*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****သစ်ပင်အရိပ် ဆွေမျိုးရိပ်နှင့် မိရိပ်ဘရိပ် ဆရာရိပ်ထက် မင်းရိပ်သည်သာ ဆင့်ဆင့်သာ၏။ ထိုမှတစ်ဖြာ မြတ်စွာဟောကြား တရားဆာယာ အရိပ်မှာကား လွန်စွာအေးမြ ချမ်းသာရ၍ မှီကြခိုသူ များဗိုလ်လူတို့ အပူခပ်သိမ်း ပ,ပျောက်ငြိမ်း၏ ။*****

Sunday, September 9, 2012

အလှူဒါန ပြုကြသောခါ

                               
   အလှူဒါနပြုခြင်းသည် " လွယ်မယောင်နှင့်ခက်  တိမ်မယောင်နှင့်နက်" ဆိုသလို  ကြည့်တော့ လွယ်မယောင်ယောင်နှင့် လက်တွေ့ကျတော့ အမှန်ပင်ခက်ခဲ့ပါတယ်။ မိမိပိုင် ပစ္စည်းကို သူတစ်ပါးအား ပေးရသော အလုပ်ဖြစ်၍ စစ်မှန်သော သဒ္ဓါတရားမပါဘဲ မရှိဘဲ အလှူပြုဖို့ရန် မလွယ်ကူလှပေ ။ ထို့ကြောင့် စာပေများ၌ အလှူဒါနကို စစ်ပွဲနှင့် နိုင်းယှဉ်၍ပြထားသည်ကို ဖတ်ရူလေ့လာ ရပါတယ်။ လောက၌ စစ်ပွဲတစ်ပွဲတိုက်ခိုက်ရန်သွားရမည်ဆိုပါက မည်သူမဆို အနည်း အများတော့  ကြောက်ရွံ့တတ် ကြပါတယ်။ စစ်ပွဲဆိုသည်မှာ အလှကြည့်နေခြင်းမဟုတ် ၊ ရန်သူနှင့် သူသေ ကိုယ်သေ ဆင်နွဲ့ရသည့် ပွဲမျိုးဖြစ်ပါတယ်။ အဆင်မတတ်လျှင် မိမိပါ ရန်သူလက်နက်ကြောင့် စစ်ပွဲ၌ကျရှူးံသွားနိုင်ပါတယ်။  ထို့ကြောင့်လည်း  စစ်ပွဲသို့ စစ်တိုက်သွားခါနီး ပုဂ္ဂိုလ်များမှာ စိတ်ဓါတ်ကို တည်ကြည်အောင်ပြုပြင်ကြရပါတယ်။ ရဲရင့်အောင်လည်း ကြိုးစားထားရသလို တက်ကြွအောင်လည်း ကြိုးစားထားရပါတယ်။         စစ်ပွဲသို့ စစ်တိုက်ရန်သွားသော ပုဂ္ဂိုလ်များအနေဖြင့် အနှောက်အယှက် များကို  ကျော်ဖြတ်၍ အတားအဆီးများကို ဖြတ်သန်းကာ စစ်ပွဲတွင်အောင်ပွဲများကို အမိအရယူလာဖို့ ဆိုသည်မှာ စစ်ရေးစစ်ရာ၌ ကျွမ်းကျင်ဖို့၊ သတိဝီရိယရှိဖို့ ၊ နယ်မြေဒေသတွေလည်း  အထိုက်အလျောက် ကျွမ်းကျင်ဖို့ လိုအပ်ပါတယ်။ သို့မှသာအောင်ပွဲနှင့် ပြန်လာနိုင်မှာဖြစ်ပါတယ်။ စစ်ရေးစစ်ရာလည်း မကျွမ်းကျင် ၊သတိဝီရိယလည်းမရှိ ၊နယ်မြေဒေသလည်း မကျွမ်းကျင်ဆိုပါက ထိုစစ်ပွဲအတွက် များစွာအန္တရယ်ရှိနိုင်ပါတယ်။ အောင်ပွဲများနှင့် ပြန်လာနိုင်ဖို့ ရန်လည်း ဖြစ်နိုင်မည် မဟုတ်ပါ ။ 
    စစ်ပွဲတစ်ပွဲကို နိုင်အောင်တိုက်ရမည်မှာ မလွယ်ကူလှသလို အလှူဒါနပြုသူတို့မှာလည်း အလှူဒါနတစ်ခု ပြီးမြောက်အောင်မြင်ဖို့ဆိုသည်မှာလည်း အမှန်ပင် မလွယ်ကူလှပါ။ ခက်ခဲလှပါတယ်။ လွယ်လွယ်နှင့်ကား မဖြစ်နိုင်ပါ ။
      "သတ္တ၀ါတို့၏ ပင်ကိုယ်စိတ်သည် မိမိပိုင်ပစ္စည်း ဥစ္စာများကို သူတစ်ပါးတို့အား ပေးဖို့ ၀န်လေးတတ်၊ နှမြောတွန့်တိုတတ်သည့် သဘောရှိကြပါတယ်။ ထိုနှမြောတွန်တိုမူ မစ္ဆရိယကို မတွန်းလှန်နိုင်သမျှ ၊ မတိုက်ထုတ်နိုင်သမျှ ဒါန တစ်ခုပြီးစီးအောင်မြင်ဖို့ ဆိုသည်မှာ ဘယ်လိုမှ မဖြစ်နိုင်ပါ ။   အလှူဒါနတစ်ခု ပြီးစီးအောင်မြင်အထမြောက်ရန်မှာ မစ္ဆရိယ ရန်သူကို ဦးစွာတိုက်ထုတ်ပစ်ရမည်ဖြစ်ပါတယ်။ မစ္ဆရိယရန်သူကို  အနိုင်ယူပြီးမှသာလျှင် အလှူဒါန တစ်ခု အထမြောက် အောင်မြင်နိုင်ပါမည်"။
 မစ္ဆရိယ ရန်သူကို တိုက်ရသည်မှာလည်း လွယ်ကူသော အလုပ်ကား မဟုတ်ပါ ။  အလှူတစ်ခုပြုတော့မည်ဟု စိတ်က တစ်ကြိမ် ဖြစ်ပေါ်လျှင် မစ္ဆရိယ ရန်သူက အကြိမ်တစ်ထောင် ဖျက်စီးပစ်တတ်ပါတယ်။  မအောင်မြင်ခင်ပင် မစ္ဆရိယ ရန်သူတိုက်ခိုက်၍ ဒါန စစ်ပွဲ၌  ကျရှူးခဲ့ရတတ်ပါတယ်။  မစ္ဆရိယ ရန်သူကို တိုက်ခိုက်ဖျက်စီးနိုင်ဖို့ ဝေးစွ ၀န်တိုမူ မစ္ဆရိယ အောက်၌ပင် ပြားပြားမှောက်လျှက် မရူမလှ ခံစားကြရ ၊ ကျရှူးံကြရပါတယ်။ ထိုပုဂ္ဂိုလ်များမှာ အလှူဒါန တစ်ခုပြုနိုင်ဖို့ရန်မှာ ပြောသလောက် မလွယ်ကူနိုင်ပေ။ 
