*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****သစ်ပင်အရိပ် ဆွေမျိုးရိပ်နှင့် မိရိပ်ဘရိပ် ဆရာရိပ်ထက် မင်းရိပ်သည်သာ ဆင့်ဆင့်သာ၏။ ထိုမှတစ်ဖြာ မြတ်စွာဟောကြား တရားဆာယာ အရိပ်မှာကား လွန်စွာအေးမြ ချမ်းသာရ၍ မှီကြခိုသူ များဗိုလ်လူတို့ အပူခပ်သိမ်း ပ,ပျောက်ငြိမ်း၏ ။*****

Sunday, July 29, 2012

ဝါဆိုသင်္ကန်း နှင့် မြတ်လမ်းကိုတဲ့ ဆုပန်ခြွေ


              ဝါဆိုသင်္ကန်းဆိုသည်မှာ ဝါဆိုခါနီးကပ်ပြီး လှူဒါန်းသည့် သင်္ကန်းကိုဖြစ်စေ၊ ဝါတွင်းကာလမှာတွင်ဖြစ်စေ လှူဒါန်းသည့်သင်္ကန်းကို ဝါဆိုသင်္ကန်းဟုခေါ်ပါတယ်။ ကာလ ဒါနသင်္ကန်းဟုလည်း ခေါ်နိုင်ပါသေးတယ်။
မြန်မာလို ၀ါဆိုသင်္ကန်းလို့ဆိုပြီး လှူဒါန်းလေ့ရှိတဲ့ သင်္ကန်းကို ဘုရားရှင် ဟောကြားတဲ့ ပါဠိတော်များမှာ ၀ဿာဝါသိက စီဝရ-လို့ ဖတ်ရူလေ့လာမှတ်သားရပါတယ်။ တိုက်ရိုက်မြန်မာပြန်ရင်တော့ မိုးရေခံသင်္ကန်းလို့ အဓိပ္ပါယ်ရပါတယ်။ ဝိသာခါ ဒါယိကာမကြီးရဲ့ တောင်းဆိုချက်ကြောင့် မြတ် စွာဘုရားရှင်က ဒီဝါဆို သင်္ကန်းလှူဒါန်းမှုကို ခွင့်ပြုတော်မူခဲ့ပါတယ်။  

Saturday, July 28, 2012

နှိုင်းတုစရာမရှိသောဘုရားရှင်၏ ဂုဏ်တော် (၉) ပါး


(၁) အရဟံ-ကိလေသာကင်း၍ ပူဇော်အထူးကို ခံထိုက်သော မြတ်စွာဘုရား။
(၂) သမ္မာသမ္ဗုဒ္ဓေါ-သစ္စာလေးပါးတရားကို ဆရာမရှိ ကိုယ်တော်တိုင် သိတော်မူသော မြတ်စွာဘုရား။
(၃) ၀ိဇ္ဇာစရဏသမ္ပန္နော-အသိနှင့်အကျင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

မိထွေးတော်ဂေါတမီပြောပြခဲ့သော ရဟန်းမယ်တော်ဘဝ



             မိမိ၏ရင်၌ဖြစ်သောသားကိုဖြစ်စေ၊ သူတစ်ပါးရင်၌ဖြစ်သောကိတ္တိမသားကိုဖြစ်စေ သာမဏေဘ၀မှ   မြင့်မြတ်သောရဟန်းအဖြစ်သို့ ရောက်ရှိအောင် ထောပ်ပံ့ချီးမြှောက်ပေးသော, ရဟန်းများအပေါ် ပစ္စည်းလေးပါးဖြင့် ထောက်ပံ့လှူဒါန်း၍ ပုနောပသမ္ပဒသိက္ခာထပ်မင်္ဂလာ ပြုလုပ်ပေးသော အမျိုးသမီးများကို ရဟန်းမယ်တော် ,ရဟန်းဒါယိကာမ, ရဟန်းအမ ဟုခေါ်ဝေါ်ကြပါတယ်။  

Friday, July 27, 2012

နိဗ္ဗာန်......

           ဘုရားရှင် လက်ထက်တော်အခါက ပုဏ္ဏားကြီးတစ်ယောက်ဟာ ဘုရားရှင်အား ..  နိဗ္ဗာန်အကြောင်းနဲ့ ပါတ်သက်လို့
(၁)  အရှင် ဂေါ တမ၊ နိဗ္ဗာန်ဆိုတာ ရှိပါသလား။       (ပုဏ္ဏား)
ရှိပါတယ် ပုဏ္ဏားကြီး။ (ဗုဒ္ဓ)
(၂) အရှင်က နိဗ္ဗာန်ရှိတဲ့နေရာကိုကော သိပါသလား။ (ပုဏ္ဏား)
သိပါတယ် ပုဏ္ဏားကြီး။ (ဗုဒ္ဓ)

Wednesday, July 25, 2012

သတ္တ၀ါတို့ကို လောင်ကျွမ်းပျက်စီး ဆင်းရဲစေတတ်သော တရား (၁၁) ပါး

(၁) ရာဂမီး (လောဘမီး) - တပ်နှစ်သက်ရသဖြင့် ပူလောင်ခြင်း။
(၂) ဒေါသမီး - အမျက်ထွက်၊ စိတ်ဆိုးရသဖြင့် ပူလောင်ခြင်း။
(၃) မောဟမီး - အဟုတ်အမှန်ကို မမြင်မသိရသဖြင့် ပူလောင်ခြင်း။