![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq2Dc9x_fH0l6qm6GyVaF7JMDErrHYO1qjE4C25LuhsWXvuz-8oXPttjeLakJxvLS3XJCUKp6efgunjM8a1pvHwvliG_f7RbIO6KB7m70MEdlvvS1o2hI7BkhNKXUqpi5Y6hqSgI43Z_vv/s320/4e2c0412ec3b8149e837d64d00ab27ab.gif)
ဗောဓိမင်းသားဇနီးမောင်နှံတို့သည် တနေ့ ဘုရာရှင်အား ပင့်ပြီးဆွမ်းကျွေးရန်စိတ်တူ ကိုယ်တူ တိုင်ပင်ကြလေသည် ။ အေးဒီအတိုင်းဘဲ စီစဉ်ကြရင်း လမ်းတွင် ပုဆိုးခင်းပြီး အကယ်၍ ခင်းထားသောပုဆိုးကို ဘုရား၇ှင် နင်းသွားပါက သားသမီးရအံ့ဟု နှလုးံသွင်းထားကြပါသည်။
သို့သော် ဘုရားရှင်က မနင်းသဖြင့် ခင်းထားသောပုဆိုးကို ဘာကြောင့် မနင်းပါသနည်း ဟု မင်းသားက မေးလျှောက်သည့်အခါ..... ဘုရား၇ှင်က မင်းသားကို ပြန်၍ မည်သည့်ရည်ရွယ်ချက်ဖြင့် ပုဆိုးကို ခင်းထားသနည်းဟု ပြန်မေးခဲ့ပါတယ်။
မင်းသားက သားသမီးရအံ့ပါက ဘုရား၇ှင် ပုဆိုးကို နင်းသွားပါစေ ဟု ဆန္ဒပြုထားပါကြောင်း ပြန်လျှောက်ခဲ့ပါသည်။ ထိုအကြောင်းကြောင့် ပုဆိုးကို ငါမနင်းကြောင်း ဘုရားရှင်က ပြောပြီး အတိတ် အကြောင်းဇာတ်လမ်းကို ဟောပြောခဲ့ပါသည်။
ရှေးဘ၀ တစ်ခုက သင်တို့လင်မယား ခ၇ီး အတူသွားစဉ် သင်္ဘောပျက်၍ ကံအားလျှော်စွာ ကျွန်းပေါ်ရောက်ပြီး စားစရာမရှိသဖြင့် ကြက်ဥ၊ ငှက်ဥ၊ တို့ကို အသိုက်ဖျက်ပြီး စားသောက်ခဲ့သော အကုသိုလ်ကံအလှည့်ကြောင့် ဤဘ၀တွင် သား သမီးရရန်အကြောင်းမမြင်သဖြင့်ငါမနင်းကြောင်း ဓမ္မအနေဖြင့်ဟောကြားခဲ့ပါသည်။ ထို့ကြောင့် အနန္တဂုဏ်အင် မြတ်ဗုဒ္ဓသည်ပင် သားသမီး ရစေ မရစေဟုနှလုးံသွင်း ဖန်ဆင်းခြင်း မဟုတ်ကြောင်းမိမိတို့၏ ကံကုသိုလ်၊ အကုသိုလ် အလျှောက်သာ ဖြစ်ကြရမည်ကြောင်းကို ဓမ္မလရိပ်မှ ဓမ္မဒါန ပြုပါသည်။
အရှင်စန္ဒိမာ( ဓမ္မလရိပ်)