 "မရှိလို့ မလှူ၊ မလှူလို့ မရှိ "ဖြစ်ရကာ သံသရာထဲဝယ် ဒါန ရိက္ခာထုတ်မပါသဖြင့် သံသရာခရီး  ကြမ်းကို ခက်ခက်ခဲခဲ လျောက်လှမ်းကြရတတ်ပါတယ်။ "ထီးနှင့် ဖိနပ်မပါ ၊နွေခါမှသိ၊ ဒါန နှင့် သီလမပါရင် သေခါမှသိ" ဆိုသလို အဖြစ်ဆိုးနှင့်လည်း ကြုံရတတ်ပါတယ်။ ဖြစ်လေရာဘ၀များစွာ၌လည်း ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်းဖြင့် ဘ၀ကို မရှုမလှ ဖြတ်သန်းကြရတတ်ပါတယ်။ ဒါနရိက္ခာထုတ်ပါသူများမှာတော့ သံသရာ ဘ၀ခရီး၌ မျက်နှာလည်းပွင့်၍ မျက်နှာပန်းလည်းလှကာ ခရီးမကြမ်းပဲ ချောမွေ့ရတတ်သည်ကများပါတယ်။ 
         "ဒါနကောင်းမူဟူသည်.. မျက်မှောက်ဘ၀ချမ်းသာ၊ တမလွန်ဘ၀ချမ်းသာ နိဗ္ဗာန်ချမ်းသာတို့၏ အကြောင်းလည်းဖြစ်ပါတယ်။ လောကကီဘက်၌ သိကြားမင်းစည်းစိမ်၊ မာရ်နတ်မင်းစည်းစိမ်၊   ဗြဟ္မာမင်း စည်းစိမ် ၊ စကြာမင်းစည်းစိမ်တို့ကို ပေးစွမ်းနိုင်၏ လောကကုတ္တရာဘက်၌ သာဝကဗောဓိဉာဏ်၊ ပစ္စေကဗောဓိဉာဏ်၊ သမ္မာသမ္ဗောဓိဉာဏ်တို့ကို ပေးစွမ်းနိုင်၏" ဟု  မဟာဗုဒ္ဓ၀င် ဒုတိယတွဲ စာမျက်နှာ (၅၀၆)  မှာတွေ့ရပါတယ်။  
                    အလှူဒါနတစ်ခုပြုဖို့ရန် မိမိ၏ရင်ထဲ နှလုးံသားထဲမှာ ဘုရား တရား သံဃာ ရတာနာမြတ် သုးံပါးအပေါ်၌ ဦးစွာကြည်ညိုလိုစိတ် ဖြစ်စေရန်လိုအပ်ပါတယ်။ ထိုမှတစ်ဆင့် ကြည်ညိုစိတ်ကိုပွးများယူကာ ၀န်တိုမူ မစ္ဆရိယကို ကျော်လွှားနိုင်အောင် ဉာဏ်ယှဉ်ဖို့လည်း လိုအပ်ပါတယ်။ ဉာဏ်ယှဉ်ဖို့ ဆိုသည်မှာလည်း လွယ်လွယ်နှင့်ကား မဖြစ်နိုင်ပါ .။ ကြိုးစားယူရပါမည်။
              " ငါသည် ယခုအခါမြတ်စွာဘုရားရှင်၏ သာသနာတော်နှင့် ကံကောင်းသဖြင့်တွေ့ကြုံရတယ်၊ အတိတ်၏ ကုသိုလ်ပါရမီကြောင့် လူ့ဘ၀ကိုလည်းရနေတယ်။ ဘုရားတရားသံဃာ ရတာနာမြတ်သုးံပါးကို ကြည်ညိုတတ်သည့် ဗုဒ္ဓဘာသာဝင်စစ်စစ်လည်း ဖြစ်နေတယ်။   တွေ့ခဲ့လှသည့် မြတ်စွာဘုရားရှင် သာသနာတော်နှင့်လည်း အလိုက်သင့် ကြုံတွေနေရဆဲဖြစ်ပါတယ်။ မြတ်စွာဘုရား၇ှုင်၏ သာသာနာတော် ဟူသည် ဘုန်းကံကြီးမားသော ပုဂ္ဂိုလ်များသာ တွေ့ကြုံရတတ်ပါတယ်။ ထိုသာသနာတော်ကိုလည်း ယခု ငါတို့ တွေ့ကြုံနေကြပြီ ။ ဒီလိုတွေ့ကြုံနေခိုက် သာသနာတော်နှင့်စပ်သည့် ဘုရားတည် ကျောင်းဆောက်စသော သာသနာပြုကုသိုလိထူးများကိုလည်း ငါတို့ပြုလုပ်သင့်တယ်။ ကြိုးစား အားထုတ် သင့်တယ်။ သာသနာတော်၌ ချီးမြောက်ခွင့် ကို ငါတို့ အလဟဿဖြုန်းတီးပစ်၍ မသင့်တော်။ ဘ၀သံသရာခရီးမှာ မလှူလို့ မရှိ၊  မရှိလို့ မလှူ မဖြစ်ရလေအောင် ငါတို့ဆောင်ရွက်သင့်တယ်။  ကြိုးလည်း ကြိုးစားသင့်တယ်"ဟု အထပ်ထပ် အခါခါ ဆင်ခြင်သုးံသပ်၍ ဉာဏ်ယှဉ်လာအောင်လည်း ကြိုးစားဆောင်ရွက် ရမှာဖြစ်ပါတယ်"။
             သာသနာတော်နှင့်တွေ့ကြုံပြီး သာသနာတွင်းအလှူများဖြစ်သည့် ရဟန်းသံဃာတော်များအတွက် ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး လေးပါးသော ပစ္စည်းများကိုလည်း လှူဒါန်းနိုင်ကြပါတယ်။ ထို့ပြင်..၀ါဆိုချိန်ဝါဆိုသင်္ကန်းအလှူ၊ ကထိန်ကာလ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကိုလည်း မိမိတို့စိတ်တိုင်းကျ ကာလဒါန အလှူအဖြစ်  လှူဒါန်းခွင့်ရနေကြပါတယ်။
 ရဟန်းခံ ၊ သိက္ခာထပ်၊ ရှုင်ပြု စသော သာသနာ့အမွေခံ ကုသိုလ်မျိုးကိုလည်း ပြုလုပ်နိုင်ကြပါတယ်။ မိမိတို့ကိုယ်တိုင်လည်း သာသနာတော်ထဲဝင်ရောက်၍ ရှင်ရဟန်းဘ၀ဖြင့် သာသနာ့တာဝန်များကို ကြိုးစားအားထုတ်နိုင်ကြပါတယ်။
 အဲဒီအတွက်ကြောင့်  ဗုဒ္ဓဘာသာဝင်များသည်  မိမိတို့၏စိတ်ကို ပြုပြင်၍ သဒ္ဓါတရား တိုးပွါးလာအောင်ပြုကာ မစ္ဆရိယရန်သူကို အလေးထိုး အနိုင်ယူလျှက် သာသနာပြုကုသိုလ်ကောင်းမူများကို ကြိုးစားအားထုတ် နိုင်ကြပါစေဟု....................
                
