*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****သစ်ပင်အရိပ် ဆွေမျိုးရိပ်နှင့် မိရိပ်ဘရိပ် ဆရာရိပ်ထက် မင်းရိပ်သည်သာ ဆင့်ဆင့်သာ၏။ ထိုမှတစ်ဖြာ မြတ်စွာဟောကြား တရားဆာယာ အရိပ်မှာကား လွန်စွာအေးမြ ချမ်းသာရ၍ မှီကြခိုသူ များဗိုလ်လူတို့ အပူခပ်သိမ်း ပ,ပျောက်ငြိမ်း၏ ။*****

Tuesday, April 17, 2012

မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ

မင်္ဂလာ အပေါင်းပြည့်စုံ၍ ဘ၀အမောများ ကင်းစင်ကာ   ကိုယ် စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာ၍ မင်္ဂလာရှိသော  မြန်မာ နှစ်သစ် နှစ်ကောင်း နှစ်မြတ်အဖြစ် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုးံ ရပ်တည် ပိုင်ဆိုင်နိုင်ကြပါစေ။ ။  ။ 17-4-2012

Friday, April 13, 2012

မွေးနေ့အတွက် အကောင်းဆုံးသော လက်ဆောင်ပေးကြရာဝယ်

-->
                                   April,14,1981 အင်္ဂါနေ့ ဖွားမိမိအတွက် တစ်နှစ်တစ်ကြိမ်မွေးနေ့ဟာ ရောက်ရှိလာပါတော့တယ်။ မွေးနေ့ဆိုတာဟာ အတိတ်က  အဝိဇ္ဇာ ဦးဆောင်၍ ပြုလုပ်ခဲ့သည့် သင်္ခါရရဲ့ အကျိုးပေးနေ့ တစ်နေ့ပါ။ (တစ်နည်းအားဖြင့်) မွေးနေ့ဆိုတာ လူတစ်ဦးတစ်ယောက်အတွက် လူ့လောကလူ့ဘ၀ထဲကို ရောက်ရှိလာတဲ့ အထိမ်းအမှတ်နေ့လို့ဆိုရင်လည်း မှားမယ်မထင်ပါဘူး ။

Tuesday, April 10, 2012

နှစ်သစ်မင်္ဂလာ ဆုတောင်း



ဒိဝါ တပတိ အာဒိစ္စော၊
ရတ္တိမာ ဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊
ဈာယီ တပတိ ဗြဟ္မဏော။
အထ သဗ္ဗ မဟောရတ္တိံ၊
ဗုဒ္ဓေါ တပတိ တေဇသာ။ 
 တာဒိသံ တေဇ သမ္ပန္နံ၊
ဗုဒ္ဓံ ၀န္ဒာမိ  အာဒရံ။
ဧတေန သစ္စဝဇ္ဇေန
သုခိတာ ဟောန္တု သာရဝေါ။
(နမက္ကာရာ နုဘာဝေန၊
သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ။)