျိက = မိမိသန္တာန်၌ အစဉ်ကပ်၍ ဆောင်ထားသင့်ခြင်း။
(၆)  ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ  = မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ဓမ္မရသကိုလက်တွေ့ခံစားနိုင်ခြင်း။

သံဃာ့ဂုဏ်တော် (၉) ပါး

သုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော၊ ဥဇုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော၊ ဉာယပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော၊ သာမီစိပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော၊ ယိဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ ဧသ ဘဂ၀တော သာဝကသံဃော၊ အာဟုနေယျော၊ ပါဟုနေယျော၊ ဒက္ခိဏေယျော၊ အဉ္ဇလိကရဏီယျော၊ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ။

(၁) သုပ္ပဋိပန္န = ကောင်းသောအကျင့်ရှိခြင်း။
(၂)  ဥဇုပ္ပဋိပန္န = ဖြောင့်မတ်စွာကျင့်ကြံခြင်း။
(၃) ဉာယပ္ပဋိပန္န = နိဗ္ဗာန်ရောက်ရေးကျင့်ခြင်း။
(၄)  သာမီစိပ္ပဋိပန္န = လောကုတ္တရာတရားနဲ့ အညီကျင့်ခြင်း။
(၅) အာဟုနေယျ = အဝေးကသယ်ဆောင်လာသည့် ပစ္စည်းကိုပင် ခံယူထိုက်ခြင်း။
(၆)  ပါဟုနေယျ= ဧည့်သည်အတွက် အထူးစီမံထားသည့်ပစ္စည်းကိုပင် အလှူခံထိုက်ခြင်း။
(၇)  ဒက္ခိဏေယျ = မြင့်မြတ်သောအလှူကို ခံထိုက်ခြင်း။
(၈) အဉ္ဇလိကရဏီယျ = လက်အုပ်ချီမိုး ရှိခိုးခြင်းကို ခံထိုက်ခြင်း။
(၉) အနုတ္တရံ ပုညက္ခေတ္တ = သတ္တ၀ါအပေါင်းတို့၏ ဒါနမျိုးစေ့ စိုက်ပျိုးရာ လယ်မြေ ကောင်းဖြစ်ခြင်း။

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ၊
အလှူ မှန်သမျှတွင်  တရားအလှူသည် အမြတ်ဆုးံ ၊
Dhamma- gift excels all other gifts.

                         အရှင် စန္ဒိမာ(ဓမ္မလရိပ်)