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ၊
အလှူ မှန်သမျှတွင်  တရားအလှူသည် အမြတ်ဆုးံ ၊
Dhamma- gift excels all other gifts.

                                                          အရှင် စန္ဒိမာ(ဓမ္မလရိပ်) 


Saturday, September 1, 2012

(၂၄) ပစ္စည်းပဌာန်းဒေသနာတော် နှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ


      ပဌာန်းဆိုတဲ့ ဝေါဟာရဟာ ပဌာန ဆိုတဲ့ ပါဠိဘာသာမှ ဆင်းသက်လာတဲ့စကားတစ်ခုဖြစ်ပါတယ်။ အဲဒီ ပဌာန ဆိုတဲ့ ပုဒ်ကို  ပဉ္စပကရဏ အဌကထာမှာ " ကေနဌေန ပဌာနန္တိ နာနာပ္ပကာရပစ္စယေန၊ ၀ိဘဇဌေန ပဌိတတ္ထေန -- လို့ဆိုပြီး (၁) အမျိုးမျိုးသောအကြောင်း (၂) ဝေဖန်ခြင်း (၃) ကျက်စားသွားလာရာ ဟူ၍ အဓိပ္ပါယ်သုးံ မျိုးဖွင့်ပြထား ပါတယ်။ 
ဒါကြောင့်- (၁) အကြောင်းအမျိုးမျိုးကို ဟောတော်မူသောကျမ်းဖြစ်၍ ပဌာန်း။
              (၂) ကုသိုလ်စသော တရားတိုကို ၂၄ ပစ္စည်းတို့ဖြင့် ဝေဖန်ထားသောကျမ်းဖြစ်၍ ပဌာန်း။
           (၃)သဗ္ဗညုတဥာဏ်၏ လွတ်လွတ်လပ်လပ် ကျက်စားသွားလာရာကျမ်းဖြစ်၍ ပဌာန်းဟု ခေါ်ဆိုခြင်းဖြစ်ပါတယ်။  ၂၄ ပဌာန်းဒေသနာတော်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာတော့ 

ဟေတုပစ္စယော - အကုသိုလ်ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား။
အာရမ္မဏပစ္စယော-မျက်စိနှင့်နားသည် နိဗ္ဗာန်သို့မျက်မှောက်ပြူရပါစေသား။

အဓိပတိပစ္စယော - ရုပ်၊ နာမ်နှစ်ပါးတို့ကို စောင့်ရှောက်ထိန်းသိမ်းနိုင်ရပါစေသား။
အနန္တရပစ္စယော - များစွာသော ကုသိုလ်တရားတို့ကို မျက်မှောက်ပြူရပါစေသား။
သမနန္တရပစ္စယော - ရုပ်နှင့်နာမ် အတူရှိသောတရားတို့ကို မျက်မှောက်ပြူရပါစေသား။
သဟဇာတပစ္စယော - ရုပ်,ရုပ်ချင်း၊ နာမ်,နာမ်ချင်း ထင်ရှားစွာ သိရပါစေသား။
အညမညပစ္စယော - ရုပ်မှနာမ်သို့၊ နာမ်မှရုပ်သို့ပြောင်းလဲ၍ သိရပါစေသား။
နိဿယပစ္စယော - ရုပ်နာမ်နှစ်ပါးတို့၏ တည်နေရာကိုသိရပါစေသား။
ဥပနိဿယပစ္စယော - ရတနာသုံးပါးကို ဦးထိပ်ထားရပါစေသား။
ပုရေဇာတပစ္စယော - ရှေးကဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသား။
ပစ္ဆာဇာတပစ္စယော - နောက်မှဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသား။
အာသေ၀နပစ္စယော - လိုရာဆန္ဒမရှိအောင် ပြည့်စုံရပါစေသား။
ကမ္မပစ္စယော - ကံသုံးပါးကို ထိန်းသိမ်းနိုင်ရပါစေသား။
ဝိပါကပစ္စယော - ၀ဋ်ကြွေးသုံးသွယ်ကို ပယ်ဖျက်ရပါစေသား။
အာဟာရပစ္စယော - လိုရာဆန္ဒကို ပြည့်စုံစွာ ထောက်ပံ့ နိုင်ရပါစေသား။
ဣန္ဒြိယပစ္စယော - နာမ်ရုပ်ကို ထိန်းသိမ်းတတ်သော ပညာနှင့် ပြည့်စုံရပါစေသား။
ဈာနပစ္စယော - သူတော်ကောင်းတရား (ရ)ပါး၊ ဉာဏ်စဉ် (၅)ပါးနှင့် ပြည့်စုံရပါစေသား။
မဂ္ဂပစ္စယော - ဘာဝနာ (၂)ပါး အပေါင်းကို အာရုံပြု၍ အထွဋ်အထိပ် ပညာကိုရ, ရပါစေသား။
သမ္ပယုတ္တပစ္စယော - သူတော်ကောင်းတို့နှင့်ပေါင်း၍ (ရ)ဖြာသော တရားနှင့် ယှဉ်တွဲရပါစေသား။
ဝိပယုတ္တပစ္စယော - သူယုတ်မာနှင့်ဝေး၍ အကုသိုလ် ကင်းရှင်းရပါစေသား။
အတ္တိပစ္စယော - သမုတိနယ်၏ အရှိကို ဟုတ်မှန်စွာ သိရပါစေသား။
နတ္တိပစ္စယော - ပရမတ္တမရှိတရား၏ အသိကို မျက်မှောက်ပြုရပါစေသား။
ဝိဂတပစ္စယော - ရှေး၌ ပွင့်ပြီးကုန်သောဘုရားတို့ကို ရှိခိုးရပါစေသား။
အ၀ိဂတပစ္စယော - ပွင့်လတ္တံ.သော ဘုရားတို့ကို ရှိခိုးရပါစေသား။

၂၄- ပစ္စည်း ပဌာန်း ဒေသနာတော်ကို ရွတ်ဖတ်သောအားဖြင့် မျက်မှောက်ချက်ချင်း အခါမလင့် အောက်ပါကောင်းကျိုးတရားများကို ရရှိနိုင်ပါတယ်။
(၁) ရင်ဆိုင်ကြုံတွေ့နေရသည့် ဘေးအန္တရာယ် အသွယ်သွယ်တို့ကို လွန်မြောက်နိုင်ခြင်း ။
(၂) ကျရောက်လတ္တံသော ဘေးအန္တရာယ်တို့မှ ကင်းလွတ်နိုင်ခြင်း ။
(၃) အပြစ်ကင်း၍ ကောင်းကျိုးပွါးသည့် ဆောင်ရွက်ချက်ကိစ္စအ၀၀တို့ကို ပြီးစီးအောင်မြင်နိုင်ခြင်း။
(၄)  အပြစ်ရှိ၍ မကောင်းကျိုးဖြစ်စေမည့် ကျုးလွန်ခြင်းတို့မှ ရှောင်လွဲနိုင်ခြင်း ။
(၅)  အချုပ်အားဖြင့် ဆောင်ရွက်သမျှကောင်းမြတ်သည့် ကိစ္စခပ်သိမ်းတို့ကို ပြီးစီးအောင်မြင်နိုင်ခြင်း။
(၆) အဆုးံစွန်သောဘ၀၌ နိဗ္ဗာန်ကို   မျက်မှောက်ပြုရခြင်း စသည့်အကျိုးတရားတို့ကို ရရှိနိုင်ပါတယ်။  သို့ဖြစ်ပါသောကြောင့် “ ကောင်းရာမြတ်နိုး၊ ကောင်းအောင်ကြိုးပမ်း” နေသူတို့အတွက် ကောင်းကျိုးတွေဖြိုးဝေအောင် တန်ခိုးရှိန်စော် အာနုဘော်တို့ တိုးစေသည့် ၂၄-ပစ္စည်း ပဌာန်းဒေသနာတော်ကို နေ့ညမပြတ် ရွတ်ဖတ် သရဇ္ဈာယ်သင့်ပါတယ်။ ထို့ကြောင့် ဖြူစင်ကောင်းမြတ်သည့် ဗုဒ္ဓဘာသာဝင်သူတော်ကောင်းတို့သည် မိမိတို့မျှော်မှန်းသော ကောင်းမြတ်သည့် ကောင်းကျိုးမှန်သမျှကို ရရှိနိုင်ကြစေရန် ရည်သန်၍ ၂၄-ပစ္စည်း ပဌာန်းဒေသနာတော်နှင့် တကွ အဓိပ္ပါယ်ကို ဓမ္မဒါန အဖြစ် ရေးသားပူဇော်လိုက်ပါတယ်။  ဓမ္မပူဇာ အခါမလပ် ထက်ကြပ်မကွာ ပြုနိုင်ကြပါစေ။. . . ……..

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ၊
အလှူ မှန်သမျှတွင်  တရားအလှူသည် အမြတ်ဆုးံ ၊
Dhamma- gift excels all other gifts.

                                               အရှင် စန္ဒိမာ(ဓမ္မလရိပ်) 

Friday, August 31, 2012

သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတော် Thirty Eight Mingala


1. Not to associate with the fools.
အသေ၀နာစ ဗလာနံ၊ လူမိုက်ကို ရှောင်ပါ။
2. But to associate with the wise.
ပဏ္ဍိတာ နဉ္စသေ၀နာ၊ ပညာရှိကို ဆည်းကပ်ပါ။
3. And to worship those who r worthy of worship.
ပူဇာစ ပူဇ နေယျာနံ၊ ပူဇော်ထိုက်သူကို ပူဇော်ပါ.။
4. To live in a suitable country .
ပဋိရူပ ဒေသ ၀ါသောစ၊ သင့်တော်လျှောက်ပတ်သော အရပ်ဒေသမှာ နေထိုင်ပါ။
5. To possess merits from former lives.
ပုဗ္ပေစ ကတပုညတာ၊ ရှေးက ပြုခဲ့ ဖူးသောကောင်းမှုရှိခဲ့ပါ။
6. To make correct vows.
အတ္တသမ္မာ ပဏီဓိစ၊ မကောင်းမှုမပြုမိအောင် မိမိကိုယ်ကို ကောင်းစွာထိမ်းသိန်းပါ။

Monday, August 27, 2012

စောင့်ထိန်းသီလ မြတ်ဓမ္မ (၃)



"ဥပုသ်"ဆိုတဲ့ ဝေါဟာရ စကားလုးံဟာ ''ဥပေါသထ'' ဟူသော ပါဠိစကားမှ ဆင်းသက်လာသော စကားဖြစ်ပါတယ်။
ဥပ  = သူ့အသက် မသတ်ခြင်းစသော အကျင့်ကောင်းနှင့် ပြည့်စုံ၍
ဝသထ  = နေခြင်း.
 သူ့အသက် မသတ်ခြင်းစသော အကျင့်ကောင်းများနှင့် ပြည့်စုံစေရန် စောင့်ထိန်းနေထိုင်ရခြင်းဟာ ''ဥပုသ်သီလ'' မည်ပါတယ်။
''သူတစ်ပါးအသက်ကို  သတ်ခြင်းမှ ရှောင်ကြည်ပါ၏'' စသော ရှစ်ပါးသီလကို ခံယူဆောက်တည်၍ ဘုရားဂုဏ်တော်ကိုဖြစ်စေ၊ တရားဂုဏ်တော်ကိုဖြစ်စေ၊ သံဃာဂုဏ်တော်ကိုဖြစ်စေ၊ မိမိ၏ ဥပုသ်သီလ စင်ကြယ်ပုံကိုဖြစ်စေ၊ တစ်ခုခုကို အာရုံပြု ပွားများ၍ စိတ်စင်ကြယ်အောင်စောင့်ထိန်း နေထိုင်ခြင်းကို ''ဥပုသ်စောင့်'' သည်ဟု ခေါ်ပါတယ်။

Friday, August 3, 2012

ကံ


ကံဆိုတာ “ကမ္မ” ဆိုတဲ့ ပါဠိ စကားလုးံတစ်လုးံဖြစ်ပါတယ်။  လောကမှာလူတွေဟာ ကံ …. ကံ လို့ ပြောနေကြပါတယ်။ ဒီတော့ ကံ ဆိုတာဘာလဲ?။  ကံဆိုတာ အလုပ်လုပ်ခြင်းကို ခေါ်ပါတယ်။ (တစ်နည်းအားဖြင့်) ကောင်းတဲ့အလုပ် ၊ လိုလားနှစ်သက်ဖွယ်အလုပ်၊  မကောင်းတဲ့အလုပ်၊ မလိုလား မနှစ်သက်ဖွယ်   အလုပ်များကို ပြုလုပ်တဲ့စိတ်ကို “ ကမ္မ-ကံ ” လို့ ခေါ်ပါတယ်။
ကောင်းတဲ့အလုပ်ကို ပြုလိုက်တဲ့အခါ  ကောင်းတဲ့ကံ ဖြစ်ပေါ်လာပြီး ၊ မကောင်းတဲ့ အလုပ်ကို  လုပ်တဲ့အခါ  မကောင်းတဲ့ကံ ဆိုတာ ဖြစ်ပေါ်လာတတ်ပါတယ်။ 
“နဟိဓမ္မော အဓမ္မောစ ၊ ဥဘောသမ ၀ိပါကိနော၊ အဓမ္မော နိရယံ နေတိ၊ ဓမ္မောပါပေတိ  သုဂ္ဂတိံ” လို့ ရှင်တော်ဘုရား ဟောကြားတော် မူခဲ့တဲ့အတိုင်း  ကောင်းတဲ့အလုပ်ကို လုပ်တဲ့သူကတော့ ကံကောင်းခြင်းဟုဆိုအပ်တော ကောင်းကျိုးတရားတွေကို ခံစားရပါလိမ့်မယ်။  မကောင်းတဲ့အလုပ်ကို လုပ်တဲ့သူတွေကတော့ ကံဆိုးခြင်းဟုဆိုအပ်သော မကောင်းတဲ့အကျိုး တရားတွေကို ခံစားရပါလိမ့်မယ်။ 
ဒီကံဆိုတဲ့တရားဟာ အကျိုးပေးတတ်တဲ့အရာတစ်ခုပါ။  လူတွေအားလုးံဟာ ကံကို စီမံ ဖန်တီးသူများ ဖြစ်ကြတဲ့အလျောက် ဖြစ်ပေါ်လာမဲ့ အကျိုးတရားတွေကို ဖန်တီးသူများဖြစ်တယ်ဆိုတာ သေချာပါတယ်။ မိမိဘ၀ကို လှပအောင်၊ အရုပ်ဆိုးအောင် မိမိကိုယ်တိုင်သာ ဖန်တီးနေသည်ဖြစ်၍ မိမိရဲ့စိတ်ကူး၊ မိမိရဲ့စေတနာနဲ့ မိမိရဲ့လုပ်ရပ်က မိမိရဲ့ဘ၀ကို ပုံဖော်သွားပါလိမ့်မည် ဒါကြောင့် မိမိဘ၀ရဲ့ အနာဂါတ်ကို စီမံဖန်တီးသူအရှင်သခင်ဟာ မိမိမှ တစ်ပါး  အခြားသူ မဖြစ်နိုင်ပါဘူး ။ မိမိတို့ရဲ့ အနာဂါတ်ဘ၀ကို မိမိတို့ ပုံလောင်းနိုင်ကြပါတယ်။ လှပတဲ့ ဘ၀ကိုလည်း ပုံဖော်နိုင်သလို အရုပ်ဆိုး အကျဉ်းတန်တဲ့ဘ၀ကိုလည်း ပုံဖော်နိုင်ပါတယ်။ မိမိတို့ရဲ့  အနာဂါတ်လှပ ကောင်းမွန်ဖို့ဘဲဖြစ်ဖြစ်၊ ဆိုးဖို့ဘဲဖြစ်ဖြစ် ကိုယ်တစ်ဦးတည်းကသာ စီမံဖန်တီး နိုင်ပါတယ်။

ကောင်းတဲ့အလုပ်ကို  လုပ်တဲ့သူနဲ့ မကောင်းတဲ့ အလုပ်ကို လုပ်တဲ့သူဟာ ယခုပစ္စုပ္ပန် ဘ၀မှာရော နောင်တမလွန်ဘ၀မှာပါ အကျိုးပေးပုံချင်း လုးံဝ တူညီမူတွေမရှိနိုင်ပါဘူး ။   ကောင်းတဲ့ အလုပ်ကို လုပ်တဲ့သူဟာ ဒီဘ၀မှာလည်း အစစအရာရာ လုပ်ငန်းတွေမှာလည်း အဆင်ပြေတယ်၊ ဘာပဲလုပ်လုပ် ကံကောင်းတယ် အောင်မြင်မူရတယ်၊ လူယုံကြည်မူ လေးစားမူ ချစ်ခင်မူတွေကို ရတယ်၊  နောင်တမလွန်ဘ၀မှာလည်း ကောင်းတဲ့ဘုံဘ၀ ဘုံဌာနတွေဖြစ်တဲ့ သုဂတိ ဘုံဌာနဟုဆိုအပ်သော လူ့ဘုံ၊ နတ်ဘ၊ုံ ဗြဟ္မာဘုံ တွေကို ရောက်ရှိနိုင်ပါတယ်။  မကောင်းတဲ့ အလုပ်ကို လုပ်တဲ့သူဟာ ဒီဘ၀မှာလည်း  ဘာပဲလုပ်လုပ် အဆင်မပြေနိုင်သလို. ဘာပဲလုပ်လုပ် ကံဆိုးတယ်၊ အောင်မြင်မူတွေနဲ့ဝေးတယ်၊ လူယုံကြည်မူ လေးစားမူ ချစ်ခင်မူတွေကိုလည်း မရနိုင်ပါဘူး ။  နောင်တမလွန်ဘ၀မှာလည်း အလွန်တရာမှ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသော မကောင်းတဲ့ဘုံဘ၀ ဘုံဌာနတွေဖြစ်တဲ့ ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊  အသူရကာယ် ဟုဆိုအပ်သော အပါယ်လေးဘုံကို ဧကန်မုချ သွားရ ရောက်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ရခဲ့လှသောလူ့ဘ၀မှာ ကံတရားတွေကောင်းအောင် _ ကောင်းတဲ့ ကုသိုလ်ကံတရားတွေကို လုပ်နိုင်အောင်ကြိုးစားကြပါ ။ မကောင်းတဲ့ အကုသိုလ်ကံ တရားတွေကို မလုပ်မိအောင် ရှောင်ကြည်ကြပါလို့……တိုက်တွန်း ဆန္ဒပြုရင်း ………………….အားလုးံ လောကလူသားတွေအားလုးံ ကံကောင်းနိုင်ကြပါစေ။
              
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ၊
အလှူ မှန်သမျှတွင်  တရားအလှူသည် အမြတ်ဆုးံ ၊
Dhamma- gift excels all other gifts.

                                                          အရှင် စန္ဒိမာ(ဓမ္မလရိပ်)

Wednesday, August 1, 2012

နေ၀င်လထွက် ဓမ္မစက် (၀ါဆိုလပြည့်နေ့)



ဘုရားဖြစ်ကာ၊ မိဂဒါသို့၊ စကြာရွှေဖ၀ါး၊ ဖြန့်ချီသွား၍၊ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊  နတ်ဗြဟ္မာအား၊ "၀ါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့ လျှံတက်၊ ဓမ္မစက်ကို" မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည် ရွှမ်းတယ်ကို....။
               ဝါဆိုလပြည့်နေ့ဆိုတာ ဗုဒ္ဓဘာသာတို့အတွက် နေ့ထူးနေ့မြတ် ဓမ္မစကြာ အခါတော်နေ့ ဖြစ်ပါတယ်။       ဘာကြောင့််လဲဆိုတော့ မဟာသက္ကရာဇ်     ၁၀၃-ခု ဝါဆိုလပြည့် စနေနေ့မှာ နေ၀င်လထွက် ဓမ္မစက်  ဆိုတဲ့ အတိုင်း နေ၀င် လအထွက်ချိန်တွင် ဗာရာဏသီပြည် အနီးရှိ  သားသမင်တို့ ဘေးမဲ့ပေးရာ မိဂဒါဝုန် ဥယျာဉ်တောတွင် သုံးလူ့ထွဋ်ထား ဂေါတမမြတ်စွာဘုရားသည် အစ၏ကောင်းခြင်း၊ အလယ်၏ ကောင်းခြင်း၊ အဆုးံ၏ ကောင်းခြင်းသဘောရှိသော ဓမ္မသစ္စာလမ်းစဉ်ခေါ်  “ဘိက္ခူနံ ပဉ္စဝဂ္ဂီနံ” အစရှိသော သစ္စာလေးပါး ဓမ္မစကြာတရားထူး တရားမြတ်ကို  ပဉ္စ၀ဂ္ဂီငါးဦးဖြစ်တဲ့ အရှင်ကောဏ္ဍည၊ အရှင်ဝပ္ပ၊ အရှင်ဘဒ္ဒိယ၊ အရှင်မဟာနာမ်နှင့် အရှင်အဿဇိတို့အား ဟောကြားတော်မူခဲ့တဲ့နေ့ဖြစ်လို့ပါ ။  
ဒီဓမ္မစကြာတရားတော်ထဲမှာ အနှစ်သာရအားဖြင့် အချက် ၃ ချက် ပါဝင်တာကိုတွေ့ရှိမှတ်သားရပါတယ်။        (၁) ရှောင်ရန် အစွန်းနှစ်ပါး၊ (၂) ကျင့်ကြံရန် အလယ်လမ်း၊ (၃) ထိုးထွင်းသိမြင်ရန် သစ္စာလေးပါးတရားတို့ပဲ ဖြစ်ပါတယ်။
ရှောင်ရန်အစွန်းနှစ်ပါးဆိုတာကတော့……..
(၁)ကာမဂုဏ်များနှင့်ပျော်ပါးခြင်းဟူသောအစွန်းရောက်အကျင့်များ    (၂)မိမိကိုယ်ကိုနှိပ်စက်ညှည်းပန်းခြင်းဟူသောအစွန်းရောက်အကျင့်များတို့ဖြစ်ပါတယ်။
ကျင့်ကြံရန် အလယ်လမ်းဆိုတာက ……….
ကိုယ်နှုတ်နှစ်ပါးအား လွန်ကျူးမှုမရှိအောင်ထိန်းသော ကိုယ်နှုတ်စည်းကမ်း - သီလ
စိတ်သောင်းကျန်းမှု၊ လွန်ကျူးမှု၊ ပြစ်မှားမှုတို့အား ထိန်းသည့် စိတ်စည်းကမ်း - သမာဓိ
စိတ်အတွင်းပိုင်းအထိ အမြစ်တွယ်ကပ်နေသော ကိလေသာအညစ်အကြေးများဆေးကြော သန့်စင်သည့် နည်းလမ်း - ပညာ ဟူသောအနှစ်သာရ သုံးခုနှင့်နည်းလမ်း ရှစ်ခုပါဝင်ပါတယ်။
ထိုးထွင်းသိမြင်ရန် သစ္စာအမှန်တရားလေးပါးဆိုတာက ……..
(၁) ခန္ဓာငါးပါး၊ ရုပ်နာမ်နှစ်ပါးသည် ဆင်းရဲခြင်းအမှန် - ဒုက္ခသစ္စာ
(၂) တဏှာသည် ဆင်းရဲကြောင်းအမှန် - သမုဒယသစ္စာ
(၃) ထိုတဏှာချုပ်ခြင်းသည် ဒုက္ခချုပ်ငြိမ်းကြောင်းအမှန် - နိရောဓသစ္စာ
(၄) မဂ္ဂင်ရှစ်ပါး အကျင့်တရားတို့သည် နိရောဓသို့ရောက်ကြောင်းအမှန် - မဂ္ဂသစ္စာ
မဂ္ဂင်ရှစ်ပါး (The Noble Eightfold Path) ဆိုသည်မှာ
(၁) သမ္မာဒိဋ္ဌိ - မှန်စွာသိမြင်မှု (The Right Understanding)
အရှိကို အရှိအတိုင်းသိ၍ ငါစွဲပျောက်သည့်အမြင်သည် အမြင်မှန်အားလုံး၏ အခြေခံ ဖြစ်ပါတယ်။
(၂) သမ္မာသင်္ကပ္ပ - မှန်စွာကြံစည်မှု (The Right Thinking)
ငါ့အတွက် မကြံ၊ ကောင်းကျိုးသယ်ပိုးရန်၊ ဆင်းရဲသူတို့အား ကူညီစောင့်ရှောက်ရန် ကြံစည်ခြင်းသည် မှန်သောအကြံ ဖြစ်ပါတယ်။
(၃) သမ္မာဝါစာ - မှန်စွာပြောဆိုခြင်း (The Right Speech)
မှန်ကန်၊ ရိုးသား၊ ယဉ်ကျေး၍ ညီညွတ်မှုကိုအားပေးသော၊ အများလက်ခံနိုင်သောစကားအား ပြောခြင်းသည် မှန်စွာပြောခြင်း မည်ပါတယ်။
(၄) သမ္မာကမ္မန္တ- မှန်စွာလုပ်ဆောင်ခြင်း (The Right Action)
သူတစ်ပါး၏ အသက်အိုးအိမ်အား ကာကွယ်စောင့်ရှောက်ခြင်း၊ သူတစ်ပါးကြီးပွားတိုးတက်ရေးအား ပြုခြင်း၊ ကိလေသာ ကာမဂုဏ်တို့အား လူမှုကျင့်ဝတ်တို့ဖြင့် စနစ်တကျ ထိန်းသိမ်းထားခြင်းတို့သည် မှန်ကန်သော ကိုယ်အမူအရာ ဖြစ်ပါတယ်။
(၅) သမ္မာအာဇီဝ - မှန်စွာအသက်မွေးခြင်း (The Right Livelihood)
သူ့အသက်အား သတ်ဖြတ်ညှင်းပန်းခြင်း၊ အဆိပ်လက်နက်၊ အသားစားသတ္တ၀ါ၊ မူးယစ်ဆေးဝါး အရောင်းအ၀ယ်ပြုခြင်းဟူသော မမှန်ကန်သည့် အသက်မွေးခြင်းများအား ရှောင်ကြဉ်ခြင်းသည် မှန်စွာအသက်မွေးခြင်း မည်ပါတယ်။
(၆) သမ္မာဝါယာမ - မှန်စွာအားထုတ်ခြင်း (The Right Effort)
မဖြစ်သေးသည့် ကိလေသာများအား မဖြစ်လာစေရန်၊ ရှိနေသော ကိလေသာ အကျင့်ဆိုးများအား အကြွင်းမဲ့ ပယ်ရှားနိုင်ရန် ကြိုးစား အားထုတ်ခြင်းသည် မှန်သောအားထုတ်ခြင်း ဖြစ်ပါတယ်။
(၇) သမ္မာသတိ - မှန်စွာမှတ်ရှုခြင်း (The Right Mindfulness)
ကိလေသာရန်သူနှင့် ဒုစရိုက်အကျင့်ဆိုးများ ကိုယ်နှုတ်စိတ်အမှုအရာများသို့ မ၀င်လာစေရန် ကာကွယ်စောင့်ကြည့်ထားခြင်းသည် မှန်စွာ မှတ်ရှုခြင်း ဖြစ်ပါတယ်။
(၈) သမ္မာသမာဓိ - မှန်စွာတည်ကြည်ခြင်း (The Right Concentration)
တောမျောက်ကဲ့သို့ ပရမ်းပတာ ပြန့်ကျဲပြေးလွှားနေသည့်စိတ်အား တည်ငြိမ်စေရန် အာရုံကောင်းတစ်ခုအပေါ်တွင် စည်းကမ်းတကျ ထိန်းထားနိုင်ခြင်းသည် မှန်ကန်စွာတည်ကြည်ခြင်းဖြစ်ပါတယ်။
သီလ၊ သမာဓိနှင့် ပညာဟူသော မဇ္ဈိမပဋိပဒါအလယ်လမ်း၏ အနှစ်သာရသုံးပါးနှင့် မဂ္ဂင်ရှစ်ပါးတို့အကြား ဆက်စပ်နေတာကတော့…….
သမ္မာဒိဋ္ဌိနှင့် သမ္မာသင်္ကပ္ပတို့ဟာ ပညာမည်ပါတယ်။ သမ္မ၀ါစာ၊ သမ္မာကမ္မန္တနှင့် သမ္မာအာဇီဝတို့ကတော့  သီလပင်ဖြစ်ပြီး သမ္မာဝါယာမ၊ သမ္မာသတိနှင့် သမ္မာသမာဓိတို့ကတော့ သမာဓိတရားများ ဖြစ်ပါတယ်။
ဒီမဂ္ဂင်ရှစ်ပါး မဂ္ဂသစ္စာတရားတော်တွေဟာ သီလ၊ သမာဓိ၊ ပညာတရားများဖြစ်ကြပြီး ထိုအလယ်လမ်း အကျင့်မြတ်အား လက်တွေ့ကျင့်ကြံခြင်း အားထုတ်ခြင်း  လိုက်နာခြင်းဖြင့် ဒုက္ခသစ္စာအား ထိုးထွင်းသိမြင်ပြီး ၊ သမုဒယသစ္စာအား ပယ်ရှားကာ  နိရောဓသစ္စာ နိဗ္ဗာန်သို့ အမှန်ပင်ဆိုက်ရောက်  မျက်မှောက်ပြုနိုင်ကြပါစေလို့ ...............
                                                          

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ၊
အလှူ မှန်သမျှတွင်  တရားအလှူသည် အမြတ်ဆုးံ ၊
Dhamma- gift excels all other gifts.

                                                          အရှင် စန္ဒိမာ(ဓမ္မလရိပ်)